အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ပြည်မြန်မာ မှ တိုက်ရိုက်
ဗုဒ္ဓဟူးနေ့

၂၄ အောက်တိုဘာ ၂၀၁၂

၂၀:၃၀:၀၀
359661

ဘရာဇီး အမတ်လောင်း တစ်ဦး မူးယစ် ဆေးဝါး ဖြန့်ချီ မှုဖြင့် အဖမ်းခံခဲ့ရ

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ ဘရာဇီးနိုင်ငံ အမာဇိုးနားပြည်နယ် အီတာကိုတီယာ မြို့နယ်ကောင် စီ ရွေးချယ်ပွဲ အတွက်

ရွေးကောက်ပွဲ ဝင်လျက်ရှိသော အမတ်လောင်း ကာမီခရစ္စတီနာလီမာကို မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု၊ ဖြန့်ချိမှုတို့ဖြင့်

အာဏာပိုင်များက ဖမ်းဆီး အရေးယူခဲ့ကြောင်း အောက်တိုဘာ ၉ ရက် ဘရာဇီး ပြည်တွင်းသတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။

 

အသက် ၃၂ နှစ် အရွယ်ရှိ ကာမီသည် သူမ၏ မဲဆွယ်ရေးအတွက် ဖြန့်ချိသည့် လက်ကမ်းကြော်ငြာများတွင်ကို ကင်းအထုပ်ကလေးများကိုပါ

ကြားညှပ်ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။ အာဏာပိုင်များက တနင်္ဂနွေနေ့ ရုံးပိတ်ရက်ပင် ဖြစ်သော်လည်း သူမ၏အိမ်ရှေ့တွင် လူအများ

စုရုံးရောက်ရှိနေသည်ကို မသင်္ကာသဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာမှ ကာမီသည် မဲအရေအတွက် ပိုမိုရရှိစေရန် ကိုကင်းများကို

လက်ကမ်းကြော်ငြာများနှင့် အတူ ဖြန့်ဝေပေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

 

ကာမီခရစ္စတီနာလီမာသည် ယခုအခါ မြို့နယ်ကောင်စီ အမတ်လောင်းရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီး မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု၊ ဖြန့်ချိမှုနှင့်

အဂတိ လိုက်စားမှုများဖြင့်ပါ စွဲချက်တင် အရေးယူ ခံထားရကြောင်း သိရသည်။