အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ရိုးရာလေး
ကြာသပတေးနေ့

၂၄ ဇန်နဝါရီ ၂၀၁၃

၂၀:၃၀:၀၀
384852

သစ်ကုလားပု ခေါ် Okapi

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ သစ်ကုလားအုတ်တွေလို လည်ပင်းရှည်ရှည် မဟုတ်တော့ သူ့ကို သစ်ကုလားပုလို့ ခေါ်ပါတယ်။ သစ်ကုလားအုတ် မျိုးစိတ်ဝင် မြင်းတစ်မျိုး ဖြစ်ပြိး အမည်ကတော့ Okapi လို့ခေါ်ပါတယ်။

အောင်အာဖရိကတိုက်ရှိ ကွန်ဘာသမ္မတနိုင်ငံမှာသာ ရှိပြီး ၁၉၀၁ ခုနှစ်အထိ ဒေသခံတွေပဲရှိတဲ့ အကောင် ဖြစ်ပါတယ်။ မိုးသစ်တောထဲမှာ နေထိုင် ကျက်စားတတ်ပြီး ပုံမှာ မြင်တွေ့ရတဲံအိုင်း အပေါ်ပိုင်းက အုန်းခွံရောင်၊ အောက်ပိုင်းက အဖြူ၊အနက်အဆင်းနဲ့ ဖြစ်ပါတယ်။

 

အရှည်အားဖြင့် ၂ မီတာမှ ၂.၅ မီတာအထိ၊ အမြင့်အားဖြင့် ၁.၅ မှ ၂ မီတာ အထိ အရွယ်အစားရှိပါတယ်။ အလေးချိန်ကလည်း ပေါင် ၂၀၀ မှ ၂၅၀ ပေါင် အထိ ရှိပါတယ်။ ယခု ကမ္ဘာ့အရှားပါးဆုံး သတ္တဝါရင်းဝင်ပါတယ်။ ဘယ်နိုင်ငံမှာမှ မရှိပါဘူး။

Okapi ဟာ အကောင်ရေအားဖြင့် ၁ သောင်းနဲ့ ၂ သောင်းကြားထဲမှာပဲ ကျန်ရှိတော့တာမို့ နှစ်အနည်းငယ်အတွင်း ပျောက်ကွယ် တော့မယ့် မြင်း/ သစ်ကုလားအုတ် မျိုးစိတ် တစခု ဖြစ်ကြောင်း သိရပါတယ်။