အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm
တနင်္ဂနွေနေ့

၂၇ ဇန်နဝါရီ ၂၀၁၃

၂၀:၃၀:၀၀
385829

ကျွန်တော် ဒီထက်ပိုပြီး အပြစ် တိုက်ပါသည်

ကျွန်တော် ဒီထက်ပိုပြီး အပြစ် တိုက်ပါသည်

 

ပုဂ္ဂိုလ်ကြီး တစ်ဦးသည် လမ်းကြားလေးတစ်ခုမှ သွားနေလေသည်။တစ်စုံ တစ်ယောက်မှ ၎င်း၏ ခေါင်း အပေါ် ခေါင်မိုးထက်မှ အမှိုက်သရိုက်များ ပစ်ချလိုက်လေသည်။ထိုပုဂ္ဂိုလ်ကြီး အနေဖြင့် မိမိခေါင်းအား အပေါ် သို့ မော့ပြီး (အောက်ပါအတိုင်း) ပြောကြားလေ၏။

 

(( (အို) အလ္လာဟ်ဟို အရှင်မြတ်သခင် ၊ အသင်အား ကျေးဇူးတင်ပါတယ် ၊ကျွန်တော်ကဲ့သို့သော် ဂိုနာဂါ ( အပြစ်သမား ) ၏ ခေါင်းပေါ် မာကျောသည့် ကျောက်ခဲမကျစေဘဲ ၊ ပျော့ပြောင်းသည့် အမှိုက်သရိုက်များ ကို ကျစေခဲ့ပါသည်။ ကျွန်တော် ဒီထက်ပိုပြီး အပြစ် တိုက်ပါသည် ။ ))

 

မဟာတမန်တော်မြတ်ကြီး (ဆွ) မွန်မြတ်သန့်ရှင်းလှသည့် ဘဝသမိုင်းကို လေ့လာ ကြည့်မည်ဆိုလျှင် စာရှု့သူတိုင်းအသိပင်။ အားလုံးကြားဖူးနားဝပင်ဖြစ်ပါသည်။ ကိုယ်တော် (ဆွ) ခေါင်းတော်အပေါ် အကြိမ်ကြိမ် အခါခါ  အမှိုက်သရိုက်များ ပစ်ချခဲ့ကြလေသည်။

 

ကိုယ်တော် (ဆွ) သွားသည့်လမ်းတွင် ဆူးငြောင့်ခလုတ်များ ခင်းထားကြပေသည်။ ထိုအတွက်ကြောင့် တမန်တော်မြတ်ကြီး (ဆွ) ၏ ပေါင်တော်မှ သွေးယိုစီးသည့် အဖြစ်ရောက်ရှိခဲ့ရပေသည်။

 

ထိုပြင် ကိုယ်တော်မြတ်ကြီး (ဆွ) ကိုယ်ခန္ဓာ အပေါ် ကုလားအုတ်၏ သွားရည်များ ၊ မစင်များတင်ခဲ့ကြ လေသည်။ သို့သော် ကိုယ်တော်အနေဖြင့် ၎င်းတို့၏ အဖြေအဖြင့် ဤဒိုအာကို တောင်းခဲ့တော်မူခဲ့ ပေသည်။

 

اللهم اهد قومی انهم لا یعلمون

 

အဓိပ္ပာယ် ။ ။ အလ္လာဟ်ဟို အရှင်မြတ်သခင် ၊ ကျွန်တော်မျိုး၏ လူမျိုးကို တရားလမ်းပြပါလေ။ အကြောင်းမှာ ဤသူများသည် နားမလည် မသိရှိသူများ ဖြစ်ကြပါသည်။

 

မဟာတမန်တော်မြတ်ကြီး (ဆွ)သည် မိမိ လူမျိုး အတွက် အပြစ်ဒဏ် ချပေး ၊ခတ်ပေးဖို့ ဗဒ်ဒိုအာ မပြုတော်မူဘဲ ဒိုအာပြုတော်မူခဲ့ပေသည်။

 

ကျွန်တော်တို့အနေဖြင့် မဟာတမန်တော်မြတ်ကြီး (ဆွ) ၏မွန်မြတ်သန့်ရှင်းလှသည့် ဘဝအတိုင်း ၊ကျင့်စဉ်အတိုင်း လက်တွေ့ လိုက်နာ ပြီး ဘဝတည်ဆောက်ရပေမည်။

 

ကြည့် - ဟဇရတ်အာယာသွလ်လ္လာဟ် ဆရက် အဗဒွလ်ဟိုစိုင်း ဒက်စ်သကေဗ်ရှီရာဇီး ရေးသားထားသည့် (သာစ်သန်ဟာယေ ဗရာကန်ဒေဟ် )

 

သင်ခန်းစာ - အထက်ပါအဖြစ်အပျက်လေးကိုကြည့်ပြီး ကျွန်တော်တို့ အားလုံး သည် အတုယူသင့် ပေသည်။ လိုက်နာကျင့်သုံးသင့်ပေသည်။ ကျွန်တော်တို့ မြန်မာရှီအာမွတ်စလင်များမှ တချို့ သည် မိမိ၏ အကျိုးအမြတ် အတွက် ၊မိမိ နေရာ ရရှိရေး အတွက် ၊ အာဏာခုံရယူရေး အတွက် ၊ မိမိတို့၏ တက်လမ်းအတွက်၊အကျိုးအမြတ်အတွက်အန္တရာယ်ရှိသည်၊ပိတ်ပင်မှုဖြစ်မည်၊မိမိထက်သာလွန်မည်ဆိုလျှင် ၎င်းအား ရုံးတိုင် ၊ ဂတ်တိုင်၊ဟိုတိုင်၊ဒီတိုင်၊ဟိုပွားဒီပွားသာလုပ်တတ်ကြပေသည်။မကူညီကြပေ။  ၊ဒိုအာမလုပ်ပေးကြချေ။

 

ကျွန်တော်နှင့်တကွ အားလုံးအပေါ်အထက်ပါအတိုင်း  လက်တွေ့ ကျင့်နိုင်ရန် အထူး စွမ်းအားပေးသနား  တော်မူပါစေ ။

 

ဝမ်းနည်းစရာ တစ်ခုအဖြင့် တင်ပြရမည်ဆိုလျှင် - မျက်မြင် လက်တွေ့ ပင် တည်း ၊ ၁၉ လတိုင်တိုင် ၊ရှင်မြတ်ကျေးဇူးတော်ဖြင့်၊လစဉ်အဆက်မပြတ်ထွက်နေသည့်MSMစာစောင်ကိုကြည့်ပါလေ။တရားဝင် စာဖြင့် ဖိတ်ခေါ်ထားသည့် ကြားမှ ပင်  မြန်မာရှီအာမွတ်စလင်များ အကြား၌ မိမိတို့ကိုယ် ဘာသာရေး အကြီးအကဲများ၊ဆရာ၊ဆရာမများ၊တာဝန်ရှိပုဂ္ဂိုလ်များ၊ကိုယ်စားလှယ်များအဖြင့်သတ်မှတ်နေကြသူ ပေါင်း ၁၀၀ နီးပါး ရှိသည့်အနက်မည်မျှဝင်ရောက်ရေးသားမှု၊အကြံပေးမှု၊စသည်ဖြင့်ကူညီကြပါသ နည်း ? 

 

အီရန် က၊ဟို က ငွေရတာ ၊ဘာရတာ စသည်ဖြင့် မိမိနှင့်မိမိ အသိုင်းအဝိုင်းကို ဤကဲ့သို့ပြောလျှင် ၊ စော်ကား၊အပုတ်လွှင့် လျှင်မကြိုက် သူအများစုသည် MSM စာစောင် တွင် ကူညီရေးသားသူများကို မညာမတာ ပြောဆို ၊အပုတ်လွှင့်နေကြပေသည်။အထူးမနာလို ၊သဝန်တိုကြပေသည်။  MSMစာစောင် တွင်ကူညီရေးသားမှုမပြုသူများကိုပုဂ္ဂိုလ်တချို့မှာသာသနာ့အမည်ဖြင့်ကာယ၊ဒါန၊ဥာဏ်နအားများဖြင့်ချီးမြှင့်မြောက်စားကြလေသည်။ ချီးမြှင့်မြောက်စားခြင်း ခံနေရသူများ ၊ ပြုနေသူများ နှင့် အလ္လာဟ် ဟို အရှင်မြတ် အသိပင် ။                       

 

မိမိတို့ကိုယ်မိမိမြန်မာရှီအာမွတ်စလင်များ အတွက် တာဝန်ရှိသူများ ၊ ရှီအာသူတော်စင်များ ၊ စသည်ဖြင့်ခံယူထားသူများတချို့သည် လိမ်ပြောရဲသည် ၊ ဟရမ်အလုပ် ၊လုပ်ရဲသည် ၊ စသည်ဖြင့် အလ္လာဟ်၊ရစူလ် (ဆွ)  နှင့် အဟ်လေ့ဘိုက် (အ.စ) ခွင့်မပေးသည်ကို လုပ်ဖို့ ဝန်မလေးကြချေ။ သို့သော် (ဗိုက်သိုမာ) သာသနာ့ငွေများကို ကျောသား၊ရင်သားခွဲခြားပြီးမပေးဖို့ ၊ ဟိုရှီအာ ဗလီကို သွားဖို့ ၊ဒီရှီအာအေမာမ်ဘာရာကိုသွားဖို့၊MSMစာစောင်တွင်စာမှုပေးဖို့၊ပေးနေသူကို မတားမြစ်ဖို့ ၊ ရေးနိုင်သူ ကို ရေးဖို့ တိုက်တွန်း နိုးဆော်ပေးဖို့ ၊ မိမိတို့မြန်မာရှီအာမွတ်စလင်များ ကို ကာဖေရ် ဟုပြောဆို ၊ရေးသား ဟောပြောနေကြသည့် တယူးသန်များ ကို ကာကွယ်ဖို့ ၊တုံ့ပြန်ဖို့ စသည်ဖြင့် အလ္လာဟ်၊ရစူလ် (ဆွ)  နှင့် အဟ်လေ့ဘိုက် (အ.စ) နှစ်မြို့သည့် အလုပ်အတွက်ဆိုလျှင်လုပ်ရန် အထူးအထူး ဝန်လေးကြပေသည်။

 

အထူးသတိပြုရန်

 

အသင်စာရှု့သူ အနေဖြင့် အလ္လာဟ်၊ရစူလ် (ဆွ)  နှင့် အဟ်လေ့ဘိုက် (အ.စ) နှစ်မြို့သည့် အလုပ်များ ကို လုပ်လာလျှင် ရန်သူများလာမည် ၊မနာလိုသူများလာမည် ။ ပျက်စီးဖို့ အမျိုးမျိုးကြံသူများ ၊များလာ ပေမည်။ သို့သော် အလ္လာဟ်၊ရစူလ် (ဆွ)  နှင့် အဟ်လေ့ဘိုက် (အ.စ) မှ ပြဆို ထားသည့်မိမိသာသနာ့ တာဝန် ကျေပွန်ဖို့ အရေးကြီးပေသည်။

 

ဤအတွက်ကြောင့် အမီးရွ