အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mmsy မှကောက်နှုတ်
တနင်္ဂနွေနေ့

၁၉ ဩဂုတ် ၂၀၁၂

၁၉:၃၀:၀၀
338118

ဂျာမနီနိုင်ငံ၌ ဟမ်းဘာဂ့်မြို့ သည် အစ္စလာမ်ရုံးပိတ်ရက်များကို ပထမဆုံး အသိအမှတ်ပြု ကျင့်သုံးသော မြို့ဖြစ်လာ

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။

ဂျာမနီနိုင်ငံ၌ ဟမ်းဘာဂ့်မြို့ (Hamburg)ဟာ အစ္စလာမ်ရုံးပိတ်ရက်များကို ပထမဆုံး အသိအမှတ်ပြုကျင့်သုံးသော  မြို့ ဖြစ်လာပြီး မွတ်စလင် အလုပ်သမားများ၊ ကျောင်းသားများ ပွဲတော်ရက်များမှာ အနားယူခွင့် ရရှိမှာဖြစ်ကာ အစိုးရကျောင်းများတွင်လည်း အစ္စလာမ်သင်ခန်းစာများ ပို့ချမည် ဖြစ်ကြောင်းသိ ခဲ့ရပါသည်။

ဂျာမနီနိုင်ငံ လူဦးရေ ၈၂-သန်းအနက် ၄-သန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်၍ ထက်ဝက်ခန့်မှာ ဂျာမနီနိုင်ငံသား ခံယူရရှိထားသူများဖြစ်ပါတယ်။ မွတ်စလင်ဦးရေ တစ်သိန်းခွဲခန့်ရှိတဲ့ ဟမ်းဘာဂ့်မြို့ (Hamburg)အတွက် ဒီဆုံးဖြတ်ချက်ဟာ သမိုင်းဝင်ဖြစ်စဉ်တစ်ရပ် ဖြစ်ပါသသည်။

ဟမ်းဘာဂ့်မြို့ (Hamburg) အစ္စလာမ်လူမှုသိုင်းဝိုင်းကောင်စီမှ ဒေနီယလ် အဘဒင် (Daniel Abdin) က ဒီမြောက်ပိုင်းပြည်နယ်ရှိ  အစိုးရကျောင်းများတွင်လည်း အစ္စလာမ်သင်ခန်းစာများ ပို့ချခြင်းဟာ အခြားသော ပြည်နယ် ၁၅-ခု အတွက် အချက်ပေးစစ်ဂနယ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဟမ်းဘာဂ့်မြို့မှ Fazle Omar ဗလီဝတ်ကျောင်းတော်

၎င်းအနေဖြင့်  ဆက်လက်ပြီး ပြောကြားရာမှာ ဒီတိုးတက်မှုဟာ ဂျာမနီနိုင်ငံမှာ အစ္စလာမ်သာသနာကို အသိအမှတ်ပြု လက်ခံခြင်းရဲ့ အရေးကြီးသည့်  ခြေလှမ်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လာမည့် နှစ်မှာ စတင် ကျင့်သုံးမှာဖြစ်ပြီး ဒီလိုဖြစ်မြောက်ဖို့ ကြိုးပမ်းအားထုတ်နေတာ ၅-နှစ်ရှိပြီ ဖြစ်ကြောင်းလည်းသတင်းရရှိ ခဲ့ပါသည်။