၁၅ ဇူလိုင် ၂၀၂၄ - ၂၀:၁၀
ရှက်ဗ်ဘေ အာရှုရာ ၏ ကျင့်စဥ်များ

ရှက်ဗ်ဘေ အာရှုရာ (ညအားဖြင့် အာရှုရာ) ၏ ကျင့်စဥ်များ ကို အဲဟ်လေဘိုက် (သ) (အ.စ) ကို အချစ်ထားသူများ ၊နောက်လိုက်များ လိုက်နာ ကျင့်သုံး နိုင်ရန် တင်ပြ လိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

(၁) ဇေယာရသ် သေ အေမာမ် ဟိုစိုင်းန် (အ.စ)

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော် မူသည်။

« အကြင်မည်သူမဆို    ရှက်ဗ်ဘေ အာရှုရာ (ညအားဖြင့် အာရှုရာ)  နှင့် အာရှုရာ နေ့ တွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် ပြုမည် ဆိုလျင် တစ်နည်း အားဖြင့် ၎င်းသည် အေမာမ် (အ.စ) အတူ ရှဟီးဒ် ဖြစ်ခဲ့ ခြင်း ဖြစ်ပါသည်။ » ကြည့် - သဟ်ဖသိုလ်အဝါမ် ကျမ်း ၊ စာမျက်နှာ ၃၂၂

(၂) မိုးလင်းသည့် အထိ  မအိပ်ဘဲ နေခြင်း

တစ်ညလုံး  အလ္လာဟ် ၏ အေဗါဒသ် ပြုမည် ၊ အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် ရှဟီးဒ်တော် များ နှင့် အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ဆင်းရဲ ဒုက္ခ ခံခဲရ ရက်စက်ခံခဲ့ရသည့် အပေါ် ငိုကြွေး ပြီး နေမည် ဆိုလျင် တစ်နည်းအား ထိုသူသည် ရှိသမျှ ကောင်းကင်တမန် အားလုံး ၏ အေဗါဒသ် ပြုခြင်းပမာ  ဖြစ်မည်။ ထိုသူ အတွက် နှစ်ပေါင်း ၇၀ ကောင်းမှုကုသိုလ် ပြုသည့် ဆဝါးဗ် ကို ရေးမှတ် ခြင်း ရရှိပေမည်။

ဤညတွင် အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် ကိုယ်တော် ၏ သစ္စာ ရှင် သာဝကတော် များ သည် ရန်သူတွေ ဝိုင်းရံထားသည့် ကရ်ဗလာ ကွင်းပြင် တွင် မတ်တပ်ရပ်၍ ညလုံးပေါက် မနက်မိုးသောက် သည် အထိ အေဗါဒသ် ပြုခဲ့ကြပါတယ်။ မိမိတို့ ရှဟာဒသ် ဘွဲ့ ခံယူရန် ပြင်ဆင် ခံကြပါတယ်။ ကြည့် - သဟ်ဖသိုလ်အဝါမ် ကျမ်း ၊ စာမျက်နှာ ၃၂၂

(၃) လေးရကတ် နမာဇ် ဝတ်ပြုခြင်း

မစ်ဆ်ပါဟ်ဟိုလ်အာဗစ်ဒ်ဒီးန် ကျမ်းတွင် လာရှိပါတယ်။  «  အကြင်မည်သူမဆို  ရှက်ဗ်ဘေ အာရှုရာ (ညအားဖြင့် အာရှုရာ)  တွင် လေးရကတ် နမာဇ် ဝတ်ပြုမည် ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ် သည် ထိုသူ ၏ နှစ် ၅၀ အတိတ် က နှစ် ၅၀ အနာဂတ် ၏ ဂိုနာဟ် (အပြစ်) ကို ခွင့်လွတ် ပေးသနားတော် မူမည်။  နမာဇ် ဖတ်နည်းမှာ ၂ရကတ်စီ ခွဲ၍ ဝတ်ပြုရမည် ဖြစ်ပါတယ်။ ရကတ် တိုင်းတွင် စူရဟ် ဟမ်ဒ် ပြီးနောက် စူရဟ် သောင်ဟီးဒ် အကြိမ် ၅၀ ဖတ်ရွတ် ရမည် ဖြစ်ပါတယ်။ »   ကြည့် - သဟ်ဖသိုလ်အဝါမ် ကျမ်း ၊ စာမျက်နှာ ၃၂၂

(နီယသ် မှာ ရှက်ဗ်ဘေ အာရှုရာ ၏ လေးရကတ် နမာဇ် ဝတ်ပြုပါ၏ ။ ကိုရ်ဘသန်အေလ္လာဟ် )

အက်ပါလိုလ်အအ်မါလ် ကျမ်းတွင်လာ ရှိသည် မှာ မဟာတမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ထံ မှ ဆင့်ပြန် လာရှိသည်။ « လေးရကတ် ဖတ်ပြီးလို စလာမ် ဖတ်ပြီး လျင် များသထက်များများ အလ္လာဟ်၏ဇေက်ရ် ကို ပြုရမည် ၊ များသထက်များများ ဆလ်ဝသ် ဖတ်ရမည်။ များသထက်များများ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ရန်သူများ အပေါ်သို့  လအ်နသ် ပို့ ရမည် ။   »

 (၄) အေမာမ် ဟိုစိုင်းန် (အ.စ) ကဗရ် တော်အနားတွင် တစ်ညလုံးနေခြင်း

အကယ်၍ ကံကောင်း၍ ဤည ကို ကရ်ဗလာ တွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် ပြုခွင့် ရမည် ဆိုလျင် အေမာမ် ဟိုစိုင်းန် (အ.စ) ကဗရ် မိုဘာရတ်က် ၏ ဘေးတွင် ညလုံးပေါက် မနက်မိုးလင်းသည့် အချိန် အထိ နေရမည် ဖြစ်ပါတယ်။ ဤသို့ပြုခြင်း ဖြင့် အေမာမ် ဟိုစိုင်းန်(အ.စ) နှင့် အတူ ရှဟီးဒ် ဖြစ်သွားသူများ စာရင်း တွင် အမည် ထည့် သွင်းခြင်းခံရမည် ဖြစ်ပါတယ်။ ကြည့် - အက်ပါလိုလ်အအ်မါလ် ကျမ်း အခန်း (၁)  ၊ ဖဒ်ွလို မဘီးသ် အန်ဒဲလ် ဟိုစိုင်းန် (အ.စ)

ယာအလ္လာဟ် ... ကျနော်မျိုးတို့အား ဤ လောကတွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ်  နှင့်                          အာခေရသ် တွင်  အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရှဖာအသ် ပေးသနားတော်မူပါ ။

အေလာဟီ အာမီးန်

.......................................................

END / 251