အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : MSM
ကြာသပတေးနေ့

၂ ဩဂုတ် ၂၀၁၂

၁၉:၃၀:၀၀
333972

ကိုယ်တော်အလီ(အ.စ)၏ မှတ်သားဖွယ်ရာ ဟဒီးစ်တော်များ (၁၄) ပါး အပိုင်း(၁)

(၁) အမျက်ဒေါသထွက်သည့်အချိန်၌ဆင်ခြင်တုံတရားကိုလက်ကိုင်ထားပါ။ကြည့် - အလ်ဟေ ကမ်း(မ)/ ၂၁၅၁(၂) ရက်ရောပေးကမ်းလှူဒါန်းခြင်းဖြင့်လူထု၏နှလုံးသား၌အချစ်မေတ္တာတရားကိုဖြစ် ထွန်းစေသည်။ကြည့် - သ(စ)နီး(ဖ)/ ၈၅၂၁(၃) မည်သူမဆိုဟက်အမှန်တရားနှင့်ရင်ဆိုင်ရလျှင်ထိုပုဂ္ဂိုလ်သည်အရှုံးနှင့်သာတွေ့ပေမည်။ကြည့် - ဂိုးရွလ်တွဲ ၅ /စ /၁၆၈ (၄)(၄)စစ်မှန်သည့်သောင်ဗာ(ဝန်ချတောင်းပန်မှု)သည်အကုသိုလ်အပြစ်များကိုအ မြစ်ဖြတ်စေ၏။ကြည့် - မီးဇန်း(န)၊၂၁၁၇(၅)တစ်ယောက်နှင့်တစ်ယောက်အချင်းချင်း၊ရန်ငြိုးမထားကြပါနှင့်။ကြည့် - အလ်ဟေကမ်း(မ)/ ၉၀ (၆)အသင်အားစစ်မှန်သော၊မှန်ကန်သော၊မေတ္တာ၊အချစ်ထားသူ၊မိတ်ဆွေသည်အသင့်ကိုအကုသိုလ်၊ငရဲများနှင့်ပက်သက်ပြီးတားမြစ်ပိတ်ပင်ပေလိမ့် မည်။ကြည့် - မီးဇန်း(န)/ ၃၀၈၁ (၇) ကောင်းမြတ်သည့်အကျင့်စာရိတ္တပိုင်ရှင်ဖြစ်ပါစေ။ကြည့် - သ(စ)နီး(ဖ)/ ၂၅၅ (၈)လောကီဘဝသည်၊လောကုတ္တရာဘဝအတွက်ဖြတ်ကျော်ရမည့်ခရီးစဉ်တစ်ခုဖြစ်ပေသည်။ကြည့် - သ(စ)နီး(ဖ)/ ၂၆၈၈(၉)ဒိုအာတောင်းဆုတော်ဖြင့်၊ကံဆိုး၊မိုးမှောင်ကျမှုများကိုဖယ်ရှားနိုင်ပေသည်။ကြည့် -  အိုယွန်း (န)/ ၃၈၄၃(၁၀)စိတ်သောကရောက်မှု၊အပူအပင်ဝမ်းနည်ပူဆွေးမှုကို၊ကုသဖို့ဆေးဝါးသည်ကားမိုမင်(န)သာသနာ့ညီနောင်များနှင့်တွေ့ဆုံခြင်း ဖြစ်ပေသည်။ကြည့် - နစရ် (ရ)စ/၆၆(၁၁)အကောင်းဆုံးသောရွေးချယ်မှုသည်ကား၊အကောင်းဆုံးသောသူများနှင့်မိတ်ဆွေဖွဲ့ ခြင်းဖြစ်ပေသည်။ကြည့် - သူစ်သီး/၆၃၈(၁၂) မိမိကိုယ်အထင်ကြီးခြင်းဟာပျက်စီးဆုံးရှုံးမှုကိုဖြစ်စေသည်။ကြည့် - သ(စ)နီး(ဖ)/ ၇၀၇၆(၁၃)အမြန်လိုလောကြီးခြင်းသည်၊အရှက်ကွဲမှုကိုဖြစ်စေသည်။ကြည့် - ဂိုးရွလ်တွဲ၁/၃၄(၁၄) အောင်မြင်သူဖြစ်လိုလျှင်အမှန်အတိုင်းပြောပါ။ကြည့် - ဂိုးရွလ်တွဲ၁၊စ၊၁၇၁ဂျမားလ်(ကွမ်း)