အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစာ ရှိုဗိုင်ရီ ဇန်ဂျာနီ မှ စဲ အေမာမ် ဟစန် (အ.စ) ၊ ဟဇရသ် အဘူလ်ဖဇ်လ်အဘာစ် (အ.စ) နှင့် အေမာမ်ဇမာန်း (အ.ဂျ) တို့ အတွက် ဒက်စ်သရ်ခွာန် ခင်းခြင်းဆိုင်ရာ ရှရီ၏ အမိန့် ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစာ ရှိုဗိုင်ရီ ဇန်ဂျာနီ ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း
အေမာမ် ဟစန် (အ.စ) ၊ ဟဇရသ် အဘူလ်ဖဇ်လ်အဘာစ် (အ.စ) နှင့် အေမာမ်ဇမာန်း (အ.ဂျ) တို့ အတွက် ဒက်စ်သရ်ခွာန် ခင်းခြင်းဟာယနေ့ ခေတ်ကာလ မှ ထုံးစံ တစ်ခု ဖြစ်နေပါတယ်။ ဤလုပ်ရပ်သည် မှန်ကန် ပါသလား? ပြုပိုင်ခွင့် ရှိပါသလား? ဆဝါးဗ် ရသည့်အလုပ်ဖြစ်ပါသလား?
အဖြေ
ဤအချိန်အခါ သမယများအတွက် သီးသန့် ရှရီအီ အမိန့် မလာရှိပါ။ သို့သော် အမှန်တကယ်မှာ အဲဟ်လေ့ ဘိုက်(သ) (အ.စ ) နှင့် သဝစိုလ် ပြုခြင်း နှင့် မိုအ်မင်များကို ထမင်းကျွေး ခြင်းသည် ရှရီအသ် တွင် လိုလားသည့် နှစ်ခြိုက်သည့် လုပ်ရပ် ဖြစ်ပါသည်။
အကြံပြုချက် - အာယာသွလ္လာဟ် ၏ အထက်ဖော်ပြ ပါ ဖြေကြားချက်ကို ကြည့် ၍ အမှန်တကယ်မှာ အဲဟ်လေ့ ဘိုက်(သ) (အ.စ ) နှင့် သဝစိုလ် ပြုခြင်း နှင့် မိုအ်မင်များကို ထမင်းကျွေး ခြင်း ဖြစ်၍ အေမာမ် ဟစန် (အ.စ) ၊ ဟဇရသ် အဘူလ် ဖဇ်လ်အဘာစ် (အ.စ) နှင့် အေမာမ်ဇမာန်း (အ.ဂျ) တို့ အတွက် ဒက်စ်သရ်ခွာန် ခင်းခြင်း သည် ပိုင်ပြီး ၊ဆဝါးဗ် ရသည့် အလုပ် ဖြစ်ပါတယ်။ သို့သော် ပြစားမှု မပါရန် နှင့် အပြိုင်လုပ်သည်မျိုး မဖြစ်အောင် သတိပြုရမည် ဖြစ်ပါတယ်။ ပြီးနောက် ကျွေးမည့် ပစ္စည်းများ သည် ဟလာလ် ဖြစ်ပြီး သုံးမည့် ငွေသည်လည်း ဟရာမ် ငွေ မဖြစ်ဖို့ သတိပြုရမည် ဖြစ်ပါတယ်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251