အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm
ဗုဒ္ဓဟူးနေ့

၂၇ ဖေဖော်ဝါရီ ၂၀၁၃

၂၀:၃၀:၀၀
395566

ကျမ်းမြတ်ကွရ်အာန်၏ အာယတ်များထဲမှ အေမာမ်မဲဟ်ဒီ(အ.ဂျ)

ကျမ်းမြတ်ကွရ်အာန်၏ အာယတ်များထဲမှ အေမာမ်မဲဟ်ဒီ(အ.ဂျ)

ချီးမွမ်းခံထိုက်သော အလ္လာဟ်အသျှင်မြတ်သည် တစ်လောကလုံး၏ အုပ်စိုးသျှင်ဖြစ်ပြီး အလ္လာဟ်အသျှင်မြတ် ၏ ရဟ် မသ် ကရုဏာမှာ သက်ရှိအားလုံးအပေါ် သက်ရောက်လျှက်ရှိပြီး အလ္လာဟ်အသျှင်မြတ်၏ ရဟ်မသ်မှာ နဗီတမန်တော် မုဟမ္မဒ်(ဆွ)နှင့် တမန်တော်မြတ်(ဆွ)၏ မျိုးနွယ်များပေါ်တွင် အပြည့်အ၀ ကျရောက်လျှက် ရှိသည်။ ထိုမြင့်မြတ်သည့် ပုဂ္ဂိုလ်များအား ယုံကြည်လေးစားပြီး လက်ခံထားရန် ကွရ်အာန်ကျမ်းမြတ်တွင် မြင့်မားသည့် ကြီးကျယ်ခမ်းနားမှုဖြင့် ပါဝင်ခဲ့သည်။ တစ်ဆယ့်နှစ်ပါးမြောက် အေမာမ် ပွင့်ပေါ်မည့်အကြောင်း အား တမန်တော်မြတ်(ဆွ)နှင့် အဲဟ်လေ ဘိုင့်သ် (အ.စ)တို့က ရှင်းလင်းတင်ပြခဲ့သည်။ အေမာမ်(အ.ဂျ) ပွင့်ပေါ် ရန် ဒိုအာ ပြုရမည်မှာ မုအ့်မင်န်တိုင်း၏ တာ ၀န်ဖြစ်ကြောင်းအား စာရေးဆရာ ဆွာဒိက်ဟိုစိန်ရှီရာဇီ သည်“မဲဟ်ဒီ (အ.ဂျ) ဖိလ် ကွရ်အာန်” စာအုပ်တွင် ပါရှိသည့် အကြောင်းအရာများအား ဆီလျော်အောင် ဘာသာပြန်ဆို ထားပါသည်။

          ဤကျမ်းသည် (ထုတ်ပြန်ပို့ချပြီးဖြစ်သော ကျမ်းဂန်အသီးသီးတို့၌ ဗျာဒိတ်ပေးထားပြီးဖြစ်သော “ကွရ် အာန်” ) ဓမ္မကျမ်းတည်း။ ယင်းကျမ်းမြတ်နှင့် စပ်လျဉ်း၍ ယုံမှားသံသယဖြစ်ဖွယ်ရာအကြောင်း အလျဉ်းမရှိပြီ။ ယင်းကျမ်းမြတ် သည် သူတော်စင်များအဖို့ တရားလမ်းမှန်ကို ညွှန်ကြားပြသသော တရားဓမ္မ ဖြစ်သတည်း။ (စူရာဘက္ကရာ အာယတ် အမှတ်-၂)

          အကြင်သူတော်စင်များသည် (ကွရ်အာန်ကျမ်းက)အကွယ်၌ တည်ရှိသောအရာများကို အမှန်ဖြစ်သည် ရှိသည် ဟု ယုံကြည်ကြသည်။“ဆွလားသ်” ၀တ်ပြုကြသည်။ ထို့ပြင် ထိုသူတို့အား ငါအသျှင် ပေးသနားတော် မူထားသော ဥစ္စာပစ္စည်းများမှ ထိုသူတို့သည် လှူဒါန်းကြသည်။ (စူရာ ဘက္ကရာ အာယတ်အမှတ်-၃)

          ဟဇ်ရသ်ကာယင်မ်အလ်မဲဟ်ဒီ(အ.စ) ပွင့်ပေါ်မှုနှင့် စပ်လျဉ်း၍ ဟဇ်ရသ် ဂျာဘိရ်ဘင်န်အဘ်ဒွလ္လာ အန်စာရီ သည် တစ်နေ့ တမန်တော်မြတ်(ဆွ)အား မေးခွန်းများ မေးခဲ့ပြီး နောက်ပိုင်းတွင် ဘိုင်အသ်ယူပြီး တမန် တော်မြတ်(ဆွ)၏ လက်များအားကိုင်လျှက် အစ္စလာမ်သာသနာကို လက်ခံခဲ့ပြီး မေးခွန်းအချို့ မေးခဲ့ရာ ဤ အာယတ်များ၏ အဓိပါယ်ကို တမန်တော်မြတ်(ဆွ)မှ ရှင်းပြခဲ့သည်မှာ တမန်တော်မြတ်(ဆွ) မရှိသည့်နောက် တွင် ပုဂ္ဂိုလ်ဆယ့် တစ်ပါး အဆင့်ဆင့် ပွင့်ပေါ်မည်။ နောက်ဆုံး တစ်ဆယ့်တစ်ပါးမြောက် ပုဂ္ဂိုလ်မှာ အေမာမ် ဟစန်အစ္စကရီ၏သား  (၁၂)ပါး မြောက်အေမာမ်သည် ကျွန်တော် နဗီတမန်တော်မုဟမ္မဒ်(ဆွ)၏ ကိုယ်စားလှယ် လည်းဖြစ်မည်။ နာမည် (ဘွဲ့)များ များစွာအနက် အေမာမ်မဲဟ်ဒီ(အ.ဂျ)နှင့် ကျော်ကြားမည်ဖြစ်ပြီး လူအများမှ လည်း ထိုအမည်ဖြင့် တမ်းတကြမည်။ ထိုပုဂ္ဂိုလ်၏ ဘွဲ့များထဲမှအချို့မှာ အလ်ကာယင်မ်၊ အလ်ဟွဂ်ျဂျသ်ဖြစ်ပြီး ထိုပုဂ္ဂိုလ်မှာ လူအများရှေ့တွင်ပင် ပျောက် ကွယ်သွားမည်ဖြစ်ပြီး တစ်ချိန် လူအများရှေ့တွင်ပင် ပြန်ပေါ်လာ မည်။ ပြန်လည်ပွင့်ပေါ်လာသည်နှင့် ကမ္ဘာကြီး တစ် ခုလုံးအား တရားမျှတမှုများနှင့် ပြည့်သွားစေမည်။ ထိုအချိန် တွင် ကမ္ဘာမြေပြင်တစ်ခုလုံး ရက်စက်မှုများ များပြားနေ သည့်အချိန်လည်း ဖြစ်သည်။ သို့ရာတွင် လူကောင်း သူကောင်းများ။ ကောင်းမှုအား ဦးစားပေးသူများ၊ ရွှင်လန်း တက်ကြွနေသူများမှာ ထိုပုဂ္ဂိုလ်၏ ပျောက်ကွယ်နေ မှုအား “ဆဘရ်“ သည်းခံမှု၊ ကြံ့ခိုင်မှုတရားအား လက်ကိုင် ထား လျှက် စောင့်မျှော်နေကြမည်။ ထိုပုဂ္ဂိုလ်များ၏ အေမာမ်မဲဟ်ဒီ(အ.ဂျ)အပေါ် ချစ်ခင်မှုများမှာလည်း ခိုင်မြဲလှသည်။ ထိုပုဂ္ဂိုလ်များအကြောင်း ကျမ်းမြတ်ကွရ် အာန်တွင်လည်း ပါရှိသည်။

          “မွတ္တကီ”များနှင့် ပတ်သက်၍ ဆက်လက်ရှင်းပြသည်မှာ “မွတ္တကီ” ဆိုသည်မှာ ထိုလိုလူမျိုးလည်း ဖြစ် သည်။ အကွယ် “ဂိုင်းဘ်” အပေါ်တွင် အီမာန်သက်ဝင်ယုံကြည်သူများ၊ အေမာမ်သခင် အကွယ်တွင် ရှိသည်ကို ငြင်းဆိုခြင်း မရှိဘဲ လက်ခံသူများ၊ အဘယ်ကြောင့်ဆိုသော် “ဂိုင်းဘ်”အား “လေ”ဖြင့် ဥပမာပေးပါက အသင် မမြင်နိုင်။ ထို“လေ”ကြောင့်ပင် သက်ရှိလောက ရှင်သန်မှု၊ ခန္ဒာကိုယ်ရှိ အစိတ်အပိုင်းအချို့ကို ကြည့်ပါက မျက် လုံးများမှ ကြည့်ဖို့ရာ။ သို့သော် “လေ”ကို မမြင်နိုင်။ နားဖြင့်လည်း မကြားနိုင်။ နှာခေါင်းဖြင့် ရှူသွင်း၊ထုတ် ပြု လုပ်နေသော်လည်း မမြင်ရ၊ လျှာသည် အရသာခံရသော်လည်း “လေ“၏ အရသာကို မသိနိုင်။ လက်များဖြင့် ကိုင်တွယ်ဖမ်းဆုပ်၍လည်းမရ သကဲ့ သို့ “လေ”ရှိနေသည်ကို သိနေသော်လည်း မမြင်ရသကဲ့သို့ပင်။

          ထိုကဲ့သို့ပင် “အလ္လာဟ်အရှင်မြတ်”သည်လည်း အကွယ်တွင် ရှိနေသည်။ ကေယာမသ်သည်လည်း အကွယ် တွင် တစ်နေ့ဖြစ်ပေါ်လာမည်ကို သိနေမှုအားဖြင့် လက်ခံမူ ထိုနည်းတူစွာ ဟဇ်ရသ် အေမာမ်မဲဟ်ဒီ (အ.ဂျ)သည် လည်း သက်ရှိထင်ရှားရှိနေသော်လည်း အများ၏အမြင်တွင် မမြင်နိုင်။ သို့သော် သိနေခြင်းအား ဖြင့်လည်းကောင်း စောင့်မျှော်နေရမည်။ စောင့်မျှော်လျှက် ဆုမွန်ဒိုအာတောင်းဆိုလျှက်နေသူများအဖြစ် လော ကကြီးတွင် ဖြတ်သန်း ရမည်ဟူ၍ ဖြစ်သည်ဟု နဗီတမန်တော်မြတ်(ဆွ)မှ ရှင်းပြခဲ့လေသည်။