အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm
သောကြာနေ့

၃၁ ဩဂုတ် ၂၀၁၂

၁၉:၃၀:၀၀
343167

အဟ်လေ့ဘိုက်(အ.စ) ၏ သာဝကတော်များ

နာဖေအ့် ဘင်န်ဟီလာလ်

နာဖေ့အ်ဘင်န်ဟီလာလ်သည် အေမာမ်ဟိုစိန်(အ.စ)၏ လရှ်ကရ်မှ အရဲရင့်ဆုံး တပ်သားဖြစ်သည်။ နာဖေ့အ် သည် မိမိသွားရာတွင် ယူဆောင်သွားသော မြှားတိုင်း၏ ထိပ်ဖျားတွင် မိမိ၏ အမည်ကို ရေးထွင်းထားသည်။အာရှူရာနေ့၏ အချိန်တစ်ခုသို့ ရောက်သောအခါ နာဖေ့အ်ထံတွင် မြှားတစ်စင်းသာ ကျန်တော့သည်။ ထိုမြှား တစ်စင်းကို ချိန်၍ နာဖေ့အ်ရွတ်ဆိုသည်မှာ “ကျွန်ုပ်အမည်ရေးထွင်းထားသော နောက်ဆုံးမျှားကို ပစ်လွှတ် လေပြီ”ဟူ၍ ဖြစ်သည်။မြှားအားလုံး ကုန်ဆုံးသွားပြီးနောက်တွင် နာဖေ့အ်သည် ဓားကို ဆွဲကိုင်၍ ရန်သူ(၁၂)ဦးကို သုတ်သင်ခဲ့သည်။နောက်ဆုံးတွင် ရန်သူများ ၀ိုင်းရံတိုက်ခိုက်ခြင်းဖြင့် လက်များ ဆုံးရှုံးခဲ့သည်။ ရှင်မ်ရ် သည် နာဖေ့အ်အား အွမ္မရ် ဘင်န် ဆအဒ်ထံ ခေါ်ဆောင်၍ “အို နာဖေ့အ်၊ ထိုအခြေအနေသို့ ရောက်ချိန်တိုင် အသင့်ကိုယ်ကို အဘယ် ကြောင့် မသနားရပါသနည်း?” ဟုပြောကြားခဲ့သည်။နာဖေ့အ်မှ “အသင်တို့ကို ဆန့်ကျင်တိုက်ခိုက်သဖြင့် ကျွန်ုပ်တို့ နောင်တရခြင်း လုံးဝမရှိသည်ကို အလ္လာဟ်အရှင် မြတ်အသိဆုံးပင် ဖြစ်သည်။ အကယ်၍သာ ကျွန်ုပ်တွင် လက်နှစ်ဖက် ရှိနေဦးမည်ဆိုလျှင် အသင်တို့ ဖမ်းဆီး ချုပ်နှောင်ဖို့ရန် တတ်နိုင်မည်မဟုတ်” ပြောကြားခဲ့သည်။ရှင်မ်ရ်မှ အိဘ်နေဆအဒ်အား “ထိုသူအား သတ်လိုက်ပါ” ဟု ပြောကြားလေသည်။အွမ္မရ်ဆအဒ်မှ “အသင်ခေါ်ဆောင်လာသူကို အသင်သာ အဆုံးသတ်ပါ။” ဟု ပြန်လည်ပြောကြားခဲ့သည်။ရှင်မ်ရ်သည် နာဖေ့အ်၏ ဦးခေါင်းကို ဖြတ်ရန် ဓားကို မြှောက်လိုက်သည်။ နာဖေ့အ်မှ“အလ္လာဟ်အရှင်မြတ်အား အမှူးထား၍ အကယ်၍ အသင်သည် မွစ်လင်မ်တစ်ဦးဖြစ်လျှင် တရားစီရင်မည့် နေ့တွင် ကျွန်ုပ်တို့သွေးများ၏ အမှန်တရားအတွက် ရေရွတ်သံများမှ အသင့်အား ခက်ခဲမှုကို တွေ့ကြုံစေမည်။ သို့သော် ချီးမွမ်းထောပနာနှင့် ပြည့်စုံသောအရှင်မြတ်! ကျွန်ုပ်တို့၏ သေဆုံးခြင်းသည် အရှင်မြတ်၏ ဖန်ဆင်းခံ များမှ ဆိုးရွားသူများကြောင့် ဖြစ်ရသော အကြောင်းရင်း ဖြစ်ခဲ့သည်။” ဟု ပြောကြားခဲ့သည်။ရှင်မ်ရ်သည် နာဖေ့အ်အား အဆုံးစီရင်လိုက်သည်။ နာဖေ့အ်သည် စစ်မြေပြင်သို့ မထွက်ခွာမီ မိမိ၏ အေမာမ် အား အဓိပါယ်နှင့် ပြည့်ဝသော စာကြောင်းတစ်ခုကို ပြောကြားခဲ့ခြင်းကြောင့် ကျော်ကြားခဲ့သည်။“ ကျွန်ုပ်တို့၏ ခိုင်မာသော ဆုံးဖြတ်ချက်၊ ပြည့်ဝသော အသိပညာနှင့် ထိုးထွင်းနိုင်သောဥာဏ်ကို အခြေခံ၍ အသင့်အား ချစ်မြတ်နိုးသူကို ကျွန်ုပ်တို့ ချစ်မြတ်နိုး၍ အသင့်အား အမုန်းထားသူကို ကျွန်ုပ်တို့လည်း အမုန်းထား ပါသည်။”