အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ENVOY
ကြာသပတေးနေ့

၈ နိုဝင်ဘာ ၂၀၁၂

၂၀:၃၀:၀၀
363480

<99 UBS အလုပ်နေရာ ၁၀ဝ၀ဝ လျှော့ချ မည်ဟုဆို

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊ အဗ်နာ ။ ။ အသုံး စရိတ်များကို ချွေတာ သည့်အနေဖြင့် ဆွစ်ဇာလန်ဘဏ် UBS သည် ကမ္ဘာတစ်ဝန်းတွင် ဖွင့် လှစ်ထားသောဘဏ်ခွဲများမှ အလုပ် အကိုင်နေရာ ၁၀ဝ၀ဝ ကို လျှော့ချ မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။ လာမည့်သုံးနှစ်အတွင်း တ ဖြည်းဖြည်းလျှော့ချသွားမည့်အလုပ် နေရာများအတွက် အသေးစိတ်အ ချက်အလက်များကို ဘဏ်တာဝန်ရှိ သူများ ထုတ်ဖော်ပြောကြားခြင်းမရှိ ပေ။ ယူကေ (ဗြိတိန်)တွင် ဖွင့်လှစ် ထားသောUBSဘဏ်တွင် လက်ရှိ ဝန်ထမ်း ၆၆၀ဝ ကျော်လုပ်ကိုင် လျက်ရှိသည်။ UBS ဘဏ်သည် ဘဏ္ဍာရေး အကျပ်အတည်းများဖြစ်ပေါ်ခဲ့စဉ် ကာလအတွင်း ဆွစ်ဖရန့်ငွေ ၃၉ ဘီ လီယံခန့်ဆုံးရှုံးခဲ့ရပြီး၊ လုပ်ငန်းဆက် လက်လည်ပတ်နိုင်ရန် ဆွစ်ဇာလန် အာဏာပိုင်များထံမှ ငွေကြေးအကူ အညီများရယူခဲ့ရသည်။ ယခုကဲ့သို့ ဝန်ထမ်းအင်အားလျှော့ချမှုကြောင့် ဆွစ်ဖရန့် ၃ဒသမ ၄ ဘီလီယံဆုံးရှုံး မှုမှ ကာကွယ်နိုင်သည်ဟု ဘဏ် တာဝန်ရှိသူများက ပြောသည်။" ဒီလို ဝန်ထမ်းအင်အားလျှော့ချတော့မယ် ဆိုတဲ့ကိစ္စအတွက် ဆုံးဖြတ်ချက်ချရ တာ အင်မတန်ခက်ခဲခဲ့ပါတယ်။ ဒါ ပေမယ့် ကျန်တဲ့လုပ်ငန်းတွေ အရှိန် မပျက် ဆက်လက်လည်ပတ်နိုင်ဖို့ ဒီ လိုဆောင်ရွက်မှဖြစ်မှာပါ"ဟု UBS ဘဏ်အမှုဆောင်အရာရှိချုပ် Sergio Ermottiက ပြောသည်။