အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : IQNA
တနင်္ဂနွေနေ့

၁၂ ဩဂုတ် ၂၀၁၂

၁၉:၃၀:၀၀
336444

သာသာရ်ရေစ်စတန် နိုင်ငံမွတ်စလင် အမျိုးသမီးများအတွက် သီးသန့် ဝါဖြေ ပွဲကျင်းပမည်

သာသာရ်ရေစ်စတန်နိုင်ငံမွတ်စလင် အမျိုးသမီးများအတွက် သီးသန့် ဝါဖြေပွဲအားမြို့တော် ကာဇန် တွင် ၊သာသာရ်ရေစ်စတန် နိုင်ငံမွတ်စလင် အမျိုးသမီးများစည်း လုံးရေး အဖွဲ့ ၏ ဦးစီးမှု ဖြင့် သြဂုတ်လ ၁၄ ရက်နေ့ တွင် ကျင်းပမည် ဖြစ်ပါသည်။

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။

နာအေလေ ဇီဂါနရှီနာ ၊သာသာရ်ရေစ်စတန် နိုင်ငံမွတ်စလင် အမျိုးသမီးများစည်းလုံးရေး အဖွဲ့ဥက္ကဋ္ဌ အနေဖြင့် တမန်တော်မြတ်ကြီး (ဆွ) မိန့်တော်မူသည်မှာ -(( အကြင်မည်သူမဆို ရိုဇာထားသူ အား ကျွေးမွေးမည် ဆိုလျှင် အလ္လာဟ် ဟိုအရှင်မြတ် သည် ၎င်း အား ကြီးမားသည့် ဆုလာဒ် ချီးမြှင့်မည် ဖြစ်ပေသည် ))ဤဟဒီးစ်တော် အရ မွတ်စလင်များ အနေဖြင့် ကိုယ်တော်မြတ် ၏ ဟဒီးစ်တော် အပေါ် လက်တွေ့ အကောင်အထည် ဖော်နိုင်ရန် ကြိုးပမ်းရမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

သူမ အနေဖြင့် ဆက်လက်ပြီး မိမိအဖွဲ့အစည်း ၏ တာဝန်ခံများ၊အမှုဆောင်အဖွဲ့များ အနေဖြင့် လမြတ်ရမ်ဇန်၏ အချိန်အခါကောင်းကို အသုံးပြုပြီး ၊သာသာရ်ရေစ်စတန် နိုင်ငံမွတ်စလင် အမျိုးသမီး ရိုဇာရှင် အယောက် ၁၀၀ခန့် အတွက် ဝါဖြေပွဲကျင်းပမည် ဖြစ် ကြောင်း ပြောကြား ခဲ့ပါသည်။