အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : iqna
ဗုဒ္ဓဟူးနေ့

၁၂ ဒီဇင်ဘာ ၂၀၁၂

၂၀:၃၀:၀၀
372073

ကရ်ဗလာတွင် အေမာမ်ဇိုင်နွလ် အာဗေဒီး(န) (အ.စ) ၏ ရှဟာဒတ် နေ့ အထိမ်းအမှတ် အဖြင့် မဂျလစ်များကို ကျင်းပ

ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် ကရ်ဗလာမြို့ရှိ နေရာများ ၌ အေမာမ်ဇိုင်နွလ် အာဗေဒီး(န) (အ.စ) ၏ ရှဟာဒတ် နေ့ အထိမ်းအမှတ် အဖြင့် မဂျလစ်များကို ကျင်းပ ခဲ့ပါသည်။

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ အီရတ်နိုင်ငံရှိ နူးန် သတင်းဌာနမှ တဆင့် အီးက်နာ အပြည်ပြည် ဆိုင်ရာကျမ်းတော် မြတ် ကုရ်အာန် သတင်း ဌာန -  အီရန် - မှ တင်ပြသည်မှာ - ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် ကရ်ဗလာမြို့ရှိ နေရာများ ၌ အေမာမ်ဇိုင်နွလ် အာဗေဒီး(န) (အ.စ) ၏ ရှဟာဒတ် နေ့ အထိမ်းအမှတ် အဖြင့် အေမာမ်ဟိုစိုင်း(န) (အ.စ) နှင့် ဟဇရတ် အာဘာစ်(အ.စ) ရောင်ဇာများ အကြား အလံလှည်ခြင်းများ ၊အဇါဒါရီများကို ကျင်းပခဲ့ ပါ သည်။ ကရ်ဗလာမြို့တစ်ခုလုံးသည် အေမာမ်ဇိုင်နွလ် အာဗေဒီး(န) (အ.စ) ၏ ရှဟာဒတ် နေ့ အထိမ်းအမှတ် အဖြင့် ဝမ်းနည်းကြေကွဲနေရပေသည်။ပြီးနောက် အေမာမ်ဇိုင်နွလ် အာဗေဒီး(န) (အ.စ) ၏ ရှဟာဒတ် နေ့ အထိမ်းအမှတ်           အဖြင့် စာရွက်စာတမ်း များ၊မဂျလစ်ကြေငြာ စာတမ်းများကို ထုတ်ဝေဖြန့်ချီ ၊ကပ်ထား ကြပေသည်။အဇါဒါရီ လုပ်သူများ သွားရေးလာရေး လွယ်ကူစေရန် အတွက် အေမာမ်ဟိုစိုင်း(န) (အ.စ) နှင့် ဟဇရတ် အာဘာစ်(အ.စ) ရောင်ဇာများ အကြား တံတားလေးခု အသစ်ကို ဆောက်  တည်ပေးခဲ့ပါသည်။အေမာမ်ဟိုစိုင်း(န) (အ.စ) လုံခြုံရေးတာဝန်ခံ ကရီးမ်အန်ဗရီ အနေဖြင့်ပြောကြားသည်မှာ -ဤတံတား အသစ်များ ကို ဆောက်တည်ခြင်းဖြင့် ဇေယာရတ်ပြုသူများကို လွယ်ကူစေပြီး အီရတ် နှင့် အခြား နိုင်ငံများမှ ကျဲဟ်လွန်အတွက်  အဇါဒါရီ ပြုလုပ်သူများ အလံလှည်ရာ တွင်ရင်ဆိုင်ရမည့် ဒုက္ခများကို ဖြေရှင်း သွားနိုင်မည်ဟု ပြောကြားခဲ့ပါသည်။