အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ASTAN QUDS RAZAVI (I.R.O.A.P.A)
တနင်္ဂနွေနေ့

၁၆ စက်တင်ဘာ ၂၀၁၂

၁၉:၃၀:၀၀
348666

ကိုယ်တော် အေမာမ်ရေဇာ (အ.စ) ၏ ရက်ရောပေးကမ်း လှူဒါန်းမှု

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ကိုယ်တော်သည် ရက်ရော ပေးကမ်း လှူဒါန်း၊စွန့်ကြဲမှုနှင့်စပ်လျဉ်းပြီး မိမိခေတ်ကာလ၌ ပြိုင်ဘက် မရှိခဲ့ချေ။အာရ်ဖါနေ့များ၌ မိမိ၏ ဥစ္စာ၊ပစ္စည်းများ အားလုံးကို စွန့်ကြဲပေးကမ်း ခဲ့လေသည်။ဖွစ်လ်ဗင်စဟ်လ်အနေဖြင့် ပြောကြားသည်မှာ-"ဤ(ရက်ရော၊လှူဒါန်းမှု၊ စွန့်ကြဲမှု သည်)ဆုံးရှုံးမှု မဖြစ်ပါသနည်း? အေမာမ်(အလိုင်ဟစ်စလာမ်)မိန့်ကြားတော်မူသည်မှာ-မည်သည့်အရာကို မဆိုအလ္လာဟ်အရှင်မြတ်၏ လမ်း၌ လှူဒါန်း ပေးကမ်းခဲ့မည်၊ချီးမြှင့်ခဲ့မည် ဆိုလျှင် ၎င်းအရာကို ဆုံးရှုံးမှု၊နစ်နာမှု စာရင်း၌ မထည့်ရပေ။"တစ်နေ့၌ ပုဂ္ဂိုလ်တစ်ယောက် သည် အေမာမ်(အလိုင်ဟစ်စလာမ်)အား ပြောကြားသည်မှာ-"မိမိ၏ ပျော့ပြောင်းသည့် နှလုံးသားနှင့် အညီ ကျွန်တော်အား ပေးကမ်း စွန့် ကြဲပါလေ။" အေမာမ်(အလိုင်ဟစ်စလာမ်)အနေဖြင့် အဖြေပြန်ပေးသည်မှာ"မဖြစ်နိုင်ချေ။"ထပ်ပြီးပြန်လျှောက်သည်မှာ"ကျွန်တော်၏ ပျော့ပြောင်းသည့် နှလုံးသားနှင့်အညီ ကျွန်တော်အား ပေးကမ်းစွန့်ကြဲပါဟု ဆိုရာ။"အေမာမ်(အလိုင်ဟစ်စလာမ်)အနေဖြင့် "ဒီနာရ်နှစ်ရာ ပေးရန်"အမိန့်ပေးတော်မူလေ၏။အစ္စလာမ် သာသနာတော်၌ အထူးတိုက်တွန်း နိုးဆော်ထားသည့် ကိစ္စတစ်ရပ်မှာ မရှိဆင်းရဲ၊နွမ်းပါး၊လိုအပ်နေသူများ၏ ဆန္ဒများကို ဂရုပြု၊ဖြည့်စွက် ကူညီပေးဖို့ ဖြစ်ပေသည်။မရှိဆင်းရဲ နွမ်းပါး၊လိုအပ်နေသူများ၏ ဆန္ဒကို ဖြည့်စွက်ပေးမှုကြောင့် ရရှိမည့် အကျိုးဆုလာဒ်များနှင့် ပတ်သက်ပြီး ကျမ်းတော်မြတ်ကုရ် အာန်၏ အာယတ်တော်များ၊မအ်စူးမ်မီး(န်)(အလိုင်ဟေမွစ်စလာမ်)၏ အမိန့်သြဝါဒတော်များ၌ အထူးလာရှိပေသည်။လူသားအနေဖြင့် အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)၏ဘဝသမိုင်းကိုအနည်းငယ် လေ့လာကြည့်ရှု့မည်ဆိုလျှင်အေမာမ်(အလိုင်ဟစ်စလာမ်)သခင်ကြီး သည် မရှိဆင်းရဲ နွမ်းပါး၊လိုအပ်နေသူများ၏ ဆန္ဒများကို အထူးတလည်မည်ကဲ့သို့ အကျိုးပြု ကူညီခဲ့သည်ဆိုသည့် ဖြစ်ရပ်မှန်၊အမှန် တရားကို ထင်ထင်၊ရှားရှားသိနိုင်ပေသည်။မိုအ်မရ်ဗင်ခလာဒ် အနေဖြင့် တင်ပြသည်မှာ- "အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)သည် ထမင်းစားသုံးနေလေသည်။အကောင်းတ ကာ့၊အကောင်းဆုံးဖြစ်သည့် အစားအစာထည့်ထားသည့် ခွက်တစ်ခုအား စားပွဲခင်းမှ ဆွဲထုတ်ပြီး၊မရှိဆင်းရဲသားများကို ပေးကမ်းရန်မိန့် လေ သည်။"