အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : myanmar media
စနေနေ့

၂၃ မတ် ၂၀၁၃

၁၉:၃၀:၀၀
402448

နိုင်ငံတော်သံဃာ့ မဟာနာယက အဖွဲ့ ဥက္ကဌ ဆရာတော် ဘုရားထံသို့ အိတ်ဖွင့်ပေးစာ

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ဂုဏ်လင်း ပေးပို့သော အိတ်ဖွင့်ပေးစာ

သို့ ဥက္ကဌဆရာတော်ဘုရား နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့

အကြောင်းအရာ။ ။  အခြားဘာသာဝင်များ အပေါ် ယုတ်ညံ့စွာစော်ကား အနိုင်ကျင့်ပြီး မိမိ၏ ဘာသာသာသနာကို ပြန်၍ သိက္ခာကျအောင် ပြုလုပ်နေသူ အလဇ္ဇီ ရဟန်းတုများ နှင့် နောက်လိုက် တောကြောင်တို့အား မသိကျိုးကျွံ ပြုနေခြင်းသည် သံဃာ့နာယကအဖွဲ့၏ ဂုဏ်သိက္ခာ ညှိုးနွမ်းခြင်းနှင့်အတူ ကမ္ဘာနှင့်ချီ၍ အရှက်ရဖွယ် ဖြစ်နေပါကြောင်း မေတ္တာရပ်ခံလျှောက်ထားခြင်း။

” ရှက်ခြင်းရှိသောသူကို မိမိကိုယ်ကို စောင့်ရှောက်သောသူဟူ၍ သိအပ်၏။” (အတ္တရ ရက္ခိတ သုတ်၊ သံယုတ်) ”

ဆရာတော်ဘုရားကြီးခင်ဗျား -

စိတ်ကျန်းမာ၍ ရုပ်ကျန်းမာပါစေ။

၃၈ဖြာ မင်္ဂလာတွင် “ဂါရဝေါစ” ရိုသေထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာတစ်ပါးတွင် ပါဝင်သည့်အတွက်၊ တပည့်တော်၏စာ၌ အချို့သူများအား နာမည်သာရေးကာ၊ ဂါရ၀ပြု စကားလုံးများ ထည့်မရေးထားသည်ကို ခွင့်လွှတ်တော်မူပါဘုရား” ။

မရိုသေထိုက်သူကို ရိုသေ ဂါရ၀ ထားမိပါက “အမင်္ဂလာ” ဖြစ်ရာ ၊ တပည့်တော်၏ စာ မင်္ဂလာရှိစေချင်၍ ဖြစ်ပါသည်။

ရတနာသုံးပါးတွင် ဘုရား၊ တရား၊ သံဃာ ဟူ၍ အစဉ်လိုက်ရှိရာ၊ သံဃာသည် သုံးပါးမြောက်ဖြစ်ပြီး သူ့ရှေ့တွင် ဘုရား နှင့် တရားက လက်ဦးမှု ရယူထားပါသည်။ ဆိုလိုသည်မှာ ယင်းသံဃာကိုယ်၌က ဘုရားရှင်ကို လက်ခံယုံကြည်ပြီး၊ တရားစောင့်ထိန်းမှု ရှိရပါသည်။ သို့မှသာ သံဃာစစ်စစ် ဗုဒ္ဓသားတော်မည်ပါသည်။

ဝမ်းနည်းစရာကောင်းသည်မှာ ဗုဒ္ဓဘာသာဝင်များသည်  ဘုရားမေ့၊ တရားမဲ့ သံဃာတော်များပင် ဖြစ်နေလင့်ကစား၊ ” ခန္ဓာကိုယ်ကို သက်န်းစည်းထားလို့ ” ရိုသေရမည်ဟု ခံယူထားကြပါသည်။ “ သံဃာအား ကိုးကွယ်ဆည်းကပ်ခြင်း ” ကို “ သင်္ကန်းအား ကိုးကွယ်ဆည်းကပ်ခြင်း ” အဖြစ် အယူမှားသော မိစ္စာဒိဌိ ဖြစ်နေကြခြင်း ဖြစ်ပါသည်။ သံဃာ့ဂုဏ်ရည် ဟူသည် ပုဂ္ဂိုလ်၌သာ တည်ကာ၊ အ၀တ်သင်္ကန်း၌ မတည်ကြောင်းကို နားလည်ဟန် မရှိကြပါ။

” ရဟန်းတို့၊ မှားယွင်းသော အမြင်သည် တရားမဟုတ်၊ မှန်ကန်သော အမြင်သည် တရားမည်၏။ မှားသော အမြင်ကြောင့် များစွာသော ယုတ်ညံ့အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏။ ဤသည်ကား အကျိုးမဲ့ရာတည်း။ မှန်သော အမြင်အကြောင်းကြောင့် များစွာသော ကုသိုလ်တရားတို့ ဖြစ်ကုန်၏။ ဤသည်ကား အကျိုးတည်း။ ” (အဇိတ သုတ်၊ အင်္ဂုတ္တိုရ်)

ယခုအခါတွင် အပုပ်ကောင် ရုပ်ဆောင်ထားသော ခန္ဓာကိုယ်ကိုသာ သင်္ကန်းစည်းကာ၊ နှလုံးသားကို သင်္ကန်းစည်းမထားသော ရဟန်းတု၊ သံဃာယောင်များသည် ဆူပူအုံကြွမှု နှင့် အဓိကရုဏ်းများ ပေါ်ပေါက်အောင် စင်မြင့်ပေါ်တွင်ဟောပြော၍ တစ်နည်း၊ စာတိုစာရှည်ဖြင့် လုပ်ကြံရေးသားခြင်းက တစ်ဖုံ၊ မုသားစွပ်စွဲပြောဆို ၀ါဒဖြန့်ဝေမှုကလည်း တစ်မျိုးအားဖြင့် အရှက်နည်း အတင့်ရဲကာ ယုတ်ညံ့စုတ်ချာသော အလုပ်ကိုပြုလုပ်နေကြပါသည် ဆရာတော်ဘုရား ။

ထိုသင်္ကန်းရုံ အလဇ္ဇီရဟန်းများ တစ်စထက်တစ်စ များပြားလာလျှင် ထေရ၀ါဒ ဗုဒ္ဓဘာသာသည်လည်း ထိုသံဃာယုတ်များကို မှီ၍ ဗိုလ်ချုပ် သတိပေးဖူးသည့် နိုင်ငံကြီး ဖြစ်လာနိုင်ပြီးနောက် မသူတော်တို့၏ သာသနာသာ ဖြစ်လာမည်ကို စိုးရိမ်မိပါသည်။ အကြောင်းမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် သံဃာတော်တို့၏အပိုင်းသည် အပြန်အလှန် တည်မှီနေ၍ ဖြစ်ပါသည်။

ကြောက်စရာကောင်းလှသော အလဇ္ဇီရဟန်းတို့အကြောင်းကို တပည့်တော်မှ အနည်းငယ်တင်ပြပါရစေ ဆရာတော်ဘုရား။

၁။    ပညာဝရ (ဓမ္မဒူတ – သိမ်ဇရပ်) အလဇ္ဇီရဟန်းက ၁၆-၁-၂၀၁၃ နေ့၊ စော်ဘွားကြီးကုန်းတရားပွဲတွင် ” ဘ၀လမ်းခွဲ တရားတော် ” ဟု အမည်တပ်ကာ ဟောကြားရာ၌ - ကျောင်းဆောက်ဖို့ ကားပေါ်မှ ပစ္စည်းများလာချသောအခါ၊ တိပိဋကကိုယ်တော် မင်းကွန်းဆရာတော် ဘုရားကြီးက ” ဘယ်ဆိုင်က ၀ယ်လာတာလဲ ” ဟု မေးရာ ၊ ဆိုင်နာမည်ပြောတော့ ၊  ” ဒါမွတ်စလင်ဆိုင်ဘဲ၊ ဘာဖြစ်လို့ မွတ်စလင်ဆိုင်က ၀ယ်လာရတာလဲ” ထပ်မေးရာ၊ ” ဗမာဆိုင်က ဈေးကြီးလို့ပါ ဘုရား ” ဟု လျှောက်တင်ရာ၊ ဆရာတော်ဘုရားက ” ဈေးကြီးရင် ကြီးပါစေ ၊ ဗမာဆိုင်ကပဲ ၀ယ် ” ဟု ပြောဆိုကြောင်း၊ ပညာဝရက ပညာမရသော စကားများထည့်သွင်းပြောဆိုသွားပါသည်။ အလဇ္ဇီပညာဝရ၏စကားများကို ခွဲခြမ်းစိစစ်ရပါသော် -

(က) တိပိဋက မင်းကွန်းဆရာတော်ကြီးက မန္တလေးရှိ ဘယ်ဆိုင်က ဗမာဆိုင်၊ ဘယ်ဆိုင်က မွတ်စလင်ဆိုင်၊ ဘယ်ဆိုင်က တရုတ်ဆိုင် စသည်ဖြင့် အတိအကျ သိနေပုံထောက်လျှင် ဆရာတော်ဘုရားကြီး၏ ပိဋကတ်တော် အာဂုံဆောင်နိုင်မှုကိုပင် သံသယ၀င်စရာ ရှိလာပါတော့သည်။ “ မန္တလေးမြို့ပေါ်က ဆိုင်တွေအကြောင်း သုတေသနပြုနေရလို့ ဆရာတော်ခမျာ စာကျက်ချိန်၊ စာချချိန် ၊ တရားမှတ်ချိန်၊ မေတ္တာပို့ချိန်ကော ရှိသေးရဲ့လား ” အတွေးဝင်မိပါသည်။

(ခ) မင်းကွန်းဆရာတော်၏ ” မေတ္တာပို့ ဆုတောင်း ” မှာ အလွန်ပြောင်မြောက်သည့်အတွက် သီချင်းအသွင်အဖြစ်ပင် သီဆိုခဲ့ကြပါသည်။ ဆရာတော့်မေတ္တာပို့ ဆုတောင်းသည် မြန်မာပြည်မှာ သာမက ကမ္ဘာကျော်ဆုတောင်းလည်း ဖြစ်ခဲ့ရပါသည်။ ယခုတော့  – “……..အနန္တစကြ၀ဠာ၊ အနန္တသတ္တ၀ါတို့ ” ဟုအစချီလျက် အနန္တနှင့်ချီသော ဆုတောင်းပိုင်ရှင်က မန္တလေးက မွတ်စလင်များအပေါ်ကျတော့ မေတ္တာ မထားနိုင်သည်မှာ ရယ်စရာကောင်းသည့်အပြင်၊ တရားနှင့် ပုဂ္ဂိုလ်၊ ပုဂ္ဂိုလ်နဲ့ သူ့ဆုတောင်း သတ်သတ်စီဖြစ်လျက် ဆန့်ကျင်ဘက် အသွင်ဆောင်သွားသောကြောင့် အလဇ္ဇီရဟန်း ပညာဝရ ပြောချလိုက်ပုံမှာကား ရွံ့မုန်းစရာပင် ကောင်းနေပါတော့သည်။ (ယင်းသို့ မင်းကွန်းဆရာတော်ဘုရားကြီး၏ နာမည်ကို ခုတုံးလုပ်ပြီး ပေါကြောင်ကြောင် မုသားစကားများဖြင့် အရောင်တင်သွတ်သွင်းလျက် ရိုးသားသော ဗုဒ္ဓဘာသာဝင်များ၊ အသိဥာဏ်ဆင်းရဲသော ဗုဒ္ဓဘာသာဝင်များအတွင်း အလဇ္ဇီရဟန်း ပညာဝရ၏ လှုံဆော်သွေးထိုးမှုသည် သံဃာအယောင်ဆောင်ခြင်းက တစ်ပြစ်၊ မုသားစကား ကလိန်ကကျစ်တရားများဟောခြင်းက တစ်ပြစ် ဖြစ်ခြင်းကြောင့် ဘာသာတရားအရရော ဥပဒေကြောင်းအရပါ ပြစ်မှုမြောက်သူတစ်ဦး ဖြစ်ပါသည်။

(ဂ) ” ဗမာဆိုင်တွေက ဈေးကြီးတယ်” ဟု ဆိုရာ သူ့စကားအရ ဗမာများကို “ အမြတ်ကြီးစား ၀ိသမလောဘသားများ ” ဟု တိုက်ရိုက် စော်ကားလိုက်ရာ ရောက်သွားပါသည်။ (ဃ) မွတ်စလင်တို့၏ ယုတ်မာပုံများ ဟုဆိုကာ ဇာတ်နာအောင် လုပ်ကြံပြောကြားနေသော်လည်း၊ ပညာဝရ အနေနှင့် ရယ်ကာမောကာ ပြောဆိုပြနေပုံကို ကြည့်လျှင်ပင် အဖြစ်မှန်အကြောင်းမဟုတ်သည်ဖြစ်သဖြင့် သူတကယ်စိတ်မနာကြောင်း ဖော်ပြနေပါသည်။

(င) မွတ်စလင်တို့၏စီးပွားရေးကိုတိုက်ခိုက်အောင်လှုံဆော်ကာ တစ်ပါးအမျိုးသားတို့၏အကျိုးကိုပျက်စီးစေခြင်း၊ မွတ်စလင်တို့၏ ဘာသာရေး အဆောက်အအုံများနှင့် စာသင်ကျောင်းများကို ချိုးဖဲ့ဖျက်ဆီးခြင်း၊ မွတ်စလင်များအပေါ် ရွံ့ရှာ မုန်းတီးလာအောင် လုပ်ကြံ ဇာတ်ဆင်ဝါဒဖြန့်ခြင်းများကို ဖန်တီးလျက် – အများသူငါတို့ မွတ်စလင်များနှင့် မပတ်သက်ရဲ၊ မဆက်ဆံရဲတော့ဘဲ မွတ်စလင်များအပေါ်အထင်သေးလာစေရန် စီမံကိန်းများချကာ ဗုဒ္ဓဘာသာဝင်ဦးရေများပြားလာဖို့ လုပ်ဆောင်နေခြင်းက ” ဗုဒ္ဓ၀ါဒီအမည်ခံ အကြမ်းဖက