အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းအေဂျင်စီ ၏ သတင်းအရ အစ္စလာမ့်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ထောက်လှမ်းရေးဌာနက လူမှုကွန်ရက်များပေါ်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ အီရန် လက်နက်ကိုင်တပ်ဖွဲ့များ၏ လုပ်ဆောင်ချက်များသည် အမေရိကန်နှင့် ဆက်လက်ဖြစ်ပွားနေသော စစ်ပွဲအတွင်း စစ်မြေပြင်အခြေအနေနှင့် အင်အားချိန်ခွင်လျှာကို ပြောင်းလဲစေခဲ့ကြောင်း၊ အီရန်၏ ခုခံမှုကြောင့် အမေရိကန်တပ်ဖွဲ့များသည် အကန့်အသတ်ရှိသော အကျိုးအမြတ်များအတွက် ကြီးမားသော ကုန်ကျစရိတ်များကို ရင်ဆိုင်ရရန် ဖြစ်လာခဲ့ကြောင်း ပြောဆိုထားပါတယ်။
ကြေညာချက်အရ အီရန်၏ လုပ်ဆောင်ချက်များကြောင့် အမေရိကန်တပ်ဖွဲ့များသည် ဒေသတွင်းရှိ စင့်ခ်ကွမ် (CENTCOM) ၏ စစ်အခြေစိုက်စခန်းအချို့ကို စွန့်ခွာကာ အသုံးမပြုတော့ဘဲ ပိတ်ထားခဲ့ကြောင်း၊ လုံခြုံသောနေရာများ ရှာဖွေရန်အတွက် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ဂျော်ဒန် သို့ ရွှေ့ပြောင်းခဲ့ကြောင်းနှင့် ထောက်လှမ်းရေးနှင့် စစ်ရေးဆိုင်ရာ ပစ္စည်းများကို ပိုမိုဝေးကွာ၊ ဖုံးကွယ်ထားပြီး မြေအောက်နေရာများသို့ ရွှေ့ပြောင်းခဲ့ကြောင်း ဆိုထားပါတယ်။
အဆိုပါဌာနက အီရန်၏ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းနှင့် နှစ်ဆထိုးနှက်သည့် မဟာဗျူဟာကြောင့် ဝါရှင်တန် အတွက် အခြေအနေတစ်ရပ် ပေါ်ပေါက်လာခဲ့ပြီး၊ ဒေသတွင်း၌ ၎င်းတို့၏ စစ်ရေးတပ်ဖြန့်ထားမှုကို တိုးမြှင့်ခြင်းသည် ပိုမိုများပြားသော ပစ်မှတ်များနှင့် ပိုမိုများပြားသော လူသေဆုံးမှုများကို ရင်ဆိုင်ရမည်ဟု ဆိုပါတယ်။
ကြေညာချက်တွင် ထပ်မံ၍ အမေရိကန် ရေတပ်တပ်ဖွဲ့များအပေါ် တိုက်ခိုက်မှုများ၊ ဂျော်ဒန် ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများ၊ စစ်သင်္ဘောများ ပျက်စီးဆုံးရှုံးမှုများနှင့် ဒရုန်းများ ပစ်ချခံရခြင်း သို့မဟုတ် သိမ်းဆည်းခံရခြင်းတို့ကြောင့် ဒေသတွင်း၌ **ဝါရှင်တန်** ၏ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်နိုင်မှုကို ကန့်သတ်ထားနိုင်ခဲ့ကြောင်း ပြောကြားထားပါတယ်။
အစ္စလာမ့်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ အဆိုအရ စစ်ပွဲအတွင်း အင်အားချိန်ခွင်လျှာ ပြောင်းလဲမှုကို တိုင်းတာရာတွင် အမှန်တကယ် စံနှုန်းမှာ ပစ္စည်းပိုင်းဆိုင်ရာ ဆုံးရှုံးမှုတစ်ခုတည်း မဟုတ်ဘဲ ရန်သူ၏ စစ်ရေးလုပ်ဆောင်ချက်များနှင့် တပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းလှုပ်ရှားနိုင်သည့် အတိုင်းအတာကို မည်မျှအထိ ကန့်သတ်နိုင်ခဲ့သည်ဆိုသည့် အချက်ဖြစ်ကြောင်း ဆိုထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment