အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m- media
အင်္ဂါနေ့

၂၆ ဖေဖော်ဝါရီ ၂၀၁၃

၂၀:၃၀:၀၀
395174

ပါကစ္စတနှ်နိုင်ငံ ဆိုင်ရာ သြစတေးလျ သံအမတ် တစ်ဦး အစ္စလာမ်ဘာသာ သို့ ကူးပြောင်း

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

အစ္စလာမ္မဘတ် ။  Axel Wech  အမည်ရှိ ပါကစ္စတန်မှ သြစတေးလျသံအမတ်သည် အစ္စလာမ်သာသနာကို သက်ဝင် လက်ခံလိုက်ပြီး ပါကစ္စတန်နိုင်ငံပိုင် ရုပ်မြင်သံကြား၏ နာမည်ကြီး ‘ News Night ’ အစီအစဉ်တင်ဆက်သူ Sadia Afzaal နှင့် အိမ်ထောင်ထူခဲ့ကြောင်း ကြာသပတေးနေ့ facebook စာမျက်နှာတစ်ခုမှ ရေးသားလိုက်သည်။

သြစတေးလျသံအမတ်သည် Sadia Afzaal နှင့် လက်ထပ်ထိမ်းမြားမှုမပြုမီ အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ရန် ဆုံးဖြတ်ပြီးသည့်နောက်မှ အိမ်ထောင်ထူခြင်းဖြစ်ကြောင်း ပါကစ္စတန်မီဒီယာစောင့်ကြည့်ရေး အဖွဲ့ထံမှ သတင်းရရှိသည်။

သတင်းများအရ သူတို့နှစ်ဦးသည် မိမိတို့၏ နိကဟ် (ထိမ်းမြားလက်ထပ်မှုအခမ်းအနား) နှင့် ကူးပြောင်း သက်ဝင်မှုဆိုင်ရာ အသေးစိပ် အချက်အလက်များကို ဖုံးကွယ်ထားသည်ဟု ဆိုသည်။

Sadia Afzaal သည် အစ္စလာမ္မဘတ်၌ အခြေစိုက်သူ သတင်းထောက်တစ်ဦးဖြစ်ကာ နိုင်ငံခြားရေးဌာန၊ ပါလီမန်အထိ ပေါက်ရောက်သူဖြစ်သည်။ သမ္မတများဖြစ်သော President Asif Ali Zardar နှင့် President Pervez Musharraf  PM Yousaf Raza Gillani, PM Shaukat Aziz တို့အပါအ၀င် နိုင်ငံခေါင်းဆောင် အများအပြားကို အင်တာဗျူး ပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်သည်။

သူမသည် အခြားလုပ်ငန်းများတွင်လည်း ထိထိရောက်ရောက်ပါဝင်ဆောင်ရွက်မှု ရှိသည်။ ISPR နှင့် လက်တွဲပြုလုပ်သည့် Swat အစီအစဉ်၌ ပထမဆုံးသော အမျိုးသမီး anchor ဖြစ်သည့်အပြင် ၂၀၀၅ ခုနှစ် မြေငလျင်၊ ၂၀၁၀ ခုနှစ် ရေဘေး၊ VOA နှင့်လက်တွဲ၍ ၂၀၀၈ ခုနှစ် သမ္မတ အိုဘားမားရွေးကောက်ပွဲ ယှဉ်ပြိုင်မှုကိစ္စ စသည့် အရေးအရာအများအပြားတွင် ပါဝင်လှုပ်ရှားခဲ့သည်။

ဤသည်မှာ Sadia Afzaal အဖို့ ဒုတိယမြောက် အိမ်ထောင်ထူခြင်း ဖြစ်သည်။ ယခင်က သူမအား Sadia Zafar ဟု လူသိများကြပြီး ပထမခင်ပွန်းနှင့် သားတစ်ဦး ရရှိထားသည်။

ယခုဖြစ်ပေါ်နေသည့် သတင်းနှင့်စပ်လျဉ်း၍ မြို့တော်တွင်ရှိနေသော သြစတေးလျသံအမတ်ကြီးက တရားဝင်ငြင်းပယ် ပြောဆိုမှု မပြုဟု အစ္စလာမ္မဘတ်မှ The News Tribe သတင်းဌာနမှ ပြောကြားသည်။