အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ikna
တနင်္လာနေ့

၂၅ မတ် ၂၀၁၃

၁၉:၃၀:၀၀
403005

ကလေးငယ်များဆိုင်ရာ ကျမ်းတော်မြတ် ကုရ်အာန် ပြိုင်ပွဲ / သာသာရေစ်စတန် နိုင်ငံ

ပြည်ထောင်စု သာသာရေစ်စတန် နိုင်ငံ ၏ မွတ်စလင်များ ဆိုင်ရာစိစစ်ရေး အဖွဲ့၏ ကြီးကြပ်မှု ဖြင့် Almetyevsk မြို့ရှိ ဂျာ မေ့အ် မစ်ဂျစ်ဒ် တွင် ကလေး ငယ်များဆိုင်ရာ ကျမ်းတော်မြတ် ကုရ်အာန် ပြိုင်ပွဲ အား ကျင်းပ ခဲ့ပါသည်။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ မတ်လ ၂၃ ရက်နေ့တွင် ကလေးငယ်များဆိုင်ရာ ကျမ်းတော်မြတ် ကုရ်အာန် ပြိုင်ပွဲ အား ပြည်ထောင်စု သာသာရေစ်စတန် နိုင်ငံ ၏ မွတ်စလင်များဆိုင်ရာစိစစ်ရေးအဖွဲ့ Almetyevsk မြို့ ရှိ ဂျာ မေ့အ် မစ်ဂျစ်ဒ်ဂေါပကလူကြီးများ ၊ ဖလ်ရိုဒီး(န)အာဝါ အမည်ရှိ မဒဲရ်စေ ယေ အစ္စလာမ်မီ တို့မှ ပူးပေါင်းပြီး ကျင်းပ ခဲ့ပါသည်။ဤ ပြိုင်ပွဲ တွင် ပြိုင်ပွဲဝင် ကလေး များ မှ ၁၅ နှစ်အောက် ကလေးများ ဖြစ်ပြီး ၊ ကျမ်းတော် မြတ် အား သရ်သီးလ်နည်း အရ ဖတ်ရွတ်မှု ၊ အာဂုံဆောင်မှု ၊ ကို ယှဉ်ပြိုင်ခဲ့ကြပါ သည်။ဤပြိုင်ပွဲ တွင် အသက်အရ ရွေးချယ်ခဲ့ရာ အစ္စလာမ် နာစေရ် အိုဖ် ၇ နှစ်မှ ၉ နှစ် အရွယ် ၊ ခဒီဂျာ ဘာနူဟမီးဒ်အာဝါ ၊ အဟ်မဒ်မီးဆရက်အိုဖ် ၁၀ နှစ်မှ ၁၂ နှစ် အရွယ် ၊ အာစီယာ မဖ်လူးဟ် အာဝါ ၊အဗ်ဒွလ် လ္လာဟ် ဟာဒီ အိုဖ် ၁၃ နှစ်မှ ၁၅ နှစ် အရွယ် အထိ တို့တွင် အကောင်းဆုံး ဆုများ ဆွတ်ခူး ခဲ့ကြပါသည်။