အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
ဗုဒ္ဓဟူးနေ့

၁၉ ဒီဇင်ဘာ ၂၀၁၂

၂၀:၃၀:၀၀
373798

အဇါဒါရီ နှင့် အေမာမ်များ (အ.စ)

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ

ရင်နှစ်ဖွယ်ရာ၊ကရ်ဗလာ အဖြစ်အဖျက်ပြီးနောက် အေမာမ်ဇိုင်နွလ်အာဗေဒီး(န) (အ.စ) အနေဖြင့် မိမိ၏ ဖခမည်းတော် မဇ်လူးမ်မေကရ်ဗလာ အေမာမ်ဟိုစိုင်း(န) (အ.စ) အတွက် ဝမ်းနည်းကြေကွဲခြင်း၊ အဇါဒါရီ ကို ပြုလုပ်တော်မူခဲ့လေသည်။ ကျန်အေမာမ်များ (အ.စ) အနေဖြင့်လည်း ပြုလုပ်ခဲ့ကြ ကြောင်း ကျမ်းဂန်၊စာပေများ အရ သိရှိရပေသည်။

အေမာမ်ဇိုင်နွလ်အာဗေဒီး(န) (အ.စ)သခင်ကြီး၏ အဇါဒါရီ

မဒီနာရွှေမြို့တော် ၏အပြင်တွင် ကိုယ်တော်(အ.စ)၏ အိမ်တော်တစ်ခု ရှိပေသည်။၎င်းအိမ်တော်သို့ ကိုယ်တော်အနေဖြင့် သွားရောက်ပြီးမိမိ ၏ ဖခမည်းတော် မဇ်လူးမ်မေကရ်ဗလာ အေမာမ်ဟိုစိုင်း(န) (အ.စ) အတွက် မဂျလစ်ပြုလုပ်ခြင်း ၊ငိုကြွေးခြင်းကိုပြုတော်မူခဲ့လေသည်။

ကြည့် - မိုရိုဂျိုဇ်ဇဟဗ် (مروج الذّهب )  ကျမ်း အတွဲ ၃ ၊စာမျက်နှာ ၂၄၃

အေမာမ်မိုဟမ္မဒ်ဘာကေရ် (အ.စ)သခင်ကြီး၏ အဇါဒါရီ

ဂျနာဗ် ခဇာဇ် ကွမ်းမီ အနေဖြင့်တင်ပြသည်။ကမ်မီးယသ် အမည်ရှိ ပုဂ္ဂိုလ်တစ်ဦး အနေဖြင့် အေမာမ်မိုဟမ္မဒ်ဘာကေရ် (အ.စ)သခင်ထံ ခစားပြီးနောက် ၎င်းအနေဖြင့် အေမာမ်ဟိုစိုင်း(န) (အ.စ) ၊အဟ်လေ့ဘိုက်(အ.စ) နှင့်အေမာမ်ဟိုစိုင်း(န) (အ.စ)၏ သစ္စာဝါဒီ အဆွာဟာတော်များ အတွက် ကဗျာ အချို့(နောင်ဟာ) ကိုဖတ်လေ၏။ကိုယ်တော်(အ.စ)အနေဖြင့်ငိုကြွေးတော်မူတောပြီး ရွတ်ဖတ် သူ အား ဂျန္နတ် အတွက် သတင်းကောင်းပေလေသည်။ထိုပြင် ရွတ်ဖတ်သူအား ကျွန်ုပ်ဆီမှာ လောကစည်းစိမ် ရှိသမျှ ဆက်ဆက် အသင်အား ပေးသနားတော်မူဖြစ်ပါသည်။သို့သော် တမန် တော်မြတ်ကြီး (ဆွ) အနေဖြင့်ဟစာန်ဗင်စာဗစ်သ်အားမိန့်ကြားတော်မူခဲ့သည်သြဝါဒတော်သည်လည်း အသင်အတွက် လုံလောက်ပေသည်။

ကြည့် -မစ်ဗာဟိုလ် မိုသာဟဂျစ်ဒ် (مصباح المتهجد )  စာမျက်နှာ ၇၈၂

အေမာမ်ဂျအ် ဖရ်ဆွာဒစ် (အ.စ) သခင်ကြီး၏ အဇါဒါရီ

မဟော်ရမ် လ၏ လထွက်လာသည်နှင့် အေမာမ်(အ.စ) အဝတ် အမဲ ကို ဝတ်တော်မူလေ၏။ မဂျလစ်ပြုတော်မူ၏။ အဆက်မပြတ် ငိုကျွေးတော်မူလေသည်။ ဂျနာဗေအဗ်ဒွလ် လ္လာဟ်ဗင် စနန် အနေဖြင့်တင်ပြပါသည်။ ကျွန်တော်တနေ့ အေမာမ် (အ.စ) ဆီ အခစားဝင်ခဲ့ပါသည်။ အေမာမ် ငိုကြွေးနေသည် ကိုတွေ့ရပ်သည်။ ကျွန်တော်အနေဖြင့်အေမာမ်(အ.စ) အားမေးမြန်းခဲ့ပါသည်။ မောင်လာ ဘာကြောင့် ငိုကြွေးနေ ရပါသနည်း? အလ္လာဟ် ဟို အရှင်မြတ် သခင် ကိုယ်တော်ဆီမှ ငိုကျွေးခြင်းကို ဝေးအောင်ထားပါစေ ။ အေမာမ်(အ.စ) အဖြေပေးမိန့်တော်မူသည် မှာ -

အဗ်နေစနန် မဟော်ရမ် လထွက်တာသတင်းမရှိပါသလော? ပြီးနောက် ကိုယ်တော်အနေဖြင့်စပြီး

ငိုကြွေးတော်မူမိန့်တော်မူလေ၏ ။ အေမာမ်(အ.စ)မည်မျှအထိ ငိုကြွေးတော်မူသည်ဆိုလျှင် မုတ်ဆိတ်တော်များ မျက်ရည်များဖြင့် စိုစွတ်သွားလေသည်။

ကြည့် - အမာလီစူသူက် (امالی صدوق) စာမျက်နှာ ၁၁၁ ၊ ဗေဟာရွလ်အနာဝါရ် (بحارالنوار) အတွဲ ၄၅ စာမျက်နှာ ၂၅၇

အေမာမ် မူဆာယေကာစင်မ် (အ.စ) ၊ အေမာမ်အလီရေဇာ (အ.စ) ၊ အေမာမ်မဟ်ဒီ (အ.စ) သခင်ကြီးတို့ ၏ အဇါဒါရီ

ရှိက်ခ်စူဒူက်(ရ.ဟ) အနေဖြင့် တင်ပြသည်မှာ - အေမာမ်ရေဇာ (အ.စ) မိန့်တော်မူလေသည်။ မဟော်ရမ် မိုလ်ဟရမ် လသည် စစ်တိုက်ရန် ပင် ဟရမ် ဖြစ်တော်မူသည့် လ ဖြစ်တော်မူ ပါသည်။သို့သော် လူများ(ယဇီးဒ်ဒီများ (လ.န) ) အနေဖြင့် ကျွန်ုပ်တို့၏ သွေးကို မိုဗာ အဖြင့် ယုံကြည်ခဲ့ကြသည်။ (သတ်ပိုင်ခွင့်ရှိသည်ဟုဆိုလိုသည်။) ကျွန်ုပ်တို့အား မလေးမစား မရိုမသေ ၊ သိက္ခာချခဲ့ကြသည်။ ကျွန်ုပ်တို့၏ အိမ်တော်သူ အိမ်တော်သားများကို ဖမ်းဆီး ချုပ်နှောင်ခဲ့ကြသည်။

ကျွန်ုပ်တို့၏ ဖိုးတော်(အေမာမ်ဟိုစိုင်း(န) (အ.စ)) အား ဤလတွင်သတ်ဖြတ်ခဲ့ကြသည်။ မဟော်ရမ်လ၏ လထွက်လာတိုင်းကျွန်တော်ဖခမည်းတော် (အေမာမ် မူဆာယေကာစင်မ် (အ.စ))

မဂျလစ်အစီအစဉ်ကို စီစဉ်တော်မူလေ၏ ။ ဤလတွင် ဖခမည်းတော်အားမည်သည့်အခါမှ ရယ်ခြင်းပြုံးခြင်း (ပျော်သည့်လက္ခာ) ကို မည်သည်အခါမှ မတွေ့ခဲ့ရချေ။ အချိန်ပြည့် ငိုကြွေးတော်မူ နေပေသည်။

ကြည့် - အလ်အဝါလင်မ် (العوالم ) အတွဲ ၁၇ စာမျက်နှာ ၅၈၄ ၊ ဇရီအသွန်နဂျာဟ် (ذریعة النجاة) စာမျက်နှာ ၂၆၂

 

အေမာမ်ရေဇာ(အ.စ) နှင့်ကျန်အေမာမ်(အ.စ) အနေဖြင့် လည်း မစော်ရမ်လ၌ ဝမ်းနည်းကြေကွဲ ကြောင်းပြသကြပေသည်။ကဗျာဆရာများ(နောင်ဟာနှင့်မရ်စီယာ)လာကြပြီးအေမာမ်များ(အ.စ)၎င်းတို့အား  မရ်စီယာကို ဖတ်ခိုင်းလေသည်။မဇာဟေဗ် ကို တင်ပြခိုင်းပေသည်။ ကျွန်တော်တို့ရှီအာအေမာမ် မီယာများ၏ နောက်ဆုံး အေမာမ် ၊ အေမာမ်မဟ်ဒီ(အ.ဂျ) ကိုယ်တော်ဆိုလျှင် မိမိ၏ ဘိုးတော် အေမာမ် ဟိုစိုင်း(န) (အ.စ) အတွက် မျက်ရည်အစား သွေးမျက်ရည်ဖြင့်ငိုကြွေး လေသည်။ အေမာမ်(အ.ဂျ)မိန့်တော်မူလေသည်။

ولابکین علیک بدل الدموع دما

ဇေယာရတ်သည် နာဟီးယေသည် မဇာဟေဗ် တစ်ခုလုံး ဖြစ်ပေသည်။ အေမာမ်ဇမန် (အ.ဂျ) အနေဖြင့်မိမိ ဘိုးတော်အပေါ်ပြုထားသည့် ဇေယာရတ်နာမာ ဖြစ်ပေသည်။

 

ရှိက်ခ်ဂျမားလ် (ကွမ်း)