အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm
သောကြာနေ့

၁၇ ဩဂုတ် ၂၀၁၂

၁၉:၃၀:၀၀
337641

ကိုယ်တော်အလီ(အ.စ)၏မှတ်သားဖွယ်ရာ ဟဒီးစ်တော်များ (၁၄) ပါး အပိုင်း(၂)

လောကုတ္တရာဘဝခရီးအတွက်၊ခရီးစရိတ်စုဆောင်းပါလေ။ကြည့် - အလ်ဟေကမ်း(မ)၁၉၆

(၂)စကားဆို လျှင် အမှန် သာ ဆို ပါ။ကြည့် - ဂိုးရွလ်တွဲ၃၊စ၊၁၁၄

(၃)စကား၊ရှည်ရှည်ပြောရာ၌အပြစ်အနာအဆာကိုဖြစ်စေသည်။ကြည့် - နရှ်(ရ)စ၊၈၆ (၄)အလ္လာဟ်ဟိုအရှင်မြတ်၏ ဗန်ဒ္ဒါများ အပေါ် နှိပ်စက်ညှဉ်းပန်းခြင်းသည်လောကုတ္တရာ အတွက် မကောင်းသော စုဆောင်းမှုဖြစ်ပေသည်။ကြည့် - သ(စ)နီး(ဖ)/ ၇၀၇၆

  (၅)တိုက်ပွဲ၊ရန်ပွဲ၊ပြဿနာရှာခြင်းမှရှောင်ကြဉ်ပါ။ကြည့် - အလ်ဟေကမ်း(မ်) ;၃၇၅၁  (၆)သီလ၊သမာဓိ၊ဟိရိဩတ္တပ္ပတရားသည်လူသားအားဂုဏ်သိက္ခာပိုင်ရှင်(အစစ်)ဖြစ်စေပါသည်။ကြည့် - သ(စ)နီး(ဖ);၆၀၀၄  (၇)ဂိုဏ်းအုပ်စုဖွဲ့မှု၊ပါတီဖွဲ့မှု၊မှရှောင်ရှားပါလေ။ကြည့် - သ(စ)နီး(ဖ);၁၀၇၁၆  (၈)ဧကန်မုချ မွတ်စလင်သည် အခြားမွတ်စလင် အတွက်ယောင်ရင်း ဖြစ်ပေသည်။ကြည့် - အလ်ဟေကမ်း(မ်) ;၂၁၇၃ (၉)ကုရ်ဘာနီ(စတေးမှု၊အသက်၊သွေး၊ချွေး)နှင့်ခွင့်လွတ်မှုပြုခြင်းဟာ၊ကောင်းမွန်၊ ကောင်းမြတ်သူများ၏အကျင့်ဖြစ်ပေသည်။ ကြည့် - သ(စ)နီး(ဖ);၉၁၅၅ (၁၀)ကျမ်းတော်မြတ်ကုရ်အာန်အားအသံနေ၊အသံထားကောင်းကောင်းဖြင့်ဖတ်ရွတ်သရဇ္ဇယ်ပါလေ။ကြည့် - သ(စ)နီး(ဖ) ;၁၉၉၀ 

(၁၁)ကေယာမတ်နေ့သည်ကမ္ဘာ့တရားစီရင်မည့်နေ့ဖြစ်ပေသည်။အဖြေပေးဖို့ရန်အဆင်သင့်ပြင်ထားပါလေ။ကြည့် - အလ်ဟေကမ်း(မ);၁၅၉၉  (၁၂)အသင်တို့ပျင်းရိ၊ပျင်းတွဲခြင်းမှရှောင်ကြဉ်ပါလေ။ကြည့် - သိုးအ်(ဖ);၁၁၀  (၁၃)ကျေးဇူးသိတတ်သူဖြစ်ပါစေ။ထိုမှသာလျင်နေအ်မသ်တော်များ၊အများအ ပြားဆွတ်ခူးရပေမည်။ကြည့် -  ဂိုးရွလ်တွဲ၂၊စ၊၁၇၄ (၁၄)မည်သည့်အလုပ်ကိုမဆို၊မပြုလုပ်မီအလျှင်စဉ်းစား၊ဆင်ခြင်ပါ။ကြည့် - မီးဇန်း(န);၃၇၀၂