အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : အီးက္နာ
ကြာသပတေးနေ့

၂၄ မေ ၂၀၁၂

၁၉:၃၀:၀၀
317614

မစ်ဂျစ်ဒ်များ နှင့် အစ္စလာမ်မီ အဆောက်အဦး များ ကို ပြင်းထန်စွာ တိုက်ခိုက် ပြင်သစ်

လတ်တလေ ရက်အနည်းငယ် အလျှင် ၊ အစ္စလာမ် ဆန်ကျင့်ရေး သမားများသည် နမာဇ် ဖတ်သူများ၊ မွတ်စလင်ကဗရ်စတန် များကို တိုက်ခိုက်စော်ကားခဲ့ကြ ပါသည်။ မေလ ၁၇ ရက်နေ့ တွင်ပြင်သစ်နိုင်ငံ ရှိ ဒရ်အဂနီယန် မစ်ဂျစ်ဒ်အား တိုက်ခိုက်ခဲ့ကြ သည်။

  အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ မှ  အီးက်နာ သတင်းဌာနမှတဆင့်ကူးယူးတင်ပြသည်မှာ

စဖီးရ်နယူးစ် အင်တာနက်သတင်းဌာနမှတဆင့်အီးက်နာအပြည်ပြည်ဆိုင်ရာကျမ်းတော်မြတ် ကုရ်အာန်သတင်းဌာန အီရန် - မှ တင်ပြသည်မှာ -

 

ပြင်သစ်နိုင်ငံ ဒရ်အဂနီယန် မြို့ ရှိ နမာဇ်ဖတ်သူများအနေဖြင့် မနေ့ကနမာဇ်ဖဂျရ်ဝတ်ပြုချိန် တွင် တွေ့မြင်ခဲ့ရသည်မှာ -

 

မစ်ဂျစ်ဒ်တော်အားစော်ကားဖျက်စီးထားကြပြီး၊နံရံများတွင်အစ္စလာမ်ဆန်ကျင့်ရေးကြွေးကြော်သံများ ကို ရေးထား ပေသည်။

 

ထိုနည်းတူစွာ ၊ပြဲနေသည့် ခရစ်ယာန် လက်ဝါးကပ်တိုင်ဓာတ်ပုံများ၊အစ္စလာမ်ဆန်ကျင့်ရေး၊အစွန်း ရောက် အဖွဲ့ ၊နစီ တို့၏ အမှတ်အသား များကိုလည်း မစ်ဂျစ်ဒ် ကျောင်းတော် ၏ နံရံ များတွင် ရေးဆွဲထားပေသည်။

 

ပြင်သစ် မွတ်စလင်များ ကောင်စီ မှ ချက်ချင်း ဤလူမဆန်သည့် လုပ်ရပ်အတွက် ပြစ်တင် ရှုံ့ချကြောင်း ထုတ်ပြန်ကြေငြာပြီး၊အစော်ကားခံခဲ့ရသည်မြို့ရှိမွတ်စလင်များကိုအတူတူရှိကြောင်း၊ကိုယ်ချင်စာကြောင်း

ကြေငြာခဲ့လေသည်။

 

ပြင်သစ်မွတ်စလင်များ ကောင်စီ မှ ပြင်သစ်တနိုင်ငံလုံးရှိ မွတ်စလင်များ ကို ငြိမ်ငြိမ်သက်သက် နေပေးပြီး ၊သည်းခံပေးရန် မေတ္တာ ရက်ခံခဲ့ ပေသည်။

 

ထိုပြင်ဤ ပြင်သစ်မွတ်စလင်များကောင်စီသည်တစ်ခုတည်းတရားဝင်အဖွဲ့ဖြစ်ပြီး ပြင်သစ်အစိုးရ နှင့် ပြင် သစ်မွတ်စလင်များ အကြားဆက်သွယ် လှုပ်ရှားပေးသည့် အဖွဲ့လည်း ဖြစ်ပေသည်။

 

ဤအဖွဲ့မှနိုင်ငံတော်၏ သက်ဆိုင်ရာ ရုံးများထံ စော်ကားသူများ ကို ဖော်ထုတ်ပြီး ၊ ဖမ်းချုပ်ရန် ၊

တောင်းဆို ခဲ့ပေသည်။