အေမာမ်ဟိုစိုင်း(န) (အ.စ) မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ အမြင်
အေမာမ်ဟိုစိုင်း(န) (အ.စ) သခင်အား စကားလုံးများဖြင့်ရေးဖွဲ့ ပြီး ပြောပြဖို့ ၊ညွှန်ပြဖို့ဆိုသည်
မှာအလွန်တရာလွယ်ကူသည့်အလုပ်တော့မဟုတ်ချေ။သမုဒ္ဒရာရေ
ကိုရေခွက်လေးတွင်ထည့်ပြ ရန်
မဖြစ်နိုင်သကဲ့သို့ဖြစ်ပေမည်။သို့သော်လည်း မိမိတို့တွင် ရှိသလောက်
ခွက်လေးများဖြင့် သမုဒ္ဒရာရေအား ရသလောက် ခတ်နိုင်ရန် ကြိုးစား
ရပေမည်။
ကျွန်တော်တို့၏ နှစ်ဘဝသခင်ကျေးဇူးတော်ရှင် မဟာတမန်တော်မြတ်
ကြီး ဟဇရတ် မိုဟမ္မဒ် (ဆွ)၏ အမြင်တော်၌
အေမာမ် ဟိုစိုင်း(န) သခင်(အ.စ) အားအနည်းငယ် လေ့လာကြစို့ ။
တမန်တော်မြတ်ကြီးဟဇရတ် မိုဟမ္မဒ်(ဆွ)သည် မြေးတော်အေမာမ်
ဟိုစိုင်း(န) (အ.စ) အား အထူးချစ်ခင်နှစ်သက်တော်မူပေသည်။ကိုယ်တော်အနေဖြင့်
မိမိ၏သာဝကတော်များဖြင့်ထိုင် နေသည့်ထိုင်ဝိုင်းတော်အတွင်း အေမာမ်ဟိုစိုင်း(န)(အ.စ) သခင်ကြွမြန်းလာတော်မူတိုင်း မိမိ၏သြဝါဒတော်များကို(ခေတ္တ)ရပ်ဆိုင်းတော်မူပြီးမိမိ၏နေရာတော်မှ ထရပ်ပြီးကြိုဆိုလေ့ရှိပေသည်။ ပြီးနောက်မိမိပခုံးတော်ထက်ဝယ်တင်တော်မူပြီးရင်ခွင်တွင်ထွေးပိုက်ကာ انه مهجة قلبی ဟု မိန့်တော်မူလေ့ ရှိပါသည်။
ဗေဟာရ်ကျမ်း အတွဲ ၄၄ ၊စာမျက်နှာ ၂၃၈
တနေ့တမန်တော်မြတ်ကြီး (ဆွ) သည် လမ်း၌ ကလေးများနှင့်ဆော့ကစားနေသည့် မြေးတော် အေမာမ်ဟိုစိုင်း(န) (အ.စ) သခင်အား တွေ့တော်မူလေသည်။ကိုယ်တော်(ဆွ) အနေဖြင့် အေမာမ်(အ.စ) အားချီတော်မူရန် ကြွမြန်းလေသည်။ အေမာမ်(အ.စ)အနေဖြင့် လည်းဟိုဖက်မှဒီဖက်သို့ လျှောက်နေတော်မူပေသည်။ ကိုယ်တော်အနေဖြင့် အေမာမ်အားချီ တော်မူ ရန်အခွင့်ရသည့်အချိန်ချီတော်မူပြီးမိမိလက်တဖက်ကိုအေမာမ် ၏မေးတော်အားကိုင်ပြီး ကျန်တဖက်အားဦးခေါင်းပေါ်တင်ကာ ((ဟိုစိုင်း(န) (အ.စ) ဟာ ကျွန်ုပ်မှ ၊ ကျွန်ုပ်ဟာ ဟိုစိုင်းမှ ဟု မိန့်တော်မူလေ၏။
ဗေဟာရ်ကျမ်း အတွဲ ၄၄ ၊စာမျက်နှာ ၂၆၀
အေမာမ်ဟိုစိုင်း(န) (အ.စ)သခင်အနေဖြင့် ရစူလ်ခိုဒါ(ဆွ) စဂ်ျသာပြုသည့်အချိန်ကိုယ်တော်၏ ကျောတော်ဝယ်ထိုင်တော်မူတိုင်းတမန်တော်မြတ်ကြီး(ဆွ) အနေဖြင့်မြေးတော်အေမာမ်ဟိုစိုင်း (န) (အ.စ) မိမိသဘောဖြင့် မဆင်းမခြင်းအထိစဂ်ျသာပြုတော်မူလေ့ရှိပေသည်။
သာဝကတော်များမှ ကိုယ်တော်မြတ် (ဆွ) အား ကိုယ်တော်အနေဖြင့် အချိန်အကြာကြီး စဂ်ျသာပြုနေရသည်မှာ ဝဟီဗျာဒိတ်တော် ကျရောက်နေ သည့်အတွက် ကြောင့် ဖြစ်ပါ သနည်းဟုမေးမြန်းကြလေသည်။