အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမေရိကန် သည် အီရန်နှင့် ယီမင်တို့အပေါ် ပိတ်ဆို့ အရေးယူမှု အသစ်များ ချမှတ်ခဲ့ ကြောင်း အယ်လ်ဂျာဇီးရား သတင်းဌာနကို ကိုးကား၍ Maher သတင်းအေဂျင်စီက ပြောကြားခဲ့ပါတယ်။
အသေးစိတ်အချက်အလက်များအရ၊ အမေရိကန်သည် အီရန်၏ Quds Force နှင့် ယီမင် အဖွဲ့အစည်း အန်ဆွာရိုလ္လာဟ် တို့နှင့် ဆက်စပ်နေသည်ဟု စွပ်စွဲခံထားရသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၂၆ ခုကို ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထည့်သွင်းထားပါတယ်။
အမေရိကန် ဘဏ္ဍာရေးဌာန ၏ အဆိုအရ အဆိုပါ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် အီရန်မှ ရေနံများကို တရုတ် နှင့် ဆီးရီးယားသို့ ရောင်းချရန် ကြားဖြတ်ပေးသည့် Shami Al-Qatarji ကုမ္ပဏီနှင့် ချိတ်ဆက်ထားပြီး Quds Force နှင့် Ansarullah အတွက် ဝင်ငွေ ဒေါ်လာသန်းပေါင်းများစွာ ရရှိစေခဲ့သည် ဟု ဆိုပါတယ်။
ပိတ်ဆို့အရေးယူမှုအသစ်အရ လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းများအား ၎င်းတို့နှင့် ဆက်ဆံရေးရှိပါက ဆိုးရွားသောအကျိုးဆက်များရှိလာမည်ဖြစ်ကြောင်း အမေရိကန်က သတိပေးထားပါတယ်။
မှတ်သားစရာ အချက်မှာ အမေရိကန် ၏ အီရန် အပေါ် ပိတ်ဆို့အရေးယူမှုအသစ် သည် မဆန်းတော့ ချေ။ အကြောင်း မှာ နှစ်ပေါင်း ၄၀ ကျော် ပိတ်ဆို့အရေးယူမှု များ ပြုလုပ်ခဲ့ပေမဲ့ ယနေ့ အထိ အီရန် ၏ တိုးတက်မှုကို မတားဆီးနိုင်ခဲ့သလို အီရန် ကို မတိုက်ခိုက်နိုင်ခဲ့ချေ။ သစ္စဖောက် နှင့် အတွေးအခေါ် မရှိသူများကို သာ အသုံးချ ၍ အီရန် ငွေ ဖောင်းပွ အောင် ငွေ တန်ဖိုးကျအောင်သာ လုပ်နိုင်ပါတယ်။ ဒါလည်း အီရန် ပြည်သူ အများစု မှ သည်းခံ ခုခံလျက် ရှိပါတယ်။
.......................................................
END / 251