အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mmsy
စနေနေ့

၇ ဇူလိုင် ၂၀၁၂

၁၉:၃၀:၀၀
327518

‘အစ္စလာမ် ရာပြည့်’ အခမ်းအနား

ဩစတြီးယားဟာ အနောက်ဥရောပမှာ အစ္စလာမ်သာသနာကို နိုင်ငံတော် ဘာသာတရား တစ်ခုအဖြစ် ၁၉၁၂-ခုနှစ်မှာ ပထမဦးဆုံး သတ်မှတ်ခဲ့တဲ့ နိုင်ငံဖြစ်ပြီး ၂၀၁၂-ခုနှစ် ဇွန်လကုန်-ဇူလိုင်လဆန်းမှာ ‘အစ္စလာမ် ရာပြည့်’ အခမ်းအနားကျင်းပခဲ့ရာ အစိုးရထိပ်တန်း အရာရှိများပါတက်ရောက်ချီးမြှင့်ခဲ့ကြ ပါတယ်။

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊အဗ်နာ ။ ။ အစိုးရကျောင်းများ၌ အစ္စလာမ်ဘာသာရေး ပညာသင်ကြားနိုင်ရန်၊ လွတ်လပ်စွာကိုးကွယ် ယုံကြည်ခွင့်များရရှိရန် The Law on Islam ဆိုပြီး ဥပဒေပြဌာန်း ထားပါတယ်။ Austria’s Islamic Community ခေါင်းဆောင်ဖြစ်သူ Fuat Sanac က ဥပဒေပြဌန်းထားခြင်း၊ ဩစတြီးယား ပြည်သူအများစုက  အစ္စလာမ်သာသနာကို အန္တရယ်(danger)လို့ မမြင်၊ (enrichment) လို့မြင်ခြင်းမှာ အခြား ဥရောပနိုင်ငံများအတွက် စံနမူနာ တစ်ခုပင်ဖြစ်ကြောင်း ဗီရင်နာ(Vienna) မြို့တော်ခန်းမ၌ ပြုလုပ်ကျင်းပသော အခမ်းအနားတွင် ထည့်သွင်း ပြောကြားသွားပါတယ်။  Telfs. မြို့မှ ဗလီဝတ်ကျောင်းတော် (Photo-wiki)  အခမ်းအနားသို့ ဩစတြီးယားသမ္မတ Heinz Fischer ကိုယ်တိုင်တက်ရောက်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနှင့် အပြန်အလှန် လေးစားမှုရှိရေးတို့ကို မိန့်ကြားပြီး မည်သည့် ဘာသာဝင်မဆို နိုင်ငံတော်ဥပဒေများကို လေးစား လိုက်နာရမည် ဖြစ်ကြောင်းကိုလည်း အလေးပေးပြောကြားခဲ့ပါတယ်။    မြို့တော်ဝန်တစ်ဦးဖြစ်သူ Omar Al-Rawi ကလည်း အစ္စလာမ်ဘာသာနဲ့ဆက်ဆံရေးမှာ ဩစတြီးယားဟာ ဥရောပရဲ့ စံနမူနာဖြစ်ပြီး ဩစတြီးယားမွတ်စလင်များကလည်း အခြားဥရောပမွတ်စလင်များအတွက် စံနမူနာတရပ်ဖြစ်ကြောင်း ထပ်လောင်းပြောကြားပါတယ်။  ဩစတြီးယားမွတ်စလင်များဟာ ဩစတြီးယားနိုင်ငံက သူတို့အား လေးစားဂုဏ်ပေးခြင်း၊ အသိအမှတ်ပြုခြင်းနှင့် အချို့ မွတ်စလင်နိုင်ငံများ၌တောင် မရရှိနိုင်တဲ့ အကျိုးကျေးဇူးများ ရရှိခံစားရတဲ့အတွက် ကမ္ဘာအနှံ့မှာ ‘ငါတို့ဟာ ဩစတြီးယားပြည်သူတွေ’ ‘ငါတို့ဟာ  ဩစတြီးယန်းတွေ’လို့ ဂုဏ်ယူ ဝင့်ကြွားနိုင်ကြပါတယ်လို့လည်း တင်ပြသွားပါတယ်။  ဩစတြီးယားဧကရာဇ် Habsburg Emperor Franz Joseph ဟာ ၁၉၁၂-ခုနှစ်မှာ ဘော့စနီးယား-ဟာဇီဂိုဗီးနား(Bosnia-Hercegovina)ကို သိမ်းပိုက်အောင်မြင်ပြီး မိမိတပ်မတော်ထဲ ဘော့စနီးယား မွတ်စလင်စစ်သားများ ရှိလာသောအခါ အစ္စလာမ်သာသနာကို နိုင်ငံတော်ဘာသာတရားတစ်ခုအဖြစ် The Law on Islam ဖြင့် အတည်ပြုပေးခဲ့ပါတယ်။        Law on Islam 1912      Article 1: The adherents of Islam shall be granted recognition as a religious community in the kingdoms and crown-lands represented in the Imperial Council in the meaning of the Constitutional Law of 21 December, 1867… The religious community of the adherents of Islam according to the Hanafite rite shall… enjoy the same legal protection as is granted to other legally recognised religious communities. The doctrines of Islam, its institutions and customs shall enjoy the same protection too, unless they are in contradiction to state law.  ပထမကမ္ဘာစစ်ပြီးနောက် အင်ပါယာ ပြိုကွဲသွားသောအခါ ဩစတြီးယား၌ မွတ်စလင်ရာပေါင်း အနည်းငယ်သာကျန်ရှိခဲ့ပြီး တဖန် ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၉၆၀- ကာလများအတွင်း တူရကီနှင့် ယူဂိုစလားဗီးယားမှ ပြောင်းရွှေ့ အလုပ်လုပ်ကိုင်သူများနှင့် ၁၉၉၀-ကာလများအတွင်း ဘော့စနီးယားမှ စစ်ပြေးခိုလှုံသူများ ရောက်ရှိလာခဲ့တာပါ။  ယခုအခါ ဩစတြီးယား၌ အစ္စလာမ်သာသနာဟာ ရိုမန်ကက်သလစ်ပြီးနောက် ဒုတိယအကြီးဆုံးဖြစ်ပြီး လူဦးရေ ၉-သန်းခန့်ရှိကာ အစ္စလာမ်ဘာသာဝင် ၆-ရာခိုင်နှုန်းရှိပါတယ်။ အစိုးရကျောင်းများ၌ အစ္စလာမ်ဘာသာရေး ပညာသင်ကြားနေသူ ကျောင်းသား ၆၀၀၀၀-ခန့်ရှိပြီး နိုင်ငံတော်ဘာသာစကား ‘ဂျာမန်’ (German)ဖြစ်ပါတယ်။ ********************************************************************