အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mmsy မွ
ဗုဒ္ဓဟူးနေ့

၅ ဒီဇင်ဘာ ၂၀၁၂

၂၀:၃၀:၀၀
369964

ဟီဂျဗ်ပညာပေး အစီအစဉ်ကြောင့် မွတ်စလင်မဟုတ်သူများ အစ္စလာမ်အပေါ် အထင်မြင်လွဲမှု့ လျော့ပါးစေခဲ့

ကိုင်ရို ။ ။ အမေရိကန်နိုင်ငံ ကယ်လ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ် တစ်ခုမှ မွတ်စလင်ကျောင်းသားများသည် ဘာသာခြား ကျောင်းနေဖက်များ အား ဟီဂျဗ်နှင့် ပတ်သက်သော ပညာပေးခြင်း အစီအစဉ် တစ်ခုပြုလုပ်ခြင်းဖြင့် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မီဒီယာများ၏ ဟီဂျဗ် အပေါ်အဆိုးမြင် မှု ပြစ်တင် ရှုတ်ချမှု့များအား အောင်မြင်မှု ရစေခဲ့သည်။

  အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ “ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်ဟာဆိုရင် အစ္စလာမ် သာသနာသည် အမှန်တကယ် ဘာဖြစ်တယ် ဆိုတာ ပညာပေးဖို့ ဖြစ်ပါတယ်၊ ဘာလို့လဲဆိုတော့ မီဒီယာတွေဟာ အစ္စလာမ်ဘာသာဝင် မွတ်စလင်များရဲ့ ရပ်တည်မှု အပေါ် တဖက်စောင်းနင်း အဆိုးမြင် ၀ါဒတွေ ဖြန့်လွန်းနေတာကြောင့်ပဲ ဖြစ်ပါတယ် ၊ တကယ်တော့ ကျွန်မတို့ဟာ အခြားလူတွေလိုပဲ ဘာမှ မခြားနားပါ ဘူး ၊ သာမန်လူတွေပါပဲ  ” ဟု  မွတ်စလင်ကျောင်းသားအဖွဲ့အစည်း (MSA) ၏ အစီအစဉ် ခေါင်းဆောင် Amina Hasan က တက္ကသိုလ် သတင်းဝက်ဘ်ဆိုဒ်  Daily 49ER သို့ဒီဇင်ဘာ (၂) ရက် တနင်္ဂနွေနေ့က ပြောကြားခဲ့ပါသည်။၎င်းပညာပေးအစီအစဉ်အား လွန်ခဲ့သော ကြာသာပတေးနေ့  နေ့လည်ခင်းတွင် Califonia State University Long Beach(CSULB) ၌ MSA ကျောင်းသားများမှ ဦးဆောင်ပြီး ကျင်းပခဲ့ပါသည်။အစီအစဉ်အတွင်း အစ္စလာမ်သာသာနှင့် ပက်သက်ပြီးမဟုတ်မမှန် အဆိုးမြင်သတင်းများသာ သိရှိခဲ့ရသူ CSULB ကျောင်းသားအားလုံးကို ကြိုဆိုပြီး ဟီဂျဗ် (ပုဝါ) များကို လက်တွေ့ ဆောင်းကြည့်စေဖို့ အကြံပြု ခဲ့ပါသည်။“ဟီဂျဗ်တွေ လက်တွေ့ ဆောင်းကြည့်စေခြင်းအားဖြင့် အစ္စလာမ်နဲ့ပက်သက်သော အမြင်လွဲမှားမှုများကို အမှန်သိစေဖို့ပဲဖြစ်ပါတယ် ၊ ဘာလို့လဲ ဆိုရင် လူတွေက ကျွန်မတို့ ဟီဂျဗ်ဆောင်းတဲ့ မွတ်စလင်တွေဆိုရင် အကြမ်းဖက်သမားတွေလို့ မြင်နေလို့ပါ”  ဟု Hassan က ပြောခဲ့ပါသည်။လူဦးရေ ခန့်မှန်းခြေ (၆) သန်းမှ (၈) သန်းအထိ အမေရိကန်ရှိ  မွတ်စလင်များသည် တိုင်းပြည်အပေါ် သစ္စာစောင့်သိသူများဖြစ်ပြီး တိုင်းပြည်အနာဂတ်အတွက် တကယ်ကို ယုံကြည် စိတ်ချအားကိုးရသော အလားအလာကောင်း ရှိသူများဖြစ်ပါတယ် ဆိုတာကနဦးပိုင်း လူထုထောက်ခံမှုနှင့် မဲပေးမှု အရတွေ့ရှိရပါသည်။အစ္စလာမ်ဘာသာအရ ဟီဂျဗ်သည် မွတ်စလင်တို့ ၏ ၀တ်စားဆင်ယင်မှုအပေါ် လိုအပ်ချက်တစ်ခုအဖြစ်နှင့်သာ သတ်မှတ်ထားပြီး ၊ အဖွဲ့အစည်းတစ်ခုခုအား ကိုယ်စားပြုသော ဘာသာရေး ဆိုင်ရာ ဖော်ဆောင်ချက် မဟုတ်ပါ။၎င်းအစီအစဉ်အတွင်း မွတ်စလင်မဟုတ်သူ ကျောင်းသူများ အား ဟီဂျဗ် လက်တွေ့ ၀တ်ကြည့်စေလိုက်ခြင်းဖြင့် မွတ်စလင် အမျိုးသမီးများ၏ ဦးခေါင်း၊ ပုခုံးနှင့် ရင်ဘတ် လုံအောင် ပုဝါဆောင်းခြင်းရဲ့ ခံစားမှုမျိုး ကို လက်တွေ့ သိမြင်စေလိုက်ခြင်းပင်ဖြစ်သည်။“ကျွန်မကို ရထားပေါ်က  လူတွေ  ကွက်ကြည့် ကြည့်နေပါတယ်၊ ကျွန်မတစ်ယောက်တည်း ပုဝါဆောင်းထားတာကိုး ၊ ကျွန်မ ထိုပညာပေး အစီအစဉ်ကိုသွားပြီး ကျောင်းမှာရော လမ်းမှာ တစ်နာရီကျော်ကျော်ကြာတဲ့ တလျောက်လုံး အိမ်မရောက်မချင်း ဟီဂျဗ်ဆောင်းကြည့်ထားတာကို မချွတ်ခဲ့ပါဘူး ” ဟု အစီအစဉ် တက်ရောက်လုပ်အားပေးခဲ့သူ မွတ်စလင်မဟုတ်သူ  ကျန်းမာရေး သိပ္ပံမေဂျာကျောင်းသူ Ana Martinez က ပြောခဲ့ပါသည်။” ကျွန်မလည်း ဟီဂျဗ်ကို ၀တ်ကြည့်ခဲ့ပါတယ် ၊ဒီဟာ တချိန်လုံး အဆိုးမြင်ဝါဒ နဲ့ ဝေဖန်ခံနေရတဲ့ ဘာသာ နှင့် ယဉ်ကျေးမှု  အပေါ် ဘာသာခြားကျောင်းသား ကျောင်းသူများအား ပညာပေးဖို့ပါ ၊  ကျွန်မ၀တ်ကြည့်တဲ့အခါ ဘာမှ ထူးထူးခြားခြားကြီး မခံစားရပါဘူး ၊ ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင် က လူတွေက တော့ ခပ်စိမ်းစိမ်းဖြစ်သွားပြီး ကျွန်မကို ဆက်ဆံရေး ကျဲလာသလိုခံစားရပါတယ် ၊ ဒါကအမှန်တကယ် မွတ်စလင်များ တချိန်လုံး ဘယ်လိုခံစားနေရသလဲ ဆိုတာကို လက်တွေ့ ခံစားကြည့်စေဖို့ အကောင်းဆုံး ပညာပေး အတွေ့အကြုံလည်း ဖြစ်ပါတယ်  ” ဟု ဇီဝဗေဒမေဂျာကျောင်းသူ Tatiana Avila က သူမအမြင်ကို ပြောကြားခဲ့ပါသည်။“အခုဆိုရင် ဟီဂျဗ် ခြင်းတောင်းသုံးလုံး စလုံး ကုန်သွားပါပြီ ၊ ဒီကျောင်းဝင်းမှာ လူမျိုးခြား ဘာသာခြားတွေ အမျာကြီးပါ ၊ ဒါကြောင့် ကယ်လ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းက အခြားကျောင်းတွေထက်စာရင် ပိုပြီး အမြင်တွေ ပွင့်လင်းလာတာကိုပြသနေပါတယ်” ဟု အကောင်းမြင် တုံ့ပြန်မှုများကို ရရှိပြီးနောက်တွင် အစီအစဉ် အတွင်းရေးမှူး Alia Elasmarက ယခုလို အမြင် ပွင့်လင်းသောကျောင်းသားများကြောင့် အစီအစဉ် အောင်မြင်ခဲ့ကြောင်း ကြေငြာပြောကြားခဲ့ပါသည်။