အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm
ကြာသပတေးနေ့

၂၇ စက်တင်ဘာ ၂၀၁၂

၂၀:၃၀:၀၀
351917

အဟ်လေ့ဘိုက် (အ.စ) အပေါ် ဇေယာရသ်လုပ်ခြင်းနှင့် ပတ်သက်၍ ရရှိလာမည့် အကျိုးအမြတ်များ

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ ဟဇရသ် အမီးရဲလ် မို့(အ်)မေနီး(န်) အလီ(အ.စ) မိန့်တော်မူ ထားသည်မှာ  တစ်နေ့ ကျွန်ုပ် တို့အိမ်သို့ တမန် တော်မြတ်(ဆွ) ရောက်ရှိလာချိန်တွင် ကျွန်ုပ်တို့ အစားအသောက် ယူဆောင်လာပါ သည်၊ အွမ်မေအိုင်(ယ်)မားန်သည်လည်း ကျွန်ုပ်တို့အတွက်စွန် ပလွန်သီးများ၊ နို့များ၊ ထောပတ်များကို လက်ဆောင်အဖြစ်ယူလာ ခဲ့ သည်။ တမန်တော်မြတ် ထိုအရာများကို စားသောက်ပြီး လက်ဆေး ရန် ပြင် သောအခါ ရေကိုယူ၍ တမန် တော် မြတ် ၏ လက်များအပေါ်သို့ လောင်းပေးလိုက်ပါသည်။ ထို့နောက်တမန်တော်မြတ်(ဆွ)သည်မိ မိ၏ လက် အား မျက်နှာပေါ်သို့ ပွတ်သက်ပြီး အလွန်ကြာမြင့်စွာ စစ်(ဂ်ျ) ဒဟ် ပြုလုပ်၍ ငိုကြွေးနေလေသည်။ထိုအချိန်တွင် အေမာမ် ဟိုစိုင်း(န်)သည် တမန်တော်မြတ် ထံသွား၍ ထိုသခင်၏ ဦးခေါင်းတော်အား ပွေ့ပိုက်ကာ အို ဖ ခင်တော် အဘယ်ကြောင့် ငိုကြွေးနေရပါသလဲဟု မေးမြန်းလေသည်။ တ မန်တော်မြတ် ဖြေကြားသည်မှာ အိုသားတော် ယနေ့ အသင်တို့ကို မြင်တွေ့လိုက်ရသည့်အတွက် အလွန်ပျော်ရွှင်မိပါသည်၊ ထို့ နောက် ဂျစ်ဘရာ အီးလ် ရောက်ရှိလာပြီး အသင်တို့အားလုံး လုပ် ကြံခံရ လိမ့်မည်၊ တစ်ဦးနှင့်တစ်ဦး ဝေးလံသော နေရာများတွင် မြှုပ်နှံခြင်းခံရမည်ဟု သတင်းလာပေးသောကြောင့် အလ္လာဟ်အ သျှင်မြတ်အား ချီးမွမ်းထောမနာပြုပြီး အသင် တို့အတွက် ကောင်းချီး များ ပေးသနားရန် တောင်းခံခြင်း ဖြစ်ပါသည်။ ထိုအခါအေမာမ်ဟို စိုင်း(န်)မှပြော ကြား သည်မှာ အိုဖခင်တော် အဲဒီလို ဝေးလံတဲ့ နေရာမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အုတ်ဂူတွေကို ဘယ်သူတွေ များလာပြီး ဇေယာရသ် လုပ်ကြမှာလည်း။တမန်တော်မြတ်(ဆွ) မိန့်တော်မူသည်မှာ ကျွန်ုပ်၏ အွမ္မသ် သားများမှ အုပ်စုတစ်စု အသင်တို့အား ဇေယာရသ် လုပ်ရန် လာ ကြလိမ့်မည်၊ ပြန်လည်ရှင်သန်ကြရမည့်နေ့တွင် ကျွန်ုပ်ထိုသူ များအား ကယ်ထင်တော်မူမည်ဖြစ်ပြီး ထိုသူများကို အခက်အခဲ များမှ လွတ်မြောက်မှုပေးမည် ဖြစ်သည်။ ဟူ၍ဖြစ်သည်။(ဘိဟာ ရုလ်အန်ဝါရ် အတွဲ ၄၄၊ စာမျက်နှာ ၂၃၄။)