အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm
ကြာသပတေးနေ့

၁၀ ဇန်နဝါရီ ၂၀၁၃

၂၀:၃၀:၀၀
380621

ကူဖာ မြို့တော်၏ ဖာဇီလသ်

ကူဖာ မြို့တော်၏ ဖာဇီလသ်

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။

ကူဖာမြို့တော်နှင့်ကူဖာမြို့တော်ရှိသမိုင်းဝင်ဘာသာရေးအဆောက်အအုံးများ၏ဖာဇီလသ်(ခ)မြင့်မြတ်မှု  နှင့် ပတ်သတ်သည့် ဟဒီးစ်တော်များကိုလေ့လာသုံးသပ်ခြင်းဖြင့် ကူဖာ မြို့တော်၏ ဖာဇီလသ် ကို ထင်ရှား စွာ သိနိုင်ပေသည်။

ကြီးကျယ် မြင့်မြတ်သည့် ပုဂ္ဂိုလ်များ အနေဖြင့် ဤကူဖာ မြို့တော်တွင် နေခိုင်ခဲ့ကြပြီး ၊အေဗာဒသ် ခဝပ်ကိုးကွယ်မှုများ ကိုပြုလုပ်ခဲ့ကြ သဖြင့် ကြီးကျယ်မြင့်မြတ်မှု များမှ အကြောင်းရင်းခံတစ်ခု ဖြစ် ပေသည်။

အဗူဘကရ်ဟဆရ်မီ အနေဖြင့် ဆင့်ဆိုတင်ပြသည်မှာ- ကျွန်တော်အနေဖြင့် အေမာမ် မိုဟမ္ဒဒ် ဗာကေရ်(အ.စ) (သို့မဟုတ်)  အေမာမ် ဂျအ်ဖရ်ဆွာဒစ်(အ.စ) တို့ထံမှာမေးမြန်းထားလေသည်။

ဟရမ်မေခိုဒါ ၊ အလ္လာဟ်ဟို အရှင်မြတ်၏ တမန်တော်မြတ်ကြီး (ဆွ) ၏ ဟရမ် ပြီးနောက် မည်သည့် မြေပထဝီ မြေသည်ကြီးကျယ်မြင့်မြတ် ပါသနည်း ?

အဖြေပေးတော်မူသည်မှာ - (( အို အဗာဗကရ် - ကူဖာမြေထဝီသည် သန့်ရှင်း သန့်ပြန့်သည့် မြေ ဖြစ် ပေသည်။ ထိုမြေ၌ မစ်ဂျစ်ဒ် စဲဟ်လာ တည်ရှိပေသည်။ ဤမစ်ဂျစ်ဒ်တော် တွင် နဘီတမန်တော်များ (အ.စ) အားလုံးနမာဇ် ဝတ်ပြုတော်မူခဲ့ပေသည်။ ဤမစ်ဂျစ်ဒ်တော်မှ အလ္လာဟ်ဟို အရှင်မြတ်၏ တရားမျှတမှု ထင်ပေါ်တော်မူခဲ့ပေသည်။

အလ္လာဟ်ဟို အရှင်မြတ်၏ကာအေမ်(နောက်ဆုံးအေမာမ်(အ.ဂျ) ) နှင့် တော်လှန်မည့်သူများ ကိုယ်တော် (အ.ဂျ) ပြီးနောက် ဤနေရာတွင်ရှိကြပေလိမ့်မည်။ဤမစ်ဂျစ်ဒ်တော်သည် နဘီတမန်

တော်များ (အ.စ) နှင့် ၎င်းတို့၏ သူတော်စင် ကောင်းမြတ်သည့် ကိုယ်စားလှယ်တော်များ၏  နေရာဖြစ်ပေသည်။ ))

ကြည့် - ကာမေလ်လွဇ်ဇေယာရတ် / ၃၀

ဤသက်သေအထောက်အထားကြောင့် အေမာမ် ဟစန် (အ.စ)အနေဖြင့် ဒုက္ခ၊ အခက်အခဲ၊ အကျပ် အတည်း အားလုံး ကိုရင်ဆိုင်ပြီး ကူဖာမြို့တော်တွင် ရင်ဆိုင်ပြီး နေထိုင်ခဲ့ပေသည်။

ပြီးနောက်အေမာမ်ဟစန်(အ.စ)အနေဖြင့်မိန့်တော်မူခဲ့ပါသည်။

((မဒီနာမြို့တော်တွင်နေရာအကျယ်ကြီးနေရခြင်း ထက် ကူဖာမြို့တွင် နေရာအကျဉ်းလေး နေရခြင်း သည် ပိုပြီးကောင်းလှပေသည်။ ))

ကြည့် - ဗေဟာကျမ်း အတွဲ ၁၀၀ /စာမျက်နှာ ၃၈၅

အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ) မိန့်တော်မူသည်။

(( ကူဖာမြို့တော်တွင် ၁ဒီနာ ဆဒကာပေးခြင်း သည် အခြားမြို့များတွင် ဒီနာ ၁၀၀ ဆဒကာပေးခြင်း နှင့် အတူတူပင် ဖြစ်ပေသည်။ ၁ရကတ်နမာဇ် ဤမြို့ (ကူဖာ) တွင်ဖတ်ရွတ်ခြင်းသည် အခြားမြို့များ တွင် ရကတ်ပေါင်း ၁၀၀ ဖတ်ရွတ်ခြင်း နှင့် ညီ မျှပေသည်။ ))

ကြည့် - ဝဆာ အေလွရှ် ရှီအာ ကျမ်း အတွဲ ၁၀ / စာမျက်နှာ ၃၀၁

တမန်တော်မြတ်ကြီး (ဆွ) အနေဖြင့် မိန့်တော်မူသည်။

((ဟဇရတ် မဟ်ဒီ(အ.ဂျ) အနေဖြင့် ၉ နှစ် (သို့) ၁၀ နှစ် တိုင် အုပ်ချုပ်တော်မူမည်။ ၎င်းအတွက် အကောင်းတကောင်းဆုံး ဆက်ဆံမည့် ပြည်သူလူထု မှ ကူဖာ မြို့ ပြည်သူလူထု ဖြစ်ပေသည်။ ))

ကြည့် - ဖွာဇ်လေကူဖာ ကျမ်း / စာမျက်နှာ ၂၅