အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mmsy
ကြာသပတေးနေ့

၂၃ ဩဂုတ် ၂၀၁၂

၁၉:၃၀:၀၀
339038

နိုင်ဂျီးရီးယားတွင် ရေဘေးဒုက္ခသည် ခရစ်ယာန်များကို မွတ်စလင်များ မှဦးဆောင်ပြီး ကူညီ

အဘူဂျာ။။နိုက်ဂျီးရီးယားနိုင်ငံအလယ်ပိုင်းJosမြို့တွင်ဆိုးရွားသော ရေလွှမ်းမှုကြောင့်လူပေါင်းများစွာ သေကြေပျက်စီးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသည်။ထိုဒေသရှိ ရေဘေးသင့်ခရစ်ယာန် ဒုက္ခသည်များအတွက်ကယ်ဆယ်ရေးလုပ်ငန်းများကို မွတ်စလင်ကျောင်းသားများကဦးစီးဆောင်ရွက်လျက်ရှိသည်။

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊အဗ်နာ ။ ။ “အသားအရောင်၊ အယူဝါဒမရွေး လူသားတိုင်းအပေါ်မှာကျေပွန်ရမယ့် ကျွန်တော်တို့ရဲ့တာဝန်တွေကို ဖြည့်ဆည်းခြင်း၊ ရမ်ဇာန်လမြတ်ရဲ့အနှစ်သာရနဲ့ သဘာဝဘေးအန္တရာယ်ခံစားနေရတဲ့ ဒုက္ခသည်တွေကို ကူညီရန် အစ္စလာမ်သာသနာရဲ့ဆော်အော်မှု စတာတွေကြောင့် Jos မြို့ရဲ့ ရေဘေးသင့်ဒုက္ခသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဆက်သွယ်ဆောင်ရွက်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။” ဟု နိုက်ဂျီးရီးယား မွတ်စလင်ကျောင်းသားများအသင်း (Muslim Students Society of Nigeria (MSSN)) ခေါင်းဆောင် Abdulhakeem Ogunmuyiwa က OnIslam.net သို့ ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့သည် ဒုက္ခသည်များအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် နိုင်ရာ (နိုက်ဂျီးရီးယားသုံးငွေ) ၁ သိန်း ငါးထောင်ကိုလည်း ပေးအပ်လှူဒါန်းခဲ့ပြီး ဆရာဝန်များအပါအ၀င် စေတနာ့ဝန်ထမ်းများကိုလည်း စေလွှတ်ခဲ့သည်။“ကျောင်းသားတွေဖြစ်တဲ့အတွက် ပိုက်ဆံအိတ်ကသေးပါတယ်။ (၀င်ငွေနည်းပါတယ်။) ဒါပေမယ့် ပိုက်ဆံ၊ ကယ်ဆယ်ရေးပစ္စည်းနဲ့ ကျွမ်းကျင်မှု စတဲ့ ကျွန်တော်တို့မှာ ရှိတဲ့အရာတွေကို ပေးသွားဖို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော်တို့ထဲက တချို့ဆိုရင် သူတို့ရဲ့ ကျွမ်းကျင်မှုတွေနဲ့ စေတနာ့ဝန်ထမ်း လုပ်ပေးကြပါတယ်။ ဒုက္ခရောက်နေတဲ့သူတွေအတွက် ဒီလို ကူညီဆောင်ရွက်ပေးနိုင်တာကိုပဲ ကျွန်တော်တို့ အရမ်းကြည်နှုးမိပါတယ်။ ” ဟု Ogunmuyiwa က ဆိုသည်။ Plateau ပြည်နယ် Jos မြို့တွင် ယခုသီတင်းပတ်အစောပိုင်းက ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီး ၃၃ ဦး သေဆုံးခဲ့သည်။ နိုက်ဂျီးရီးယား ကြက်ခြေနီအသင်း၏ အဆိုအရ လူပေါင်း ၁ သောင်းကျော် ရွှေ့ပြောင်းခဲ့ရသည်။နိုက်ဂျီးရီးယားနိုင်ငံသည် နှစ်စဉ် မိုးရာသီကို ကြုံတွေ့ရပြီး လွန်ခဲ့သော သုံးပါတ်ခန့်က အဆိုပါပြည်နယ်တွင်ပင် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ကာ အနည်းဆုံး ၃၅ ဦး သေဆုံးခဲ့သည်။နိုက်ဂျီးရီးယား မွတ်စလင်ကျောင်းသားများအသင်း(MSSN) ကို Lagos မြို့တွင် ၁၉၅၄ ခုနှစ်က စတင်ဖွဲစည်းခဲ့သည်။ နိုင်ငံအတွင်း အကြီးဆုံး မွတ်စလင် အသင်းအဖွဲ့တစ်ခုဖြစ်ပြီး အနောက်အာဖရိကနိုင်ငံများရှိ ကျောင်းများတွင်လည်း အဖွဲ့ခွဲများရှိသည်။ ၁၉၇၀ ပြည့်လွန်နှစ်များတွင် ကမ္ဘာ့မွတ်စလင်လူငယ်များအဖွဲ့ကြီး (World Assembly of Muslim Youths) သို့ ၀င်ရောက်ခဲ့သည်။