အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၀ အောက်တိုဘာ ၂၀၂၄

၁၁:၄၀:၄၂
1493374

တီဟီရန်၊ မော်စကို နှင့် ဘေဂျင်း မဟာမိတ်များကြောင့် အမေရိကန်အစိုးရ အန္တရာယ် ကျရောက်နေ / အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရိုက်စ်က အီရန်၊ ရုရှားနှင့် တရုတ်တို့၏ မဟာမိတ်များသည် ကမ္ဘာပေါ်တွင် အမေရိကန်၏ အုပ်စိုးမှုကို အဆုံးသတ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ အစီရင်ခံစာအရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရိုက်သည် ကမ္ဘာပေါ်တွင် အမေရိကန်၏ အုပ်ချုပ်မှုကို ခြိမ်းခြောက်နေကြောင်း ပြသခဲ့ပါတယ်။

Fox News နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက ကမ္ဘာပေါ်တွင် အာဏာတစ်ခု၏ အုပ်ချုပ်မှုဝါဒသည် တဖြည်းဖြည်း ပျောက်ကွယ်သွားကြောင်း အီရန်၊ ရုရှားနှင့် တရုတ်တို့၏ မဟာမိတ်ဖွဲ့မှုသည် ကမ္ဘာပေါ်တွင် အမေရိကန် ၏ အုပ်ချုပ်မှုကို အဆုံးသတ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

တီဟီရန်၊ မော်စကိုနှင့် ပေကျင်းတို့သည် ကမ္ဘာပေါ်တွင် အမေရိကန်၏ အုပ်ချုပ်မှုကို အဆုံးသတ်ရန် မဟာမိတ်ဖွဲ့ထား ကြောင်း ဒီသုံးနိုင်ငံဟာ အမေရိကန်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကနေ ကင်းစင်တဲ့ ကမ္ဘာမှာ အင်အား ကြီးတဲ့ မဟာမိတ်အဖွဲ့တစ်ခုကို ဖန်တီးချင်ကြကြောင်း သူမ မှ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အစွန်းရောက် နယ်ချဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း က တရုတ်နိုင်ငံ ၏ ကြီးထွားလာသော စစ်အင်အား သည် အမေရိကန် အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်သည်ဟု လည်း ပြောကြား ခဲ့ပါတယ် ။

.......................................................

END / 251