အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : MSM
အင်္ဂါနေ့

၅ မတ် ၂၀၁၃

၂၀:၃၀:၀၀
397242

နောက်ဆုံး တမန်တော်မြတ် ကြီး (ဆွ) ၏ စံပြ စွန္နတ်တော်များ (၃)

နောက်ဆုံး တမန်တော်မြတ် ကြီး (ဆွ) ၏ စံပြ စွန္နတ်တော်များ (၃)

မဟာတမန်တော်မြတ်ကြီး(ဆွ) ၏ အိမ် မှ အပြင် ထွက်ချိန်  ဆိုင်ရာ စွန္နတ်တော် အေမာမ်ဟိုစိုင်း(န) (အ.စ) အနေဖြင့် တမန်တော်မြတ်ကြီး (ဆွ) ၏ အိမ်မှ အပြင်ထွက်ချိန် ဆိုင်ရာ စွန္နတ်တော်များ  ကို ဖခမည်းတော် ထံမှ မေးမြန်းခဲ့ရာ ဖခမည်းတော် အနေဖြင့် မိန့်တော် မူလေသည်။ မဟာတမန်တော်မြတ် (ဆွ) သည် အရေးမကြီး မလိုအပ်သည့် စကားများအတွက် နှုတ်တော် မဟချေ။ လူထု အပေါ် မေတ္တာ ရှိတော်မူပေသည်။လူထုအား မိမိ အနီး မှ မမောင်းထုတ်တော် မမူချေ။ လူမျိုးတိုင်း၏ အကြီးအကဲများ ကို အရို အသေ အလေးမြတ် ထားတော်မူလေသည်။ ၎င်း လူမျိုးတိုင်း၏ အကြီးအကဲများ ကို မိမိတို့ လူမျိုး အတွက် အုပ် ချုပ်သူ အဖြင့် သတ်မှတ် ပေး တော်မူလေသည်။ အမြဲတန်လူထုအားမကောင်းမှုများပြဿနာများမှကာကွယ်စောင့်ရှောက်ပေးတော်မူလေသည်။အားလုံး နှင့် ကောင်းမြတ် ၊ကောင်းမွန်သည့်စာရိတ္တတော်ဖြင့်ဆက်ဆံတော်မူလေသည်။ မည်သည့် အခါမျှ ၎င်းတို့အား ကျောခိုင်းတော် မမူခဲ့ပေ။ မကောင်းသည့် ရှိုင်းစိုင်းသည့် စာရိတ္တ ဖြင့် မဆက်ဆံတော် မူခဲ့ချေ။မိမိ၏ဆွာဟာဗာ၊သာဝကတော်များအပေါ်ကိုယ်ချင်းစာတော်မူလေ သည်။ မိမိ၏ဆွာဟာဗာ၊သာဝကတော်များ ထံ မှ လူထု အကြောင်းမေးမြန်းတော်မူပြီး၊ကောင်းမြတ်သည့် လုပ်ဆောင်ချက်များ ဆိုလျှင် ချီးမွမ်း ထောပနပြုတော်မူပြီး ၊ အားပေးအားမြှောက် ၊ ကျောထောက်နောက်ခံ ပြု ပေး တော်မူလေသည်။ မကောင်းသည့် လုပ်ဆောင်မှု ဆိုလျှင် မကောင်းကြောင်းပြတော်မူပြီး သိက္ခာမဲ့ သည့် လုပ်ရပ်အသတ်မှတ်တော် မူလေသည်။ အလုပ်တိုင်းတွင် အလယ်အလတ် လမ်းစဉ် အရ ပြု တော်မူလေသည်။လူထုအနေဖြင့်လမ်းလွဲ  ၊လမ်းမှားရောက်သွား မည်ကိုစိုးရိမ်တော်မူသည့်စိတ်ကြောင့်တဒင်္ဂမျှပင်လူထုအားလုံးဝမပစ် ထား၊ မမေ့ထားတော်မူချေ။ မဟာတမန်တော်မြတ် ကြီး(ဆွ) သည် အမှန်တရား အတွက် တခဏ ပင် ပျော့ကွက် ၊ဟကွက်မပေးတော်မူချေ။ အမှန်တရားထက် ပိုပြီးလည်း အစွန်း မရောက်တော်မူချေ။ ကိုယ်တော် (ဆွ) ၏ အနီးအနား ရှိ ပုဂ္ဂိုလ်များ ကိုယ်တော် (ဆွ) ၏ အနီးအနား ရှိ ပုဂ္ဂိုလ်များ အားလုံးသည် လူကောင်းလူမွန်များ ဖြစ်ပါ သည်။မဟာ တမန်တော်မြတ်ကြီး (ဆွ) ၏ အမြင်တွင် လူထု အတွက် အကောင်းဆုံး လိုလား သူသာလျှင်အကောင်းတကာ အကောင်းမြတ်ဆုံး ၊ ပုဂ္ဂိုလ် ဖြစ်တော်မူပေသည်။ အကြီး ကျယ်ဆုံး ပုဂ္ဂိုလ်မှာ လူထု ၏ ရပိုင်ခွင့် (များ) တွင် ၊ကိုယ်ချင်းစာ၊ ပူဆွေး ပေးတတ်သူ နှင့် ကူညီ ဖေးမ ပေးသူ ဖြစ်ပါသည်။   မဟာတမန်တော်မြတ်ကြီး(ဆွ) ၏ မဂျလစ် (ထိုင်ဝိုင်း)  ဆိုင်ရာ စွန္နတ်တော် အေမာမ်ဟိုစိုင်း (န)(အ.စ)မိန့်တော်မူလေသည်။ကျွန်ုပ်အနေဖြင့်တမန်တော်မြတ်ကြီး (ဆွ) ၏ မဂျလစ် (ထိုင်ဝိုင်း)  ဆိုင်ရာ စွန္နတ်တော်များ  ကို ဖခမည်းတော် ထံမှ မေးမြန်းခဲ့ရာ ဖခမည်းတော် အနေဖြင့် မိန့်တော် မူလေသည်။ မဟာတမန်တော်မြတ် ကြီး (ဆွ) သည် ထိုင်တော်မူချိန် ၊ထတော်မူချိန် တိုင်း ဇေက်ရ်ခိုဒါ ပြု တော် မူလေသည်။ ကိုယ်တော်(ဆွ) သည် မဂျလစ် (ထိုင်ဝိုင်း) သီးသန့်နေရာ သတ်မှတ်ပြီး ထိုင်တော်မမူချေ။ ဤကဲ့သို့ မပြုဖို့လည်း မိန့်တော်မူလေသည်။ မည်သည့် ထိုင်ဝိုင်း ၊အစီအစဉ် တွင်မဆို ကိုယ်တော်မြတ် (ဆွ) ကြွမြန်းသွားတော်မူချိန် တွင် လွတ်နေသည့် နေရာ  တွင် ဝင်ရောက် ထိုင်တော်မူလေသည်။ မိမိ၏ သာဝကတော်များ အားလုံး ကို ဤကဲ့သို့ ကျင့်ရန် တိုက် တွန်းတော်မူ လေသည်။ မဟာတမန်တော်မြတ်ကြီး (ဆွ) သည် မိမိ နှင့်အတူ ထိုင်နေသူများ ၏ ရပိုင်ခွင့် ၊အခွင့်အရေး ကို ကောင်းမွန် စွာ  ဆောင်ရွက်တော်မူလေသည်။မည်သူတစ်ယောက်မျှမဟာတမန်တောမြတ် ကြီး(ဆွ) ၏ အနီးမိမိထက် သူတပါး ပိုမိုလေးစားဂုဏ်ပေးခြင်းခံရမည် ဖြစ်ကြောင်း ကိုပင် မစဉ်းစားကြပေ။ (ဆိုလိုသည်မှာ ကျောသားရင်သား ခွဲခြား ခြင်း မခံရသည့် အတွက်ကြောင့် ဖြစ်ပါသည်။ )ကိုယ်တော်မြတ် (ဆွ) သည် မည်သူမဆို ကိုယ်တော်နှင့်လာရောက် ထိုင်လျှင် ၎င်းထရပ်သည့် အချိန် အထိ သည်းခံပြီး လိုက်၍ ထိုင်ပေးတော်မူပေသည်။ မည်သူ မဆို ကိုယ်တော်မြတ် (ဆွ) ထံ လိုအပ်မှု ဆန္ဒ ယူဆောင်လာလျှင် ၊၎င်း၏ လိုအင် ဆန္ဒကို ဖြည့်စီး ပေးတော် မူလေသည်။(သို့) မိမိ၏ စိတ်ဝင်စားဖွယ် သြဝါဒတော်များ ဖြင့် စိတ် ချမ်းသာ တည်ငြိမ် အောင် ဆောက် ရွက်ပေးတော် မူလေသည်။ မဟာတမန်တော်မြတ်ကြီး (ဆွ) သည် လူထုအား မေတ္တာ၊ကရုဏာ ၊ အကြင်နာ ၊ အပြည့်ဖြင့် ဆက်ဆံသည့် အတွက် ၎င်းတို့ အနေဖြင့်  (အလိုက်သိ၊အကြင်နာ ၊စားနာမှုတရား အပြည့် ရှိသည့် ) အဖေတစ်ယောက် အဖြင့် သတ်မှတ် ခံစားကြရလေသည်။ကိုယ်တော် ၏ အနီး တွင် အားလုံးသည် အတူတူပင် ဖြစ်ပေသည်။ မျှော် အပိုင်း(၄) ........... အင်ရှာအလ္လာဟ်   A – E – H. FATEMEH MASOMEH (s.a) / MYANMAR အန်ဂျွန်မန်အေလ်မီ ဟဇရတ်ဖွာတေမေ၊မာစူမေ (စ.အ) မြန်မာ