အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၂ အောက်တိုဘာ ၂၀၁၂

၂၀:၃၀:၀၀
359148

မမေ့နိုင်ဖွယ်ရာ အေမာမ် မိုဟမ္မဒ် ဘကေရ်(အ.စ) ၏ သြဝါဒတော်များ

 

 

မမေ့နိုင်ဖွယ်ရာ အေမာမ် မိုဟမ္မဒ် ဘကေရ်(အ.စ) ၏ သြဝါဒတော်များ

 

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊အဗ်နာအနေဖြင့် ကမ္ဘာ့ ရှီအာများ၏ (၅)ပါးမြောက် အေမာမ် ဟဇရတ်အေမာမ် မိုဟမ္မဒ်ဘကေရ်ီ(အ.စ)၏ရှဟာဒတ်သ် အချိန်အခါတွင် သခင်ကြီး၏မမေ့နိုင်ဖွယ်သြဝါဒတော်များမှတချို့ ကို တင်ပြလိုက်ပါသည်။

 

သခင်ကြီးသည် ဟီဂျရီသက္ကရာဇ်၁၁၄ ၏ဇိလ်ဟဂ်ျ လ၏  ၇ ရက်နေ့ တွင် မွတ်စလင် အမည်ခံ မင်းဆိုးမင်းညစ်ဟရှမ်ဗင် အဗ်ဒွလ် မလစ်က် (လ.န)၏ အဆိပ်ခတ်ပြီး လုပ်ကြံမှုကြောင့် ရှဟီးဒ်ဖြစ် တော်မူခဲ့လေသည်။

 

 သခင်ကြီးပေါ် သရူးဒ်၊စလာမ် အကြိမ်ကြိမ်အခါခါပို့သပြီး ၊အဟ်လေ့ဘိုက် (အ.စ)၏ရန်သူများ အပေါ် လအ်နတ် အကြိမ်ကြိမ်အခါခါ ရွတ်ဆိုပါ၏။

 

သခင်ကြီး(အ.စ) ၏ မမေ့နိုင်ဖွယ်သြဝါဒတော်များမှတချို့

 

 ၁ ။ မုသားစကားဆို ခြင်းသည် အီမာန် မရင့်ကျက်သေးကြောင့် ပြ ဆိုနေသည့် လက္ခာရပ် ဖြစ်ပါ သည်။

 

ဝဆာအေလွလ်ရှ် ရှီအာ ကျမ်း အတွဲ ၂ ၊ စာမျက်နှာ ၂၃၃

၂။ မိုမင် မှန်လျှင် သူရဲဘော်ကြောင်သူ ၊ လောဘကြီးသူ ၊ စေးနှေးသူမဟုတ်ချေ။

 

ဝဆာအေလွလ်ရှ် ရှီအာ ကျမ်း အတွဲ ၂ ၊ စာမျက်နှာ ၂၃၃

 

၃ ။ အကယ်၍ မည်သည့် မွတ်စလင်မဆို ၊မွတ်စလင်တစ်ခုတစ်ယောက်အိမ်အား တွေ့ဆုံရန် (သို့) တောင်းဆိုရန် လာရောက်မည်           ၊၎င်းအနေဖြင့် အိမ်တွင်ရှိနေသော်လည်း အိမ်အတွင်းဝင်ခွင့်မပြုမည် ၊၎င်းအားတွေ့ဖို့ အိမ်အပြင်သို့မထွက်လာမည် ဆိုလျှင် ၎င်းတို့နှစ်ဦး တစ်ယောက်နှင့်တစ်ယောက် မတွေ့မခြင်း အချိန် အထိ အလ္လာဟ်ဟိုအရှင်မြတ်၏ လာအ်နတ် ကျိန်းစာ သင့်နေပေမည်။

 

ကာဖီကျမ်း အတွဲ ၂ စာမျက်နှာ ၃၆၅

 

၎ ။ မုချဧကန် အလ္လာဟ်ဟို အရှင်မြတ် သခင်သည် အရှက်သိက္ခာရှိသူ ၊ကျိုးနွံ့သူအား ချစ်မြတ်နိုး ပါသည်။

 

ကာဖီကျမ်း အတွဲ ၂ စာမျက်နှာ ၁၁၂

 

၅ ။ အကြင်မည်သူမဆို မိမိ၏ အမျက်ဒေါသအား လူထုအပေါ် ထိန်းမည်ဆိုလျှင် အလ္လာဟ် အရှင်မြတ် သည် ၎င်းအတွက်

အဇာဗ် ဗေ ကေယာမတ်အားထိန်းထားတော်မူမည်။

 

ကာဖီကျမ်း အတွဲ ၂ စာမျက်နှာ ၃၀၅

 

အောင်မြင်ကြပါစေ ။