အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : အီးက္နာ
သောကြာနေ့

၁ မတ် ၂၀၁၃

၂၀:၃၀:၀၀
396258

မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ စာရိတ္တ ဆိုင်ရာ ဘဝ အမည်ဖြင့်ညီလာခံ ကျင်းပ / ပါကစ္စတန်

ပါကစ္စတန် နိုင်ငံ ပန်ဂျာဗ် ပြည်နယ် ရှိ ဂိုလ်ရစီးဒါန်မြို့ အစိုးရ ကျောင်းမှ ကျင်းမှူးသည့် မိမိကျောင်းရှိ ဟော ခန်းမ တွင် မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ စာရိတ္တ ဆိုင်ရာ ဘဝ အမည်ဖြင့်ညီလာခံ ကျင်းပ ခဲ့ပါသည်။

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊ အဗ်နာဤ မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ စာရိတ္တ ဆိုင်ရာ ဘဝ အမည်ဖြင့်ညီလာခံ တွင် အလာမာ စလ်မန် နခ်ရှ်ဗန်ဒီ နိုင်ငံကျော် အာလင်မ် တစ်ပါး မှ မွတ်စလင် များ အနေဖြင့် မလွဲမသွေ ကိုယ်တော်မြတ်(ဆွ)၏ ဘဝနှင့်အညီဘဝတည်ဆောက်ရ မည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ပြောကြားပါသည်။ မဟာတမန်တော်မြတ် ကြီး (ဆွ) ဘဝသည် လူသား တိုင်း အတွက် စာရိတ္တဆိုင်ရာနှင့်လူသားဆိုင်ရာ အရာ သင်ယူစရာများဖြင့် ပြည့်နေ ကြောင်း ၊ မွတ်စလင်များ အနေဖြင့် တမန်တော်မြတ်ကြီး (ဆွ) ဘဝတည်ဆောက်မှု အရ လက်တွေ့ ကျင့်သုံးမှ သာလျှင် စည်းလုံး သွေးစည်းမှုကို ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။အလာမာ စလ်မန် နခ်ရှ်ဗန်ဒီ မှ တမန်တော်မြတ်ကြီး (ဆွ) သည် မတတ်စွမ်း နိုင်သူများ ၊ ဆင်းရဲသားများ၊ မစ်ကင်း(န)များ ကို အမြဲ တစေ ကူညီဖေးမ ခဲ့ကြောင်း၊ အမြဲတမ်း လူသားများ ၏ အခက်အခဲ ဒုက္ခများကို ကူညီ ဖြေရှင်းဖို့ သာ ရှိခဲ့ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ဤညီလာခံတွင် ဆရာများ ၊ အတွေး အခေါ်ပညာရှင်များ ၊ သာသနာ့ ပညာရှင်များ နှင့် မြို့နေ မြို့သူ၊မြို့သားများ၊ ရပ်မိ ရပ်ဖများ တက်ရောက် နေရာယူခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့ တွင် ကျင်းပခဲ့ပါသည်။