အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : The International Quran News Agency
စနေနေ့

၃၀ မတ် ၂၀၁၃

၁၉:၃၀:၀၀
404500

မူကြိုကျောင်းများတွင် ဟေဂျာဗ် ဝတ်ဆင်မှု ကို ခွင့်မပြုခြင်း အတွက် ပြင်သစ် သမ္မတ မှ သဘောတူ

(ဖရန်စ်ဝါအောင်ဝါလန် ) ပြင်သစ် သမ္မတ မှ မတ်လ ၁၈ ရက်နေ့ တွင် မူကြိုကျောင်းများတွင် ဟေဂျာဗ် ဝတ်ဆင်မှု ကို ခွင့်မပြုခြင်း အတွက် ဥပဒေ အား သဘောတူလက် မှတ် ရေးထိုး အတိပြု ခဲ့ပါသည်။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ (ဖရန်စ်ဝါအောင်ဝါလန် ) ပြင်သစ် သမ္မတ မှ မတ်လ ၁၈ ရက်နေ့ တွင် ရုပ်မြင်သံကြား အစီအစဉ်တစ်ခု တွင် အစိုးရ မူကြိုကျောင်းများတွင် ဟေဂျာဗ် ဝတ်ဆင်မှု ကို ခွင့်မပြုခြင်း အတွက် ဥပဒေ အား သဘောတူလက်မှတ် ရေးထိုး အတိပြကြောင်း ကြေငြာ ခဲ့ပါသည်။ပြင်သစ် သမ္မတ အနေဖြင့် ဟေဂျာဗ် ဝတ်ဆင်သူ မိုရဗ်ဘီ ( လမ်းညွန် ဆရာ) အား အလုပ်မှ ထုတ်ခြင်းကို ပယ်ဖျက် ရန် တဖန် စိစစ်ရေး အမိန့် ကို တရားရုံးမှ ချမှတ်ပြီး နောက် ဥပဒေရေးဆွဲသူများ အားလုံး အနေဖြင့် ဘာသာရေး အထိမ်းအမှတ် တစ်ခု ဖြစ် သည့် အစိုးရ မူကြိုကျောင်းများတွင် ဟေဂျာဗ် ဝတ်ဆင်ခြင်း ကို ထားမြစ်သည့် ဥပဒေ ရေးဆွဲဖို့ လမ်းများ ကို မလွဲ မသွေ ပြုလုပ်ရန် ၊ ဥပဒေ ပုဒ်မ ကို ဤ ကိစ္စ နှင့် စပ်လျဉ်း ပြီး ရေးဆွဲ အတိပြုရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။ဤ ပြင်သစ် သမ္မတ ၏ ထုတ်ပြန်ချက် သည် ပြင်သစ် နိုင်ငံ သား မွတ်စလင်များ ကို ဒေါသ အမျက်ထွက်အောင် ၊စိတ်မချမ်းမြေ့ အောင် နိုးဆွ လိုက်ခြင်း ဖြစ်ပြီး ၊ အာဏာ ပိုင်များ ၏ ဟန်ဆောင်ပြီး ကြွေးကြော်နေသည့် ဒီမိုကရေစီ ၊ လူအခွင့်အရေး တွင် ချို့ယွင်းနေကြောင်း ပြဿနာ ရှိကြောင်းပြဆို လိုက်ခြင်း ဖြစ်ပါသည်။