၇ ဇူလိုင် ၂၀၂၄ - ၂၀:၃၀
အဇါဒါရီ ဟိုစိုင်းန်နီ အလံ အား တာလီဘန် တပ်ဖွဲ့များက ဖြုတ်ချ /  အာဖဂန်  အနောက်ပိုင်း တွင်အဇါဒါရီ ပြုသူ နှစ်ဦး အဖမ်းခံရ

အာဖဂန်နစ္စတန် နိုင်ငံ ဟရာတ်ပြည်နယ် တွင် အဇါဒါရီ ဟိုစိုင်းန်နီ အလံ အား လွှင့်ထူခဲ့သည့် ဇါဒါရီ ပြုသူ နှစ်ဦး အား တာလီဘန် တပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အာဖဂန်နစ္စတန်အနောက်ပိုင်းဟရာတ် ပြည်နယ်တွင် တာလီဘန်တပ်ဖွဲ့ဝင်များသည် အာရှူရာ ဟိုစိုင်းန်နီ ၏ အလံကို ဖြုတ်ချခဲ့ပြီး ယင်းအလံကို လွှင့်ထူခဲ့သော အေမာမ် ဟိုစိုင်းန် (အ.စ) ၏ အဇါဒါရီ ပြုသူ နှစ်ဦးကို ဖမ်းဆီးခဲ့ ကြပါတယ်။

ဟရာတ် ပြည်နယ်မှ သတင်းရင်းမြစ်တစ်ခုက အဗ်နာ သတင်းဌာန ၏ သတင်းထောက်အား ပြောကြားရာတွင် တာလီဘန်တပ်ဖွဲ့များသည် ရှီအဟ်များ နေထိုင်သည့်  ဂျဗရာအီးလ် အမည် ရှိ မြို့သစ် တွင် မုဟော်ရမ် ပထမ ည တွင် အဇါဒါရီ ပြုသူများ လွှင့်ထူ ထားသည့် အဇါဒါရီ ဟိုစိုင်းန်နီ အလံ အား ဖြုတ်ချပြီး ဆုတ်ဖြဲခဲ့ကြကြောင်း ဖြစ်ပါတယ်။

ဒီသတင်းရင်းမြစ်ရဲ့ အဆိုအရ ဒီနယ်မြေလုံခြုံရေးအတွက် တာလီဘန်တပ်ဖွဲ့ဝင်တွေက ဒီလုပ်ရပ်ကို လုပ်ဆောင် ခဲ့ တာလို့ ဆိုပါတယ်။

သတင်းရင်းမြစ်များ၏ အဆိုအရ တာလီဘန်တပ်ဖွဲ့ဝင် နှစ်ဦးသည် “ဘဇားရာ ကြေး ” ဧရိယာ၏ ဟာဂျီ အဘာစ်  ရပ်ကွက်   ဂိတ်တံခါးထိပ်မှ ဝမ်းနည်းခြင်းအလံကို ညအချိန်အတွင်း ဖြုတ်ချပြီး ဆုတ်ဖြဲ သွားခဲ့ကြောင်း သိရပါ တယ်။

ဝမ်းနည်းခြင်းအလံကို ဆုတ်ဖြဲ ခဲ့သည် ကိစ္စ အား ဟရတ် ရှိ ရှီအဟ် အိုလမာ အဖွဲ့ ရုံ သို့ တိုင်ကြားရင်  သွားခဲ့ကြသည့် ဆိုင်ရှင် နှစ်ဦး ကို တာလီဘန်တပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း အဆိုပါ သတင်း ရင်းမြစ်က ဖော်ပြထားပါတယ်။

အဇါဒါရီ အေမာမ် ဟိုစိုင်းန် (အ.စ) ပြုသူ အဆိုပါ ဆိုင်ရှင်နှစ်ဦး သည် တာလီဘန် တပ်ဖွဲ့များက ဖမ်းဆီး စဉ်အတွင်း ပြင်းထန်စွာ ရိုက်နှက် စော်ကားခဲ့ကြောင်း သိရပါတယ်။

 

အဗ်နာ သတင်းဌာနမှ ရရှိသည့် သတင်းများအရ တာလီဘန်များ၏ အုပ်ချုပ်မှုအရာရှိများသည် ဟရာတ် ပြည်နယ်ရှိ  ရှီအဟ် များ  အတွက်  မုဟော်ရမ်  လအတွက် အလံများနှင့် အထူးအဝတ်အစားများ ရောင်းချခြင်း မပြုရန် စျေးရောင်းသူများကို တားမြစ်ထားပါတယ်။

 

ယမန်နှစ်ကလည်း မုဟော်ရမ် ကာလအတွင်း တာလီဘန်တပ်ဖွဲ့ဝင်များသည် အလားတူလုပ်ရပ်များကို အာဖဂန်နစ္စတန်ရှိ ကဘူးလ် နှင့် ဂါဇနီမြို့များတွင်လည်း ပြုလုပ်ခဲ့သည့် အတွက် အာဖဂန်နစ္စတန် ရှီအဟ်များ အကြား ဒေါသ ထွက်မှုများ ကို ဖြစ်စေခဲ့ပါတယ်။

 

မုဟော်ရမ်  နှင့် အာရှုရာ ကိစ္စများ နှင့် ပတ်သက် ပြီး တာလီဘန် တပ်ဖွဲ့ မှ ထိလွယ်ရှလွယ် အပြု အမူများ မပြုလုပ်ရန် တားဆီး ပေးရန် အာဖဂန်နစ္စတန်ရှရှီအဟ် အိုလမာ အဖွဲ့  မှ တာလီဘန် အဖွဲ့ အားတောင်းဆို ထားကြောင်း သိရှိရပါတယ်။

.....................................................

END / 251