အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm
တနင်္လာနေ့

၄ မတ် ၂၀၁၃

၂၀:၃၀:၀၀
397168

နောက်ဆုံး တမန်တော်မြတ် ကြီး (ဆွ) ၏ စံပြ စွန္နတ်တော်များ (၂)

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

မဟာတမန်တော်မြတ်ကြီး(ဆွ) ၏ ဒေါသထွက်ချိန် နှင့် ဝမ်းသာချိန် ဆိုင်ရာ စွန္နတ်တော်

 

မဟာတမန်တော်မြတ်ကြီး (ဆွ) သည်မည်သည့်အခါမျှ လောကီ အတွက် နှင့် လောကီ၏ ဒုက္ခ များ ၊အခက်အခဲ များ ကြောင့် ဒေါသ မထွက်တော်မူချေ ။ တပါးသူ၏ ရပိုင်ခွင့် မတရားလုပ်ခံ ရသည့် ကို မြင်တော်မူသည့် အချိန်တွင် မည်သူမျှ ကိုယ်တော်(ဆွ) အား မမှတ်မိတော့သည့် အခြေအနေထိ ရောက်အောင် ဒေါသထွက်တော်မူလေသည်။ အမှန်တရားဖက်မှ ကူညီ တော် မူချိန် မည်သည့် အရာကိုမျှ မကြောက်မရွံ့ တော်မူချေ။

 

ညွှန်ပြချိန်တွင် မိမိ၏ လက်နှစ်ဖက်တော်ဖြင့် ညွှန်ပြတော်မူလေသည်။ အံ့သြစရာ တစ်ခုခု ကို တွေ့တော်မူ ချိန်တွင် မိမိ၏ လက်တော်အား အပေါ်အောက် ပြုတော်မူလေသည်။စကားပြော ချိန်တွင် မိမိ၏လက်တော်များ ကို ပေါင်းတော် မူပြီး ဖယ်ဖက် လက်မတော်အားညာဖက်လက်ဖ ဝါးတော်ပေါ် တွင် တင်တော်မူလေသည်။

 

ဒေါသထွက်ချိန်တွင် ဒေါသ ကို ဖြေသိပ်တော်မူပြီး ၊ ဝမ်းသာ ပီတိ ဖြစ်ချိန် တွင် မိမိ၏ မျက်လုံး တော်များ ကို ပိတ် လိုက်တော် မူလေသည်။ ကိုယ်တော်မြတ် ၏ ရယ်မောခြင်းဆိုသည်မှာ ပြုံး တော်မူ သည့်အဆင့် အထိသာ ရှိတော် မူပေ သည်။ ပြုံးတော်မူချိန်တွင် သွားတော်များသည် (ဖြူဖွေးနေသည့်) ရေခဲတုံသေးသေးလေးများကို(စနစ်တကျစီထား သည့်ပမာ)တွေ့ရတော် မူပေသည်။

 

မဟာတမန်တော်မြတ်ကြီး(ဆွ) ၏ အိမ်တွင်းမှု  ဆိုင်ရာ စွန္နတ်တော်

 

အေမာမ် ဟစန် (အ.စ) အနေဖြင့် မိန့်တော်မူသည်။ကျွန်တော် အနေဖြင့် ဤစကားများ(တမန် တော်မြတ်ကြီး (ဆွ) အိမ်တွင်းမှုဆိုင်ရာ စွန္နတ်တော်များ ) ကို အချိန် တချိန် အထိ မိမိ၏ ညီတော် ဟိုစိုင်း(န) (အ.စ) မပြောပြ ဘဲနေခဲ့ပေ သည်။ ပြောပြချိန်တွင် ညီတော်(အ.စ) သည် ကျွန်တော်မပြောခင်ပင် သိနေပေသည်။ ထိုအခါ ဤစကားများကိုမည် သူထံမှကြားတော်မူ ခဲ့ပါသနည်း? ကျွန်တော် အနေဖြင့် မေးခဲ့လေသည်။ အဖြေပေးတော်မူလေသည်။

 

ကျွန်တော်( အေမာမ်ဟိုစိုင်း(န) (မ.စ) ) အနေဖြင့် တမန်တော်မြတ်ကြီး (ဆွ) ၏ အိမ်တွင်း၊ အိမ်ပြင်ဆိုင်ရာ အခြေ အနေ ၊ ထိုင်နည်းထနည်းနှင့် စသည့်ကဲ့သို့ အရာများ ကို ဖခမည်းတော် ထံမှ မေးမြန်းခဲ့ရာ ဖခမည်းတော် အနေဖြင့် တစ်ခုခြင်းစီ တစ်ခု မျှ မကျန် တင်ပြ ခဲ့ပါသည်။

 

အေမာမ် ဟိုစိုင်း(န) (အ.စ) မိန့်တော်မူသည်။ ကျွန်တော်အနေဖြင့် မိမိ၏ ဖခမည်းတော် ထံ တမန်တော်မြတ်ကြီး (ဆွ) ၏ အိမ်တွင်းမှု  ဆိုင်ရာ အခြေအနေများ ကိုမေးမြန်းခဲ့ရာ အဖြေ ပေးတော်မူ လေသည်။

 ကိုယ်တော်မြတ် (ဆွ) အနေဖြင့် မိမိ အလိုတော် ဆန္ဒ နှင့် သတ်မှတ်ထားသည့် အတိုင်း အိမ် သို့ ကြွမြန်းတော် မူလေ သည်။ မိမိ အချိန်ကို အပိုင်း (၃) ပိုင်းခွဲထားတော်မူလေသည်။ ပထမ တပိုင်းသည် အလ္လာဟ် ဟို အရှင်မြတ် သခင်ကြီ ၏ အေဗာဒတ် (ခ)ခဝပ်ကိုးကွယ်မှု အတွက် ဖြစ်ပေသည်။ဒုတိယ တပိုင်း သည် အိမ် သူ အိမ်သားများ အတွက်ဖြစ်ပြီး တတိယအပိုင်းသည် မိမိအတွက် သီးသန့် ဖြစ်တော်မူ လေ သည်။

 

မိမိအတွက် သီးသန့် သတ်မှတ်ထားသည့် အချိန် တွင်  ပြည်သူလူထု၏ အလုပ်များ ၊ သာဝ ကတော်များ ကို သွန်သင် ၊သင်ကြားပေးခြင်း ၊ အများပြည်သူ လူထု ၏ အခက်အခဲများ ကို စိစစ်တော်မှုခြင်း ၊ ဖြေရှင်း ပေးတော်မူခြင်း အတွက် အသုံးပြုတော်မူလေသည်။ထိုသီးသန့် အချိန် များကို မိမိ ၏ ကိုယ်ပိုင် ကိစ္စများ အတွက် မသုံးတော်မူချေ။

 

မဟာတမန်တော်မြတ်ကြီး(ဆွ) ၏ အာလင်မ် များ နှင့်ဆက်ဆံမှု ဆိုင်ရာ စွန္နတ်တော်

 

မဟာတမန်တော်မြတ်ကြီး (ဆွ) သည် အချိန်တိုင်း အာလင်မ် များ၊ပညာရှင်များနှင့်တွေ့ တော် မူလေ ရှိသည်။ ၎င်းအာ လင်မ် ၊ပညာရှင် တို့အား ၎င်းတို့၏ ဒီး(န) နှင့်ပတ်သက်ပြီး သိရှိထား သည့် ပညာနှင့်အညီ အရိုအသေ ၊အလေး အမြတ် ပေးတော်မူလေသည်။အာလင်မ်များ ၊ ပညာ ရှင်များ မှအာလင်မ်တစ်ဦး သည် လိုအပ်ချက်တစ်ခု ၊ နောက် ပညာရှင် တစ်ဦး သည် လိုအပ်  ချက် ၂ ခု ၊ တခြားအာလင်မ် တစ်ပါးသည် လိုအပ်ချက်များ ကိုယူဆောင် လာပြီး ကိုယ် တော် (ဆွ) ထံ လာလေသည်။ ကိုယ်တော်မြတ် (ဆွ) အနေဖြင့်လည်း အားလုံး ၏ လိုအင်ဆန္ဒ များ ကို ဖြည့် စီး ပေး သနားတော် မူလေသည်။

 

အာလင်မ်များ အား ၎င်းတို့၏ ပျော့ချက်အားနည်းချက်များကိုပြုပြင်ရန် သွန်သင်လမ်းပြတော်မူ လေသည်။အွန်မသ် (နောက်လိုက်နောက်သားများ) နှင့်စပ်လျဉ်းပြီး ၎င်းတို့ အား မေးမြန်းတော် မူလေသည်။ ၎င်းတို့အား အရေးကြီးသည့်  အကြောင်းအရာများ ကို ပို့ချတော်မူလေသည်။ မိန့်တော်မူလေသည်။ ရှိနေသူများ အနေဖြင့် မရှိသူများအားလုံး ကိုဤသတင်းနှင့်ပတ်သက်ပြီး ပို့ပေးပါလေ။(သတင်းသည်ကား) ကျွန်ုပ် ထံမလာနိုင်သူ မည်သူမဆို၏ လိုအပ်ဆန္ဒ၊ လိုအပ် ချက်များ ကို ကျွန်ုပ် ထံ တင်ပြပါလေ။

 

(အကြင်မည်သူမဆို လိုအပ်နေသူ တစ်ဦးတဟ်ယောက်၏ လိုအပ်ချက် ကို ဘုရင် တစ်ပါးပါး (အာဏာပိုင်တစ်ဦးဦး ) ထံ တင်ပြတောင်းဆိုပေးမည် ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ်သခင် သည် ကေယာမတ် နေ့ တွင် ၎င်း ၏ ခြေတော်များ ကို ကြံ့ခိုင်စေတော်မူပေမည်။

 

ကိုယ်တော်(ဆွ) ၏ ထိုင်ဝိုင်းတွင် ဤကဲ့သို့ (အဖိုးတန်) စကားများ ကိုသာတွေ့ရပေသည်။ ဤကဲ့သို့သော(အဖိုးတန်) စကားများ မှ အပ အခြား စကားများ ကို လက်ခံ မမူတော်ချေ။

အာလင်မ်များ ၊ ပညာ ရှင်များသည် ကိုယ်တော်မြတ် (ဆွ)ထံပညာနှင့်မအ်ရေဖသ်(နက်နဲသည့်  အသိတရား)တောင်း ခံရန်လာကြလေသည်။အပြန်တွင် ယောက်တိုင်း (ကိုယ်တော် မြတ် (ဆွ) ၏ ပညာ၏ ဘရ ကတ်တော်ဖြင့်)  သူတစ်ပါးကို လမ်းမှန် ပြနိုင်သူများ ဖြစ် သွားကြ လေသည်။

မျှော် အပိုင်း(၃) ........... အင်ရှာအလ္လာဟ်

 

A – E – H. FATEMEH MASOMEH (s.a) / MYANMAR

အန်ဂျွန်မန်အေလ်မီ ဟဇရတ်ဖွာတေမေ၊မာစူမေ (စ.အ) မြန်မာ