အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm
စနေနေ့

၂၀ ဧပြီ ၂၀၁၃

၁၉:၃၀:၀၀
411288

ရှီအာအေမာမ် မီယာ သဖ်စီးလာ အသွင် (၁၀) မျိုး နှင့် မနုဿ လူသားများ

ရှီအာအေမာမ် မီယာ သဖ်စီးလာ အသွင် (၁၀) မျိုး နှင့် မနုဿ လူသားများ

ကေယာမတ်(သ) ကမ္ဘာတရားစီရင်မည့် နေ့တွင်လူသားသည် အသွင် (၁၀)မျိုးဖြင့်စုပေါင်း လာကြမည်ဖြစ်ကြောင်းကျွန်တော်တို့ရှီအာအေမာမ်မီယာများ၏သဖ်စီးကျမ်းတစ်ကျမ်းဖြစ် သည့်မဂ်ျမဟွလ်ဗရန်ကျမ်း၏စူရဟ်နဗာအာယတ်တော်အမှတ်(၁၈)၏အကျယ်ဖွင့်ဆိုရတွင်လာ ရှိပေ သည်။ ဟဒီးစ်တော်သည် ရှည်လျားသည့်အတွက် ဤနေရာတွင်အတိုချုပ်(အနှစ်ချုပ်ကို) ရေးသားတင်ပြ လိုက်ရပါသည်။

မဟာတမန်တော်မြတ်ကြီး(ဆွ)၏သာဝကတော်ကြီးများမှတစ်ပါးသည်ကိုယ်တော်(ဆွ)အားစူရဟ်နဗာအာယတ်တော်  အမှတ် (၁၈) (فتأتون افواجاً)  နှင့်ပတ်သက်ပြီး မေးမြန်းလေ၏။ ကိုယ် တော်မြတ် (ဆွ) အနေဖြင့် ငိုတော်မူပြီး အရေးကြီးသည် မေးခွန်းအား မေးလေသည်ဟု မိန့် တော်မူလေသည်။ ပြီးနောက်ဆက်လက်ပြီး အောက်ပါ အတိုင်း မိန့်တော်မူလေ၏။

ကေယာမတ်(သ) ကမ္ဘာတရားစီရင်မည့်နေတွင် လူထု အနေဖြင့် အသွင် (၁၀) မျိုးဖြင့် စုပေါင်း လာကြပေမည် ။

နံပတ် ၁ အုပ်စု - ကောလဟလ လွှင့်သူများ မျောက် သတ္တဝါ အသွင်ဖြင့်

နံပတ် ၂ အုပ်စု - ဟရမ် စား သူများ ဝက် သတ္တဝါ အသွင်ဖြင့်

နံပတ် ၃ အုပ်စု - အတိုး စားသူများ ခေါင်းမထောင်နိုင်သည့် အသွင်ဖြင့်

နံပတ် ၄ အုပ်စု - တရားမမျှတသည့် တရားသူကြီး  အကန်း သတ္တဝါ အသွင်ဖြင့်

နံပတ် ၅ အုပ်စု - တကိုယ်ကောင်းသမား၊မာနကြီးသူများ အင ၊အပင်း  အသွင်ဖြင့်

နံပတ် ၆ အုပ်စု - အပြောနှင့်အလုပ်မညီသည့် အာလင်မ် မိမိလျှာ ကို ဝါးစားနေသည့်  အသွင်ဖြင့်

နံပတ် ၇ အုပ်စု - အိမ်နီးနားချင်းကို ဒုက္ခပေး သူများ ခြေ၊လက် ပြတ်နေသည့် အသွင်ဖြင့်

နံပတ် ၈ အုပ်စု - စကား အပေးအယူလုပ်သူ ၊ ကုန်းတိုက်ကုန်းချောပြုသူ မီးကိုင်းများ တွင် ချိတ်ဆွဲ ခြင်းခံနေရသည့်

အသွင်ဖြင့်

နံပတ် ၉ အုပ်စု - ပျော်ပါးမြူးထူးသူ များ လူသေအပုတ်ကောင် ထက်ပိုပြီး ပုတ်သည်အနံ့အသက် ပိုင်ရှင် အသွင်ဖြင့်

နံပတ် ၁၀ အုပ်စု -အနိုင်ကျင့် သူများ(သတ်ဖြတ် ၊ ညှဉ်းပန်း …သူများ)  မီးအဝတ် အထည်များ ဝတ်ဆင်ထားသူများ အသွင်ဖြင့်တို့ဖြစ်ပါသည်။