အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Popular News
ဗုဒ္ဓဟူးနေ့

၈ မေ ၂၀၁၃

၁၉:၃၀:၀၀
417366

ဗလီများသို့ ဘာသာခြားများ ဝင်ရောက်လေ့လာခွင့် ပိတ်ပင်ထားခြင်း မရှိဟုဆို

 

 အဟ်လေ့ဘိုက် (အ.စ)သတင်းဌာန ၊ အဗ်နာ  

အစ္စလာမ် ဘာသာဝင်များ ဝတ်ပြုရာ ဗလီများသို့ ဘာသာခြားများ ဝင်ရောက် လေ့လာခွင့်ကို မည်သည့်အခါ ကမျှ ပိတ်ပင်ထားခြင်း မရှိသလို ဝင်ရောက်လေ့လာ လိုပါကလည်း သက်ဆိုင်ရာ ဗလီဂေါပကအဖွဲ့၏ ခွင့်ပြုချက် ရယူပြီး အချိန်မရွေး ဝင်ရောက် လေ့လာ၍ ရကြောင်း အစ္စလာမ်ဘာသာရေး အသင်းများထံမှ သိရသည်။

'ဗလီထဲကို ဘာသာခြားတွေ ဝင်ရောက်ခွင့် ပိတ်ပင်ထားတယ်ဆိုတာ သတင်းအမှား ကြီးပါ။ ဘယ်တုန်းကမှ ပိတ်ပင်ထားခြင်း မရှိပါဘူး။ ဗလီထဲကို ဝင်ရောက်လေ့လာ ချင်တယ်ဆိုရင် ဗလီဂေါပက အဖွဲ့ဆီက ခွင့်ပြုချက် ရယူရုံ ပါပဲ' ဟု မြန်မာနိုင်ငံ လုံးဆိုင်ရာ မော်လ ဝီအဖွဲ့ချုပ်မှ ဦးကျော်စိုးက ပြောသည်။

သက်ဆိုင်ရာ ဗလီဂေါပက အဖွဲ့ထံသို့ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ခွင့်ပြု ချက်တောင်းခံပြီး ဝင်ရောက် လေ့လာနိုင်ကြောင်း၊ ဗလီတွင်း ဝင်ရောက် လေ့လာရန် အတွက် မည်သည့်ကန့်သတ်ချက် ကြီးကြီးမားမားမျှ မရှိကြောင်း သိရ သည်။ 'ဂေါပက အဖွဲ့ရဲ့ ခွင့်ပြုချက် ရပြီ ဆိုရင် ဝင်လေ့လာလို့ရပါတယ်။ ဒါပေမဲ့ ဘာသာရေးအရ ဖိနပ်မစီးရတာတို့၊ ကိုယ်လက်သန့်ရှင်းစင်ကြယ်အောင် လုပ်ဖို့တို့ပဲ လိုပါတယ်' ဟု အိုလမာ အစ္စလာမ် သာသနာပညာရှင်များ အဖွဲ့ ချုပ်မှ အောင်လာနာယူစွပ်ဖ်ဦးသိန်း မြင့်က ဆိုသည်။

ရွှေညဝါဆရာတော်က ယခုကဲ့သို့ ဗလီများ အတွင်းသို့ ဝင်ရောက်လေ့လာ ခွင့်၊ ဓာတ်ပုံရိုက်ခွင့် ပြုခြင်းသည် လက် ရှိဖြစ်ပေါ်နေသော ပဋိပက္ခ ဖြစ်စဉ်များ လျော့နည်း သွားစေရေး၊ နှစ်ဖက် သံ သယများ လျော့ပါးသွားစေရေး အတွက် များစွာ အထောက်အကူ ပြုနိုင်ေ သာ ကြောင့် ယင်းအား ကြိုဆိုကြောင်း မိန့် သည်။

'ကောင်းတဲ့ လက္ခဏာပေါ့ကွာ။ ငါတို့ ဘုန်းကြီးကျောင်း တွေမှာဆိုရင် ဘယ်သူမဆို လွတ်လပ်စွာ ဝင်ထွက်ခွင့် ရှိတယ်လေ။ အဲဒီတော့ သူတို့ရဲ့ ဗလီ တွေကိုလည်း ထင်သာမြင်သာတဲ့ ပုံစံ မျိုးနဲ့ ဘယ်သူမဆို လွတ်လပ်စွာ ဝင်ခွင့်၊ ဓာတ်ပုံရိုက်ခွင့် ရှိတယ်ဆိုရင် နှစ်ဘာ သာကြားမှာ ပဋိပက္ခတွေ၊ သံသယတွေ လျော့နည်း သွားလိမ့်မယ်လို့ ငါ့အနေနဲ့ မြင်တယ်' ဟု ရွှေညဝါဆရာတော်က မိန့်သည်။

ရခိုင်ပဋိပက္ခ အစီရင်ခံစာတွင် လည်း ဗလီများနှင့် အာရဗီ စာသင် ကျောင်းများကို သက်ဆိုင်ရာ၏ ခွင့်ပြု ချက်များနှင့် အညီ ဖြစ်စေသင့်ကြောင်း၊ အထူးသဖြင့် ဘာသာရေးနှင့် သက်ဆိုင် သော နေရာဖြစ်သည့် ဗလီများသည် မည်သူမဆို အချိန်မရွေး နားခို၊ တရား အားထုတ်နိုင်သော နေရာဖြစ်စေ သင့်ကြောင်း အကြံပြု ဖော်ပြထားသည်။

ကျော်ရဲလင်း