အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား :
သောကြာနေ့

၁၅ ဖေဖော်ဝါရီ ၂၀၁၃

၂၀:၃၀:၀၀
391526

ဆူဒန် သမ္မတ ချဒ်နှင့်လစ်ဗျားနိုင်ငံသို့ လာရောက် လည်ပတ်လျှင် ဖမ်းဆီးပေးရန် ICC တိုက်တွန်း

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ

ချဒ် နိုင်ငံနှင့် လစ်ဗျားနိုင်ငံကို ဆူဒန်သမ္မတ အုမာရ် ဘရှီးရ် အားလပ်ရက်တွေမှာ

လာရောက် လည်ပတ်ခဲ့ရင် ၄င်းအားဖမ်းဆီးပြီး လွဲပြောင်းပေးဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံးက

ချဒ်နဲ့ လစ်ဗျား အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ယမန်နေ့က ထုတ်ပြန်တဲ့ တရားရုံးအမိန့်မျာ ဆူဒန်နိုင်ငံ ဒါဖာဒေသမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု့တွေ

အပါအဝင် ရာဇတ်မှု့များအတွက် ဆူဒန်သမ္မတကို ဖမ်းဆီးဖို့ ထုတ်ပြန်ခဲ့ချိန်မှာ ယခုလို ပြောဆိုလိုက်ခြင်းဖြစပါတယ်။

ဆူဒန်သမ္မတ ဟာ ချဒ်နိုင်ငံကို မကြာခဏသွားရောက် လည်ပတ်လေ့ရှိပေမယ့် အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး

ချဒ်နိုင်ငံက ဖမ်းဆီးပေးခြင်း မရှိခဲ့ပါဘူး။  ဟေဂ် မြို့ မှာအခြေစိုက်တဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံးဟာ

ဘရှီးရ် ကို ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ မှာ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တာဖြစ်ပေမယ် တရားခံတွေကို ဖမ်းဆီးပေးဖို့

ကိုယ်ပိုင်ရဲတပ်ဖွဲ့ မရှိသေးပါဘူး။