အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Astan Quds Razavi
တနင်္ဂနွေနေ့

၂၆ ဩဂုတ် ၂၀၁၂

၁၉:၃၀:၀၀
340320

အဟ်လေ့ဘိုက်(အ.စ) ၊ သတင်းဌာန ၊အဗ်နာ ။ ။ မှောင်မိုက်မှု နှင့် လမ်းလွဲလမ်းမှားမှု  သည် နေရာ တိုင်းကို ချူပ်ကိုင်ထားပေသည် ။ အမှောင် အမိုက်သာလျှင်အမှောင်အမိုက်တည်း။ဝမ်းနည်းလေစွကျွန်တော်နှလုံးသား မည်မျှ ဝမ်းနည်းကြေကွဲနေလေစွ ။ ကျွန်တော်ဘဝအတွက် မည်မျှပင် အခက်အခဲ နှင့် ပင်ပန်းမှု ကို ရင်ဆိုင်နေရလေစွ ။ အခု ကျွန်တော်ရှေ့ဆက်လှမ်းဖို့ အင်အားမရှိတော့ ချေ။ ကျွန်တော် ခန္ဓာကိုယ်၏ နက်ရှိုင်းသည့် နေရာ များမှ ကျွန်တော် အတွက် အကူအညီ အဖေးအမ လိုအပ် နေ သည်ဟု အသံများ ထွက်နေပေသည်။ အဝေးမှ  နူးရ်၏ လင်းလက်မှုများကို တွေ့နေရပါသည်။ ကျွန်တော်ဖြည်းဖြည်းခြင်း ခြေလှမ်းနေပါသည် ။ ကျွန်တော် ခြေလှမ်းတိုင်း နှင့်အညီ ကျွန်တော် ကိုယ်အတွင်း ခွန်အား တိုးနေပါ သည်။ ကျွန်တော် ရင်ဝယ် ခံစားနေရပါသည်။ ရုတ်တရက် … ကျွန်တော်ဘာမှ မမြင်ရတော့ပါ ။  နူးရ်ကိုသာ … နူးရ်ကိုသာ … မြင်နေရပါသည်။ ကျွန်တော်ဟာ အကောင်းတကာ အကောင်ဆုံး ၊ အဖြူစင်တကာ အဖြူစင်ဆုံး ၊ အပြည့်ဝ တကာအပြည့်ဝဆုံးအလ္လာဟ်အရှင်မြတ်သခင်၏ဥပဒေကိုလက်ခံလိုက် ပါပြီ။၎င်း၏ အပြည့်ဝ တကာအပြည့်ဝဆုံးကျမ်းဂန်၏အရိပ်ဝယ်အေးငြိမ်း၊ငြိမ်သက်မှု ကိုရရှိ ထားပါပြီ။