အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : MSM
စနေနေ့

၂၃ မတ် ၂၀၁၃

၁၉:၃၀:၀၀
402440

ပညာညာဏ်ရှိသူတွေရဲ့  မှတ်ချက်တွေ

ကမ္ဘာ့ဘာသာတရားကြီးတစ်ခုကို ညာဏ်ပညာမဲ့သူတွေက တဇောက်ကန်းအမြင်တွေနဲ့ မိုက်မိုက်ကန်းကန်း ရမ်း ကားနေကြသည့် တိုင်အောင်။ ပညာညာဏ်ရှိသူတွေရဲ့  မှတ်ချက်တွေထဲမှာတော့ အောက်ပါအတိုင်း အခုလိုတွေ့ မြင်လိုက်ရပါသည်။ "အကယ်ရ်ျ ခေါမလူမျိုးများသည်လောကဓါတ်ပညာ၏ ဖခင်ဖြစ်လျှင် အာရဗ်လူမျိုးများသည် ထိုသားကိုတိုး တက်ဖွံ့ဖြိုးစေသော မွေးစားဖခင်ဟု မှတ်ယူရပါမည်" ကမ္ဘာ့သမိုင်းအကျဉ်းချုပ်(Short History Of The World)ကို ပြုစုရေးသားတင်ပြခဲ့သော အင်္ဂလိပ်စာရေးဆရာ မစ္စတာ အိပ်ခ်ျ၊ဂျီ၊၀ဲလ်(စ) (Mr.H.G.Wells) က ၄င်း၏ စာအုပ်ထဲတွင် အထက်ပါအတိုင်း မှတ်တမ်းတင်ဖော်ပြထားတာကို တွေ့မြင်ရပါသည်။ .................................................................. အမေရိကန်သမ္မတ ဘားရက်ဟူစိန်အိုဘားမားကလည်း အခုလို။ " ဒီနေ့ ကျနော်တို့အတွက် မရှိမဖြစ်တဲ့ အက္ခရာသင်္ချာ ၊ဒီနေ့ကျနော်တို့သုံးနေရတဲ့ သံလိုက်အိမ်မြှောင် ၊ရေကြောင်း အတတ်ပညာ ပုံနှိပ်စက်အတတ်နဲ့ စာပေရေးသားမှု၊ ရောဂါပျံ့  နှံ့ ပုံနဲ့ ကုသပုံ...ဒါတွေအားလုံးဟာ မုစ်လင်မ် ကွန်မြူ နတီရဲ့  တီထွင်မှုတွေဖြစ်ပါတယ်။ ဒါတင်မက ခန့်ညားထယ်ဝါလှတဲ့ မုခ်ပေါင်းကူးကြီးတွေ၊ မြင့်မြင့်သွန်းသွန်း စုလစ်မွန်းချွန်းတွေ၊ အချိန်ကာလမဲ့ကဗျာ၊ မက်မပြေစရာ ဂီတသုခုမ၊ ကြော့ရှင်းလှပတဲ့ လက်ရေးလက်သားအနုပညာနဲ့ ငြိမ်းအေးတဲ့ တရားရိပ်သာတွေ ဆိုရင် လည်း အစ္စလာမ်မစ်ယဉ်ကျေးမှုရဲ့  လက်ဆောင်မွန်တွေဖြစ်ပါတယ်။ သမိုင်းစဉ်တစ်လျှောက် ပြန်ကြည့်လိုက်မယ်ဆိုရင်လည်း ဘာသာတရားတွေအကြား အပြန်အလှန်သည်းခံ နားလည်မှု လူမျိုးများကြား တန်းတူညီမျှမှု စတဲ့ ခေတ်သစ်နှုန်းစံတွေကို စကားအရရော လက်တွေ့အရပါ သရုပ်ထင်ပြခဲ့တာ အစ္စလာမ်ဘာသာဖြစ်ပါတယ် " ကုရ်အာန်ကျမ်းဟာ ကျနော်တို့ နိုင်ငံရဲ့  ခေါင်းကိုင် ဖခင်ကြီးတစ်ဦးဖြစ်တဲ့ သောမတ်စ်ဂျက်ဖာဆင် သူ့ကိုယ်ပိုင် စာကြည့်တိုက်မှာ တရိုတသေ သိမ်းထားတဲ့ စာအုပ်ပါ။ အမေရိကန်နိုင်ငံရဲ့  ဒုတိယမြောက် သမ္မတ ဂျွန်အဒမ်ကလည်း "မုစ်လင်မ်များရဲ့  ငြိမ်းချမ်းငြိမ်သက်ခြင်းအပေါ် မလိုမုန်းထားတာမျိုး အမေရိကန်ပြည်ထောင်စုရဲ့  စရိုက်လက္ခဏာမှာ ဘယ်တုန်းကမှ မရှိပါ " ဟုရေးခဲ့ဖူးပါသည်။ ................................................................. ဗြိတိသျှစွယ်စုံကျမ်း အတွဲ(၁၂) ".....သမိုင်း၏ စောစီးစွာသောကဏ္ဍ အခြေအနေများတွင် များစွာသော အသေးစိတ်အချက်အလက်များအရ သူ(တမန်တော် မုဟမ္မဒ် peace be upon him )သည် ရိုးသားဖြောင့်မတ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ထို့အပြင် ရိုးသားဖြောင့်မတ်သော အခြားပုဂ္ဂိုလ်မွန်များ၏ ကျေးဇူးသစ္စာစောင့်သိခြင်းကို ခံခဲ့ရသူဖြစ်ပေသည်။ သူ(တမန်တော် မုဟမ္မဒ် peace be upon him )သည် တမန်တော်များနှင့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များအနက် အ အောင်မြင်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်" .................................................................. ကျွန်ုပ်သည် အစဉ်အမြဲ မုဟမ္မဒ်၏သာသနာကို အထင်ကြီးလေးစားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုသာသနာ၏ အံ့သြလောက်အောင် ရှင်သန်ဖွံ့ ဖြိုး တိုးတက်နေမှုကြောင့်ပင် ဖြစ်ပါသည်။ ကျွန်ုပ်သူ့ကို (တမန်တော် မုဟမ္မဒ် peace be upon him )လေ့လာပြီးဖြစ်ပါသည်။သူသည် ထူးဆန်းအံ့သြဖွယ် ကောင်းသူ ပင်ဖြစ်ပေသည်။အချိန်ကြာမြင့်စွာ ကတည်းက ခရစ်တော်ကို လက်ခံခဲ့သူ မဟုတ်သော ကျနော်၏ ထင်မြင်ချက်ကို ပြောရပါလျှင် သူ့အား လူသားထုတစ်ရပ်လုံး၏ ကယ်တင်ရှင် ဟုပင်ခေါ်ဆိုရပေမည်။ Sir George Bernard Shaw In The Genuine Islam - Vol-1 No.8 - 1936 ..................................................................... မဟတ္တမဂန္ဒီ၏ အမြင် ကျွန်ုပ်သိလိုခဲ့သည်မှာ သန်းပေါင်းများစွာသော လူသားတို့၏ နှလုံးသားတွင် တိမ်းညွတ်စွဲငြိစေပြီး အငြင်းပွားဖွယ်ရာ အလျဉ်းမရှိ အကောင်းဆုံးပါဟု လက်ခံထားရသူ တစ်ဦးသည် မည်သူပါလဲဟူ၍ပင်ဖြစ်သည်။ ကျွန်ုပ်ပို၍ သိရှိနားလည်သဘောပေါက်လာသည်မှာ ထိုခေတ်အခြေအနေများအရ လူနေမှုဘ၀ အစုစုတို့၏ စီမံကိန်း(စနစ်)အတွက် အစ္စလာမ်သာသနာအနေဖြင့် နေသားတကျ ဖြစ်ခဲ့ရသည်မှာ ဓါး လက်နက်ကြောင့် မဟုတ်ကြောင်း ပင်ဖြစ်သည်။ မုဟမ္မဒ် (peace be upon him) ၏ .... - တည်ကြည်ခိုင်မာသော ရိုးသားဖြူစင်မှု - အတ္တစွဲကို ခြေဖျက်တတ်မှု - သဘောတူညီမှု ကတိက၀တ်များကို စောင့်ထိန်းလိုက်နာမှု - မိတ်ဆွေ တပည့်များအပေါ် ပြည့်ဝစွာတာဝန်ကျေပွန်မှု - ရဲစွမ်းသတ္တိရှိမှု - ကြောက်ရွံ့ ခြင်းကင်းရှင်းသောစိတ်ဓါတ် - ကိုးကွယ်ရာထာဝရ တုနှိုင်းမဲ့အရှင်သခင်ကို အကြွင်းမဲ့ ယုံပုံလွှဲအပ်ထားရှိသည့် ယုံကြည်ချက်သဒ္ဒါ တရားရှိမှုနှင့် - သူကိုယ်တိုင်ဦးဆောင်ခဲ့သော အစ္စလာမ်သာသနာပြုလုပ်ငန်းတို့ကြောင့်သာ ဖြစ်ပေသည်။ ဤအရာများကသာ သူရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲ အကျပ်အတည်းများကို လွယ်ကူစွာ ကျော်လွှား သွားစေ နိုင်ခဲ့ပါသည်။ ဓါးကြောင့်မဟုတ်ပါ။တမန်တော်မြတ်၏ အတ္ထုပ္ပတ္တိ ဒုတိယတွဲကို ဖတ်ပြီးသောအခါ ဤမျှကြီးကျယ်သော ပုဂ္ဂိုလ်မွန်၏ အတ္ထုပ္ပတ္တိကို ဖတ်ရန် ကျွန်ုပ်တွင် စာအုပ်နောက်ထပ် မရှိတော့၍ ၀မ်းနည်းမိပါသည်။ ................................................................................ ၀န်ခံချက်။ ။ကျနော်၏ ယခုအကြောင်းအရာပါ စုစည်းတင်ပြမှုများမှာ အောက်ပါစာအုပ်များမှ ကူးယူဖော်ပြ ခြင်း ဖြစ်ပါသည်။ ၁. အစ္စလာမ်နှင့် လောကဓါတ်ပညာ စာရေးဆရာ - သီရိပျံချီ ဦးဘသောင်း။ ဘီ၊ အက်စ်၊ စီ၊ ဘီ၊ အယ်လ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာ ကောင်စီဠာနချုပ် မှ ထုတ်ဝေပါသည်။ ထုတ်ဝေသည့် ခုနှစ်- ၁၉၆၂။ ၂. က၀ိပညာကျော်တို့၏ မျက်ရှု့ မြတ်တမန် ဘာသာပြန်ဆိုသူ - အလ်ဟာဂ်ျ ဦးညွန့်မောင်သျှိန် B.Sc(Agri)CBDS, CEDS ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာ ကောင်စီဠာနချုပ် မှ ထုတ်ဝေပါသည်။ ထုတ်ဝေသည့် ခုနှစ်- ၂၀၀၉။ ၃. ၂၀၀၉ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အမေရိကန် သမ္မတ ဘားရက်အိုဘားမား အာရပ်ကမ္ဘာသို့ မိန့်ခွန်း စာရေးဆရာ - (ဦး)ကျော်ဝင်း နှစ်ကာလများစာအုပ်တိုက်မှ ထုတ်ဝေသည်။ ထုတ်ဝေသည့် ခုနှစ်- ၂၀၀၉။ ညိုသက်လွင် (မိတ်ဆွေ လူကြီးမင်းများအနေဖြင့်လည်း မှတ်ချက်အမျိုးမျိုး ပေးနိုင်ပါတယ် သို့သော် ယဉ်ကျေးပါ) ကိုညိုသက်လွင်၏ Facebook စာမျက်နှာမှ ကူးယူပါသည်။ မူရင်း