အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm
ဗုဒ္ဓဟူးနေ့

၈ မေ ၂၀၁၃

၁၉:၃၀:၀၀
417360

မဟာတမန်တော်မြတ် (ဆွ) နေ့ ကျင်းပမှု သည် ဟီဂျရီ ၆၀၄ ခု နှစ်မှ စတင်ခဲ့ သည် ဆိုသည်မှာ မှန် ပါသလား ???

မဟာတမန်တော်မြတ် (ဆွ) နေ့ ကျင်းပမှု သည် ဟီဂျရီ ၆၀၄ ခု နှစ်မှ စတင်ခဲ့ သည် ဆိုသည်မှာ မှန် ပါသလား ???

တနှစ်ကျော်အရင် ဘရှီးလေး ဆိုသူ သည် မိမိ ကိုယ်ကို အဟ်လေစွန္နတ် အမည်ခံ ဖြင့် မိမိ ဗလောက် တွင် ((အစ္စလာမ်နှင့် တမန်တော်မွေးနေ့ )) အမည်ဖြင့် ပို့စ်တစ်ခု အား အသေ အချာ လေ့ လာ စူးစမ်း မှု မရှိဘဲ နှိုက်နှိုက်ချွတ်ချွတ် ဂဃနဏ မသိဘဲ မိမိတို့ ၏ ဝဟာဘီ (စလဖီ) ဆရာသခင်များ ၏ အကီဒါ ကို အစ္စလာမ် အမည်ခံ ဖြင့်ရေးသားပြီး ရိုးရိုး မွတ်စလင် များ ကို လမ်းလွဲ အောင် လုပ်ထားပေသည်။ ကျွန်တော်သည်လည်း အေမာမ် ခိုမေနီ (ရ.ဟ) သာသနာတက္ကသိုလ် ၏ ကျောင်းစာက တ ဖက် ၊ ဘာသာပြန် ကိစ္စ များ ကတဖုံ ၊ အိမ်ထောင်ရေး တာဝန် ဝတ္တရားက တနည်း စသည်ဖြင့် အချိန် မအားလပ်သည့် အကြားမှ အမှန်ကို အမှား ၊ စွန္နတ် ကို ဗေဒ်အသ် ၊ ကောင်းမှု ကို မကောင်း မှု စသည်ဖြင့် လိပ် ကို ဂျပိုး ၊ ဂျ ပိုးကို လိပ် ဖြစ်ေ အာင် ပြုနေသည့် အစ္စလာမ့် အမည်ခံ သာသနာ့ လမ်းသရဲ အချို့ ကြောင့် အချိန် လုပြီး အကျဉ်းရေးသားလိုက်ရပါသည်။ ဘရှီးလေး မေမြို့ သည် ဖေဖော် ဝါရီ ၂၅ ရက်နေ့ ၂၀၁၂ တွင် တင်ထားသည့် ပို့စ် ((အစ္စလာမ်နှင့် တမန်တော်မွေးနေ့ ))မှ အောက်ပါအတိုင်း ရေးထားပါသည်။ … ((တမန်တော်မြတ်(ဆွ)၏ ခေတ်အခါသမယမှ စ၍ ဟိဂ်ျရီသက္ကရာဇ် ၆ရာစုအကုန်ထိ မည်သူကမျှ တမန်တော်မွေးနေ့ ပြုလုပ်ခဲ့ခြင်းမရှိခဲ့ပေ။ ဦးစွာပထမ ပြုခဲ့သောနှစ်မှာ ဟိဂ်ျရီသက္ကရာဇ် ၆၀၄ ဖြစ်သည်။ စွလ်သွာန် အဗူစအီးဒ် မုဇဖ္ဖရ်နှင့် အဘွလ်ခပ်သွာဗ် ဗင်န် ဒေဟ်ယဟ် တို့မှ စတင်ပြုခဲ့ကြောင်း သမိုင်းစာမျက်နှာတို့တွင် ဖော်ပြထားရှိပါသည်။ ဤသို့ပြုလုပ်ရာတွင် အချက်သုံးချက်အား အမှူးထား၍ ပြုလုပ်ခဲ့ကြသည်။

 ၁။ ရဗီအွလ်အောင်ဝလ်လ ၁၂ ရက်နေ့အား မွေးနေ့တော်အဖြစ် သတ်မှတ်ခြင်း။၂။ သာသနာ့ ပညာရှင်များအား မွေးနေ့တွင် စုပေါင်းတက်ရောက်စေခြင်း။၃။ မွေးနေ့ပွဲ ပြီးဆုံးသွားသောအခါ တမန်တော်မြတ်(ဆွ)အား အီစွာလေ့ဆဝါးဗ် ပို့သရန် ရည်စူး၍ အကျွေးအမွေးများ ပြုလုပ်ခြင်း။ ))

ဘရှီးလေး မေမြို့ ၏ ဤရေးသားမှု ဖြင့် အထူးသဖြင့် ဘာသာရေး အသိပညာ မကျွမ်းကျင်သူများ အငိုက်မိသွားနိုင်ပေသည်။ ပိုမိုပြီး သူနှင့်သူ၏ ဝဟာဘီ (စလဖီ) ဆရာသခင်များ ၏ အကီဒါ ကို အစ္စလာမ့် အကီဒါ ဟုထင်သွားနိုင်ပြီး ၎င်း တို့ ပေါ်တင် လိမ်လည်မှု ၊ ခယာနတ် ပြုမှု ကို သိရမည် မဟုတ်ချေ။

ကျွန်တော် အနေဖြင့် ဗရှီးလေးမေမြို့ နှင့် သူဆရာသခင်များ ပြောတာ မှန်မမှန်  ဤနေရာ  တွင်အတိုချုပ် လေး တင်ပြပါမည်။

ဗရှီးလေးမေမြို့ သည် ဦးစွာပထမ ပြုခဲ့သောနှစ်မှာ ဟိဂ်ျရီသက္ကရာဇ် ၆၀၄ ဖြစ်သည်။ စွလ်သွာန် အဗူစအီးဒ် မုဇဖ္ဖရ်နှင့် အဘွလ်ခပ်သွာဗ် ဗင်န် ဒေဟ်ယဟ် တို့မှ စတင်ပြုခဲ့ကြောင်း သမိုင်းစာမျက်နှာတို့တွင် ဖော်ပြထားရှိပါသည်။ ဟုရေးထားပြီး ကျမ်း အကိုး အကား မရေး ထား ချေ။ အချိန်မရသည့်အတွက် သူ၏ ပို့စ် အား အသေး စိတ် တချက်ခြင်း အသေးစိတ်ပြီး မထောက်ပြတော့ပါ။ အထူးအကျဉ်းချုပ် အားဖြင့် ရေးသားတင်ပြ ရမည်ဆိုလျှင်…

 

ဤအတွက် ကျွန်တော်တို့ အေမာမ်မီယာ ၏ အိုလမာ များ ၏ အဆို ၊အထောက်အထား ၊ ကျမ်းဂန် ကို မတင်ပြ ဘဲ လက်ရှိ အကျော်အမော် စွန်နီ အာလင်မ် ကြီး တစ်ပါးဖြစ်သည့် ဗရှီးလေး နှင့် အပေါင်း အပါးတို့ အစ္စလာမ့် ကို အရောင် ဆိုးဖို့  ပညာသင်နေသည့် ပါကစ္စတန် နိုင်ငံ ၏ နိုင်ငံ သား ရှိက်ခ် ခွလ် အစ္စလာမ် ဒေါက်တာ သွာဟေလ် ရွလ်ကာဒရီ ဆပ် ၏ အဆို ကို တင် ပြ ပါမည် ။

ရှိက်ခ် ခွလ် အစ္စလာမ် ဒေါက်တာ သွာဟေလ် ရွလ်ကာဒရီ ဆပ် သည် ယခုလက်ရှိ ၎င်းရေး သား သီးကုံးထားသည့် ကျမ်း အူရ်သူ ဘာသာဖြင့် (( ဂျရှ်နေ မီလာဒွန်(န) နဘီ (ဆွ) ကီ ရှရ် အီ ဟိုင်စီယတ်သ် )) ၁၃ ကြိမ်မြောက် ပုံနှိပ် ၏ မှတ်တမ်းအရ အာရဘီ ၊ အူရ်သူ ၊ အင်္ဂလိပ် ဘာသာ ဖြင့် စာအုပ်ပေါင်း ၂၅၀ကျော်  ရေးသားထုတ် ဝေပြီးဖြစ်ပါသည်။ အကျဉ်းချုပ် ဆိုရ လျှင် လက်ရှိ စွန်နီ လောက တွင် အကျော်အမော် အာလင်မ် တစ်ပါး စာရင်း ဝင်ထားသူ ဖြစ်ပါသည်။

ကျွန်တော်အနေဖြင့် အကြံပြုလိုပါသည်၊ ဗရှီးလေးမေမြို့ နှင့် သူဆရာသခင်များ သည် ရှိက်ခ် ခွလ် အစ္စလာမ် ဒေါက်တာ သွာဟေလ် ရွလ်ကာဒရီ ဆပ် ရေးသားထားသည် အောက်ဖော်ပြပါ ကျမ်း များ ကို အသေ အချာဖတ်ပြီး အဖြေပေး စာအုပ်များ ပြန်ရေးမည် (သို့) တရားဝင် လူသိရှင်ကြား ၎င်း အာလင်မ် နှင့် မိုနာစေရာ လုပ်မည် ဆိုလျှင် အထူးထူးကို ကောင်းပြီး မြန်မာ မွတ်စလင် ညီနောင်များ အဖို့ နို့ နှင့်ရေ ကွဲ ပြားသွားပေမည်။

၁ ။ သာရီခေ မော်လွဒ် ဒွန်နဘီ (ဆွ)

၂ ။ ဂျရှ်နေ မီလာဒွန်(န) နဘီ (ဆွ) ကီ ရှရ် အီ ဟိုင်စီယတ်သ်

၃။ ဂျရှ်နေ မီလာဒွန်(န) နဘီ (ဆွ) အအေမာ ဝါ မိုဟဒေဆင်း(န) ကေ အက်္ကဝါ  ကီ ရောင်ရှာနီ မေ

ဗရှီးလေးမေမြို့ နှင့် သူဆရာသခင်များ ပြော သည့် တမန်တော်နေ့ သည်ဟီဂျရီ ၆၀၄ မှာ စတင်တာ မှန် မမှန် အနည်းငယ် အကျဉ်းအားဖြင့် စိစစ်ကြည့်ပါမည်။

အေမာမ်ဂျလာလွတ်ဒီးန် စူယူသီး ရေးသားထားသည့် ((الحاوی للفتوی )) ကျမ်း တမန်တော်နေ့ ကျင်းပခြင်း နှင့်ပတ်သက်ပြီး (( حسن المقصد