အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : myanmarmuslim
ကြာသပတေးနေ့

၃၁ ဇန်နဝါရီ ၂၀၁၃

၂၀:၃၀:၀၀
386761

ဖျာပုံမြို့နယ် အစ္စလာမ် သာသနာရေးရာ ကောင်စီ မဟာ တမန်တော်နေ့ ကျင်းပ

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ

ဖျာပုံမြို့နယ် အစ္စလာမ် သာသနာရေးရာကောင်စီမှ ကြီးမှူးကျင်းပသော (၁၄၈၇) ကြိမ်မြောက် မဟာတမန်တော်နေ့ အခမ်းအနားနှင့် အစ္စလာမ့် တရားပွဲကို ဇန်နဝါရီလ (၂၇)ရက်၊ မွန်းလွဲ(၂)နာရီ အချိန်က ဖျာပုံမြို့မြောက်ပိုင်း အစ္စလာမ့်ဝတ်ပြုကျောင်း (ဈေးဗလီ) ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် တရားလွှတ်တော်ရှေ့နေ ဦးမျိုးညွန့်က ဆောင်ရွက်ပြီး အခမ်းအနားကို မမေသူခိုင်က ကျမ်းမြတ်ကုရ်အာန် ရွတ်ဖတ်ကာ ဖွင့်လှစ်သည်။ ယင်းနောက် သဘာပတိ အစ္စလာမ်သာသနာ ရေးရာကောင်စီ ဌာနချုပ် တွဲဖက်အမှုဆောင် အတွင်းရေးမှူးချုပ် ဟာဂျီဦးအောင်ဝင်း (သတင်းထောက်)က အဖွင့် အမှာစကား ​ပြောကြားပြီး အစ္စလာမ်ကောင်စီ ဌာနချုပ်မှပေးပို့သော သဝဏ်လွှာကို မြောက်ပိုင်း ဝတ်ပြုကျောင်း ရှေ့ဆောင် ဆရာမော်လဝီ တိုးမိုးအောင်က ဖတ်ကြားသည်။

ထို့နောက် မော်လမြိုင်မြို့မှ မောင်လာနာ ရရှစ်ကျော်သိန်းက အစ္စလာမ့် တရားတော်များ ဟောပြောပြီး တမန်တော်မြတ်ကြီးနှင့် သူတော်စင်များအား ဆုတောင်းမေတ္တာ ပို့သ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။