အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
သောကြာနေ့

၇ စက်တင်ဘာ ၂၀၁၂

၁၉:၃၀:၀၀
345725

တမန်တော်မြတ်ကြီး(ဆွ)နှင့် အဟ်လေ့ဘိုက်(အ.စ)ကဏ္ဍ

အေမာမ်အလီ(အ.စ)၏ ဘဝသမိုင်းအကျဉ်းချုပ်။ အပိုင်း(၉)

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ မိုဘာဟေလ(ဟ်) ကွင်းပြင်တွင် ရှိနေခဲ့သော အေမာ(မ်)အလီ(အ-စ)။ခရစ်ယာန်ဖုန်းတော် ကြီးများသည် အစ္စလာမ် သာသနာနှင့် ပါတ်သက်၍ ဆွေးနွေး မှုများ အ ပြီးတွင် အစ္စလာမ် သာသနာအား လက်မခံလို ကြသဖြင့် နှစ်ဘက်စလုံးမှ ဆွေမျိုးသားချင်း များ အား ခေါ်ဆောင် လာ ကြပြီး လိမ်ညာသူ မှားယွင်းသူများအပေါ် အလ္လာဟ် အသျှင်မြတ်ထံမှ အပြစ် ဒဏ်ကျရောက်စေ ရန်အတွက် တစ်ဘက်နှင့် တစ်ဘက် ကျိန်ဆို ကြရန် သဘောတူ ကမ်းလှမ်းခဲ့ ကြသည်။တမန်တော်မြတ်(ဆွ)သည် မိမိ၏ ဆွေမျိုးများအ ကြားမှ လေးဦးကိုသာ ဖိတ်ခေါ်၍ မိမိ နှင့် အတူတ ကွ ခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့မှာ အေမာမ်အလီ(အ-စ)၊၎င်း၏ ဇနီးသည်နှင့် သားနှစ်ဦး [အေမာမ် အလီ(အ-စ) ဟဇရက်(သ်) ဖွါသွေမ(ဟ်)(အ-စ) အေမာမ်ဟစန်(အ-စ)နှင့် အေမာမ်ဟိုစိုင်း(န်)(အ-စ) ]တို့ဖြစ် ကြသည်။ သူတို့သည် တမန်တော်မြတ်(ဆွ)၏ နှလုံးသား၌ ချစ်ခင် အနှစ်သက်ရဆုံးသော သူများ ဖြစ် ကြသည်။ ထို့အပြင် တမန်တော်မြတ်(ဆွ)၏ ထံပါး၌ ၎င်းတို့ထက် ပို၍ ချစ်ခင်နှစ်သက်ရသူပို၍သန့်ရှင်းမွန်မြတ်သူဟူ၍ မွစ္စလင်(မ်)များအကြားတွင် ရှာဖွတွေ့နိုင်မည် မဟုတ်။တမန်တော်မြတ်(ဆွ)သည် အေမာမ်အလီ(အ-စ)၏ သား များ မှ တစ်ဦးအား လက်တစ်ဖက်ဖြင့် ပွေ့ချီထားပြီး နောက်တစ်ဦးအားကျန်လက်တဖက်တွင်ဆွဲခေါ်၍ မိုဘာဟေလ(ဟ်) ပြုလုပ်မည့် ကွင်းပြင်သို့ သွားရောက်ခဲ့သည်။ဟဇရသ် ဖွါသွေမ(ဟ်(အ-စ)သည်မိမိဖခင်၏ နောက်တွင်ရှိနေခဲ့ပြီးအေမာမ်အလီ(အ-စ)သည်လည်း မိမိဇနီးသည်၏ နံဘေးတွင် နီးကပ်စွာ လိုက်ပါလာခဲ့သည်။တမန်တော်မြတ်(ဆွ)မိန်တော် မူသည်မှာ။ ။ကျွန်ူပ် ဒိုအာပြုသည့်အခါတိုင်း အသင်တို့လည်း အာ မီး(န်)  ပြော ကြား ကြလော့။အဖွဲ့နှစ်ဖွဲ့ မျက်နှာချင်း ဆိုင်မိ ကြချိန်တွင် ခရစ်ယာန် ဂိုဏ်းချုပ်သည်မိမိ ၏ နောက် လိုက်များအား ပြော ကြားသည်မှာ ။  ။အကယ်၍သူတို့ဟာတောင်တစ်လုံး အား နေရာမှရွေ့လျားသွားစေရန်  အလ္လာဟ်အသျှင်မြတ်ထံမှ ဒိုအာပြု တောင်းခံ ကြမည်ဆိုလျှင်အလ္လာဟ်အ သျှင်မြတ်ဟာထိုတောင်းခံမှုအတိုင်းပြုလုပ်မှာ ဧကန်အမှန်ပင် ဖြစ်တယ်။ ထို့ေ ကြာင့် အသင် တို့ ထိုသူ တို့နှင့် မိုဘာဟေလ(ဟ်)မပြုရန် တိုက်တွန်းမှု ပြုပါတယ်။ အဘယ်ေ ကြာင့်ဆိုသော် အသင်တို့အားလုံး နှင့် နတ်(ဆွ်)ရာနီ တစ်ဦးမကျန် အသေဆိုးနှင့် သေဆုံး ကြရမည် ဖြစ်ပြီး အလ္လာဟ်အသျှင်မြတ်ထံမှ ကျရောက် လာမည့် ပြင်းထန်သည့် အန္တရာယ် အပြစ်ဒါဏ်မှ မည်သူမျှ လွတ်မြောက်မှု ရရှိနိုင်မည် မဟုတ် သည့်အတွက်ကြောင့် ဖြစ်တယ်။ထို့နောက် နတ်(ဆွ်)ရာနီများသည် အလွန်ကြောက်လန့် တုန်လှုပ်စွာဖြင့် မိမိတို့၏မိုဘာဟေလ(ဟ်)ပြုရန် ကမ်း လှမ်းချက်အား ပြန်လည် ရုပ်သိမ်းကြောင်း ပြောကြားခဲ့ ကြပြီး တ မန်တော်မြတ်(ဆွ)ထံမှ ၎င်းတို့ အား မိမိတို့၏ သာသနာတွင်သာ ကျန်ရှိနေခွင့် ပေးရန် တောင်းခံခဲ့ ကြသည်။တမန်တော်မြတ်(ဆွ)သည်မိမိ၏ အနှစ်သက်ရဆုံးသောသူများအားပြော ကြားသည်မှာ။ ။(ကျွန်ုပ်၏အသက်ကိုပိုင်ဆိုင်သောအလ္လာဟ်အသျှင်မြတ်အားကျိန်ဆို၍ ပြောရလျှင် အသျှင် မြတ်ထံမှ ထိုနတ်(ဆွ်) ရာနီ များအပေါ် အပြစ်ဒါဏ်( မီးမိုး )ကျရောက်ပြီးလောင်ကျွမ်းဖို့နည်းနည်းဘဲလိုတော့တယ်။ )ဟူ၍ ဖြစ်သည်။ကျမ်းတော်မြတ် ကု(ရ်)အာ(န်)ရှိ မိုဘာဟေလ(ဟ်)အမည်ရှိအာယသ်[ ဆူရ(ဟ်) အာလေ အင်(မ်)ရား(န်) - အာယသ် (၆၁)]သည် ထိုအပြစ်ကင်းစင်သူငါးဦး ပါဝင်ခဲ့သည့် အထက် တွင် ဖေါ်ပြ ခဲ့ပြီးသောအဖြစ်အပျက်နှင့်ပတ်သက်၍ကျရောက်လာခြင်း ဖြစ် သည်။တမန်တော်မြတ်(ဆွ)၏ပညာမြို့တော်သို့ ရောက်ရှိရန် ဖြတ်ကျော်ရမည့် ဝင်ပေါက် တံခါးဝ။“ အလီ(အ-စ)သည် ကျွန်ုပ်၏ ပညာအား ရရှိရန်အတွက် လမ်းစဖြစ်ပြီး ကျွန်ုပ်နောက်တွင်ကျွန်ုပ်၏ အွမ္မတ်(သ်)သူ အွမ္မတ်(သ်)သားများအတွက် ကျွန်ုပ်ဆောင်ရွက်ခဲ့သည့်အတိုင်းဆောင် ရွက်သွား မည့် သူ ဖြစ်သည်။ ”“ ကျွန်ုပ်သည် ပညာ၏ မြို့တာ် ဖြစ်ပြီး အလီ(အ-စ)သည် ထို မြို့တော်၏ တံခါး ဖြစ်သည်။ ထို့ေ ကြာင့် မည်သူမဆို ထို မြို့အတွင်းသို့ ဝင်ရောက်လိုလျှင် မလွဲဧကန် တံခါး မှ  ဖြတ် ကျော်လာ ရ မည် ဖြစ်သည်။ ” အထက်ပါ အချက်များသည် အလ္လာဟ်အသျှင်မြတ် ထံမှပို့ချပေးသည့် ဝဟီဗျာဒိတ်တော် အတိုင်းသာ စကားပြောကြားသော အလ္လာဟ် အသျှင်မြတ်၏ နောက်ဆုံး တမန် တော် ဟဇရသ်မုဟမ္မက်(ဒ်)မု(ဆွ်)သွဖွါ(ဆွ) မိန့်ဆိုခဲ့သော စကားများပင် ဖြစ်သည်။ ထို့အ ပြင် အလ္လာဟ်အသျှင်မြတ်သည်မိမိ၏အပြည့်စုံဆုံးနှင့် နောက်ဆုံးသာသနာအားလည်းကောင်းကောင်းကင်နှင့်မြေကြီးရှိပညာများလောကီလောကုတ္တရာပညာများကိုလည်းကောင်းထိုတမန်တော်မြတ်(ဆွ) အတွက်ပို့ချ ပေးသနားခဲ့ခြင်းဖြစ် သည်။အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်းအိမ်တစ်အိမ်သို့မဟုတ်မြို့တစ် မြို့သို့ ဝင်ရောက် နိုင်ရန် အတွက် ကျွန်ုပ်တို့ တံခါးဝမှ ဖြတ်ကျော်ရမည် ဖြစ်သည်။သို့သော်ထိုကဲ့သို့အလ္လာဟ်အသျှင်မြတ်သတ်မှတ်ပေးသနားထားသည့် တမန်တော်မြတ်(ဆွ)၏ အေးချမ်းသာယာမှု ပေးသနားသော အသိပညာ၊ အ တတ်ပညာများအား ရောက်ရှိ(သိရှိ နားလည်) နိုင်ရန် ကြိုးပမ်းရာတွင်လမ်းစမပျောက်စေရန်မူကျွန်ုပ်တို့သတိပြုရ