အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : The International Quran News Agency
တနင်္ဂနွေနေ့

၃၁ မတ် ၂၀၁၃

၁၉:၃၀:၀၀
404791

( ကျမ်းတော်မြတ် ကုရ်အာန် ခရီးစဉ် ) အမည်ဖြင့် သင်တန်း အစီအစဉ် ကျင်းပမည် / အင်္ဂလန်

အင်္ဂလန် နိုင်ငံ ရှိ အူလူမ်မေ ကုရ်အာန် အကယ်ဒမီ BAQS ၏ ကြိုးပမ်း မှု ဖြင့် လာမည့် ရမ်ဇန် လမြတ်တွင်( ကျမ်းတော်မြတ် ကုရ်အာန် ခရီးစဉ် )အမည်ဖြင့် တာတို သင်တန်း အစီ အစဉ် ကျင်းပမည် ဖြစ်ပါသည်။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ လာမည့် ရမ်ဇန်လမြတ် ၏ ၅ရကနေ့် ၊ ၆ရက်နေ့ ၊ ၁၂ရက်နေ့ နှင့် ၁၃ရက်နေ့များ တွင်ကျင်း ပမည့် ဤ( ကျမ်းတော်မြတ် ကုရ်အာန် ခရီးစဉ် ) အမည်ဖြင့် တာတို သင်တန်း အစီအစဉ် တွင် အကြမ်းအားဖြင့် ကျမ်းတော်မြတ် ကုရ်အာန် တစ်အုပ်လုံး ကို (အကျဉ်းချုပ်) တင်ပြ သွား မည် ဖြစ်ပါသည်။ဤတာတို သင်တန်း တွင် ကျမ်းတော်မြတ် ကုရ်အာန် ၏ စကားလုံး အလုံး ၁၀၀၀ ၊ ဖြစ်ရပ် မှန် အကြောင်းအရာများ ၊ သင်ခန်းစာများ နှင့် အခြား သင်ကြားစရာများ အား သိရှိခွင့် ရမည် ဖြစ်ပါသည်။ထိုပြင် မိမိဘဝတည် ဆောက်ရတွင် တိုးတက်မှု နှင့် အတူ ကျမ်းတော်မြတ် ကုရ်အာန် ၏လမ်းညွန်ချက်ဖြင့်မိမိ ဘဝ ၏ နေ့စဉ်ကြုံတွေ့ နေသည့် အရာများ၏ ကဏ္ဍ နှင့် ပတ် သက်သည့် အာယတ်တော်ပေါင်း ၉၉ ပါး ကို သင်ကြားရမည် လည်း ဖြစ်ပါသည်။ဤ သင်တန်းအား ဒေသစံတော်ချိန် မနက် ၉ နာရီမှ ညနေခင်း ၆း ၃၀ နာရီထိ ကျင်းပသွား မည် ဖြစ်ကြောင်း သိရပါသည်။