အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm
တနင်္ဂနွေနေ့

၁၇ ဖေဖော်ဝါရီ ၂၀၁၃

၂၀:၃၀:၀၀
392232

နောက်ဆုံး တမန်တော်မြတ် ကြီး (ဆွ) ၏ စံပြ စွန္နတ်တော်များ (၁)

အဟ်လေ့ဘိုက်(အ.စ) သတင်း ဌာန ၊ အဗ်နာ

ကျွန်တော်တို့ရှီအာအေမာမ်မီယာများ၏ အကျော်အမော် ထိပ်တန်း အာလင်မ် ပညာရှင်ကြီး တစ်ပါးဖြစ် သည့် ဟဇ ရတ် အာယာသွလ်လ္လာဟ် ဆရက် သဗါသဗါအီး (သဖ်စီမီးဇန် ကျမ်းရှင်) အနေဖြင့် ((စွန်နတ် နိုနဘီ (ဆွ) )) ဆိုသည့် ကျမ်းကို ပြုစုရေးသားထားပါသည်။

အင်ရှာအလ္လာဟ် - မြန်မာရှီအာ မွတ်စလင်များ နှင့် အခြားညီနောင်မွတ်စလင်များဖတ်၊မှတ် ၊လေ့လာ ကျင့်သုံးပြီး မိမိတို့ မိသားစု၊ အမျိုးအဆွေ ၊ အသိုင်းအဝိုင်း ၊ ရက်ကွက်၊မြို့၊မြို့နယ် နိုင်ငံ ၊ယုတ်စွ ကမ္ဘာအထိ ဖြန့်ဝေ၊ ပြောပြ နိုင်ရန် အတွက်  (နောက်ဆုံး တမန်တော်မြတ် ကြီး (ဆွ) ၏ စံပြ စွန္နတ်တော်များ ) ဆိုသည့် ခေါင်း စဉ်လေဖြင့် ကောက်နှုတ်ဖော်ပြသွားပါမည်။

ကျွန်တော်တို့နှင့်တကွ - မြန်မာရှီအာ မွတ်စလင်များ နှင့် အခြားညီနောင်မွတ်စလင်များအား လုံး နှစ်ဘဝ သ ခင် ကျေးဇူးတော်ရှင် ၊ မဟာတမန်တော်မြတ်ကြီး ဟဇရတ် မိုဟမ္မဒ်(ဆွ) ၏ စစ်မှန်သည့် စံပြစွန္နတ်တော်များ အား သိခွင့် ၊နားလည်ခွင့် ၊ နှင့် လိုက်နာကျင့်သုံးခွင့် ရပါစေလို့ မြတ်ဆု ချွေလိုက်ရပါသည်။

နောက်ဆုံး တမန်တော်မြတ် ကြီး (ဆွ) ၏ စွန္နတ်တော်များအားလုံးဟာ စံပြ ဖြစ်ကြောင်း ကျမ်းတော်မြတ် ကုရ်အာန် တွင် အလ္လာဟ် ဟို အရှင်မြတ် ကိုယ်တော်တိုင် အောက်ပါအတိုင်း မိန့်တော်မူထားပေသည်။

((ဧကန်မုချ အသင်တို့ အဖို့ အလ္လာဟ် ဟို အရှင်မြတ် သခင်၏ တမန်တော်မြတ်(ဆွ) ထံတွင် မွန်မြတ်လှသည့် စံနမူနာ ရှိပေသည်။ ))

ကြည့် -  စူရဟ် ၃၃ ၊ အာယတ်တော် ၂၁

မဟာ တမန်တော်မြတ်ကြီး (ဆွ) ကိုယ်တော်တိုင် အေမာမ် အလီ (အ.စ) အား မိမိ သေတမ်း တွင် ဤကဲ့သို့ မိန့်တော် မူထားပေသည်။

(( ကျွန်ုပ်၏ ခြောက်ခု မြောက် သေတမ်းစာ မှာ နမာဇ် ၊ ရိုဇာ ၊ ဆဒ်ကာ တို့တွင် ကျွန်ုပ်နောက် လိုက်ပါလေ ၊ ပြီးနောက် ကျွန်ုပ်၏ စွန္နတ်တော် အပေါ် လက်တွေ့ ကျင့်သုံးပါလေ။ ))

ကြည့် -  အလ်မဟာစင်(န) အတွဲ ၁၇ ၊ အလ်ကာဖီ အတွဲ ၈ ဟဒီးဟ်တော် အမှတ် ၃၃

ဟဇရတ် အလီ (အ.စ) မိန့်တော်မူသည်။

(( အကြင်မည်သူ မဆို မိမိ ကိုယ့်ကို အလ္လာဟ်ဟိုအရှင်မြတ်၏ အာဒါဗ်တော်များ (အလ္လာဟ် ဟို အရှင်မြတ် သတ်မှတ်ပေးထားသည့် စည်းကမ်းတော်များ )ဖြင့်တန်ဆာဆင်မည်ဆိုလျှင်အလ္လာဟ် ဟို အရှင်မြတ် သခင် သည် ၎င်းအား ထာဝရလွန်မြောက်မှု အတွက် လမ်းညွှန် ပေး တော် မူမည် ဖြစ်ပေသည်။ ))

ကြည့် -  အလ်ကာဖီ အတွဲ ၈ စာမျက် နှာ ၆၆

အေမာမ် ဂျာအ်ဖရ် ဆွာဒစ် (အ.စ) မိန့်ကြားတော်မူ သည်။

 (( အကြင်မည် သည့် မွတ်စလင် တစ်ဦးတစ် ယောက် မျှ တမန်တော်မြတ်ကြီး (ဆွ) ၏ စွန္နတ်တော်များ မှ တစ်ခု၊ခု ကျန်သွားပြီး ၎င်း စွန္နတ်တော် အား တကြိမ် ပင် မကျင့်သုံးလိုက် ရဘဲ ကွယ်လွန် သွားခဲ့ သည့် အဖြစ် ကို ကျွန်ုပ် မနှစ်သက်ချေ။ ))

ကြည့် -  မကာရေမ် မို အခ်လာက် ကျမ်း ၊  စာမျက် နှာ ၃၉

အမှန်တကယ် လူသားအနေဖြင့် မဟာတမန်တော်မြတ်ကြီး (ဆွ)၏ရုပ်ပိုင်းဆိုင်ရာ၊စွန္နတ်တော် ဖြစ်ဖြစ်၊ နာမ်ပိုင်းဆိုင် ရာစွန္နတ်တော်ဖြစ်ဖြစ်၊စွန္နတ်တော်များအားလုံးအပေါ်လိုက်နာကျင့်သုံး မည်ဆိုလျှင် လောကီ ၊လောကုတ္တ ရာ နှစ်ဌာန တွင်  သံသယ မရှိ အောင်မြင်မည် ဖြစ် ပါသည်။

 

မဟာတမန်တော်မြတ်ကြီး(ဆွ) ၏ အကြည့် ဆိုင်ရာ စွန္နတ်တော်

 

ကိုယ်တော် (ဆွ) သည် မိမိ ၏ အကြည့် ကို အောက်သို့ ကြည့်တော်မူလေ ရှိပြီးများသောအား  ဖြင့် မြေကြီး ဖက် သို့ ကြည့်တော်မူလေသည်။ မိုးကောင်းကင်ဖက် ကြည့်ခြင်းနည်းတော်မူလေ သည်။ မည်သူ တစ်ယောက်အား လှည့် လှည့်ပြီး မကြည့်တော်မူချေ ။တစ်ကြိမ်သာကြည့်တော် မူလေ့ရှိပေသည်။မည်သူနှင့် တွေ့တွေ့ အရင်ဆုံး ကိုယ်တော် (ဆွ) မှ စလာမ် စဆိုတော်မူ လေ သည်။

 

မဟာတမန်တော်မြတ်ကြီး(ဆွ) ၏ ပြောဆိုမှု  ဆိုင်ရာ စွန္နတ်တော်

 

ကျွန်ုပ်အားတမန်တော်မြတ်ကြီး (ဆွ) ၏ စကားပြောဆို ပုံ ပြောဆိုနည်း ပြောပြပါဟု အေမာမ် ဟစန်(အ.စ) အနေဖြင့် ဟင်ဒ် အား မိန့်တော်မူလေသည်။ ဟင်ဒ် အနေဖြင့် ပြောပြလေ၏ ။ ကိုယ်တော်(ဆွ)အမြဲသောက(အွန်မသ်စသည် အတွက်)ဖြင့်နေတော်မူပြီး၊အမြဲလိုလိုတွေးတော၊ ဆင်ခြင်နေတော်မူ လေ သည်။ ကိုယ်တော် (ဆွ) အတွက် သက်ထောင့် သက်သာ နားနေ

ရသည် ဟု၍ မရှိချေ။  များသောအားဖြင့် တိတ်ဆိတ် ငြိမ်သက်စွာ နေတော်မူပြီး ၊ အရေးကြီး သည့်အချိန်အ ခါမှ သာနှုတ်ဟတော်မူလေသည်။စကားဆိုချိန်တွင်အစအဆုံးနှုတ်အားဖြည်း ဖြည်း၊ညင်းညင်းသာ သာ ဖွင့်ဟတော် မူလေ့ရှိပါသည်။ ကိုယ်တော်(ဆွ)၏ စကားတော်များ သည် တိုတို တုတ်တုတ် နှင့်အဓိပ္ပာယ်ပြည့်ဝပြီး၊မလိုအပ်သည့် ရှင်းပြမှုနှင့်ကင်းတော်မူပါသည်။

နားထောင်သူအား အပြည့်အဝနားလည်စေသည့် စကားများဖြစ်ပေသည်။

စာရိတ္တတော် သည်အထူးကောင်းမွန် ၊စံပြ ဖြစ်တော်မူပြီး မည်သူအပေါ်မျှ  ရက်စက်မှု ၊နှိပ်စက် ညှဉ်း ပန်းမှု မပြုခဲ့ချေ။မည်သူ ကိုမျှ အထင်အမြင် မသေးတော်မူခဲ့ချေ။

ရိုးရိုးနေအ်မသ်တော် သည် လည်းကိုယ်တော်(ဆွ)၏အမြင်တွင်အထူးနေအ်မသ်တော်ကြီးအဖြင့်တွေ့ရပေသည်။ မည်သည့်နေအ်မသ်တော်ကိုမျှ

မကောင်း မပြောချေ။ အပုတ်မချပေ။ ထမင်း (စားဖွယ်) ကို မည်သည့် အခါမျှ မကောင်း မပြောတော်မူသည့်အပြင် ၊ ချီးမွမ်းတော်မူပေသည်။

မျှော် အပိုင်း(၂) ........... အင်ရှာအလ္လာဟ်

A – E – H. FATEMEH MASOMEH (s.a) / MYANMAR

အန်ဂျွန်မန်အေလ်မီ ဟဇရတ်ဖွာတေမေ၊မာစူမေ (စ.အ) မြန်မာ

MSM Journal May Issue