အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm( myanmar shia muslim )
အင်္ဂါနေ့

၆ ဩဂုတ် ၂၀၁၃

၁၉:၃၀:၀၀
449663

ဘာကြောင့်လဲ ဗျား …???

ဘာကြောင့်လဲ ဗျား …???

ချစ်ခင် လေးစားရပါသည့် ဓမ္မမိတ်ဆွေ အပေါင်းတို့ … ခင်ဗျား …

ကျွန်တော်တို့ တတွေဟာ မွတ်စလင်တွေ ဖြစ်ပါတယ် … ဒါပေမဲ့ … အစ္စလာမ်ဘာသာ၊သာသနာ့ ၏ အခြေခံ သင်ပြမှုတွေ သွန်သင်မှုတွေ ကို အပြည့်အစုံ မသိရှိပါဘူး ….

ကျွန်တော်တို့တတွေ ဟာ ရှီအာ အေမာမ်မီယာ တွေ ဖြစ်ပါတယ် … ဒါပေမဲ့ … ရှီအာ အေမာမ် မီယာ အကြောင်း အမှန်ကို အသေအချာမသ၊နားမလည် သေးပါဘူးခင်ဗျား …

ဒါ မှန်ကန်သည့် လုပ်ရပ် ဖြစ်ပါ သလား ….???

ကျွန်တော်တို့ဆီမှာ ခေတ်ပညာတွေ တော့အများကြီးဘဲ …. အခုဆို လူငယ်အများစု တွေဟာ ဘွဲ့ရ ပညာတတ်တွေ လေ … ဒါပေမဲ့ ဘာသာရေး အသိပညာတော့ တအား ၊ အားနည်း နေပါ တယ် လေ …

ကျွန်တော်တို့တတွေ ဟာ လောကီ အတွက်တော့ စဉ်းစားကြတယ်… စီစဉ်ကြတယ် … ဒါပေမဲ့ လောကုတ္တရာ အတွက်တော့ … သတိတောင်မရဘူးဗျား …

ကျွန်တော်တို့တတွေ ဟာ လောကီမှာ အဆင်ပြေပြေနေနိုင်ဖို့ တော့ ကြိုးစားကြတယ်လေ … ဒါပေမဲ့ … လောကုတ္တရာမှာ အဆင်ပြေဖို့ အတွက်ဆို လုံးဝလုံးဝ သတိမရှိကြဘူးလေ…

ကျွန်တော်တို့တတွေ ဟာ သတင်းစာတွေ ၊ ဂျာနယ်တွေ နေ့တိုင်းလိုလို ဖတ်ဖြစ်ကြတယ် … ဒါပေမဲ့ … ကျမ်းတော်မြတ် ကုရ်အာန် သေလာဝသ် ပြုဖို့ တော်တော်ရက်တွေ၊ လတွေ ၊ နှစ်တွေခြား သွား ကြတယ် …

ဒါ မှန်ကန်သည့် လုပ်ရပ် ဖြစ်ပါ သလား ….???

ကျွန်တော်တို့တတွေ ဟာ ကာတွန်း စာအုပ်တို့ ၊ ဝတ္တုစာအုပ်တို့ ဖတ်ဖို့ဆို စိတ် ပါတယ် … စိတ်ဝင်စားတယ် … ဒါပေမဲ့ ဘာသာရေး စာအုပ်တွေ ၊စာစောင် တွေ ဖတ်ဖို့ ဆို …. စိတ်မဝင်စားဘူး …

ကျွန်တော်တို့တတွေ ဟာ နိုင်ငံရေး ဆို လုပ်ချင်ကြတယ် … ဘာသာရေးဆို … ဝေးဝေး ကရှောင်တယ် …

ကျွန်တော်တို့တတွေ ဟာ ဝန်ထမ်းအလုပ်ရဖို့ ကြိုးစားကြတယ် ….သို့သော် …. အဟ်လေ့ဘိုက် (အ.စ) ၏ ဝန် ထမ်း ဖြစ်ဖို့ဆို မကြိုးစားကြဘူး …

ကျွန်တော်တို့တတွေ ဟာ မိမိတို့ ကြိုက်တဲ့ ရုပ်ရှင် မင်းသား ၊မင်းသမီးတွေ ၊ နိုင်ငံရေး သမားတွေ ၏ ဘဝသမိုင်း ဆို ဖတ်ကြ ၊မှတ်ကြ ၊လေ့လာကြတယ် …. သို့သော် …. အဟ်လေ့ဘိုက် (အ.စ) ၏ ဘဝသမိုင်းဆို … မဖတ်၊မမှတ်ကြဘူးလေ ….

ဒါ မှန်ကန်သည့် လုပ်ရပ် ဖြစ်ပါ သလား ….???

ကျွန်တော်တို့တတွေ ဟာ မိမိတို့ ကြိုက်တဲ့ ရုပ်ရှင် မင်းသား ၊မင်းသမီးတွေ ၊ နိုင်ငံရေး သမားတွေ ၏ စကားတွေ အဆို အမိန့်တွေ အသေအချာ မြတ်မြတ် နိုးနိုး မှတ်ထားကြတယ် …. ဒါပေမဲ့ …. အဟ်လေ့ဘိုက် (အ.စ) ၏ စကားတွေ အဆို အမိန့်တွေ အသေအချာ မြတ်မြတ် နိုးနိုး မ မှတ် ကြဘူးလေ ….

ကျွန်တော်တို့တတွေ ဟာ လောကီ လောက က အာဏာပိုင်တွေ အကြီးအကဲတွေနဲ့ တွေ့ဖို့ … ရုပ်ရှင်မင်းသား ၊မင်းသမီးတွေ ၊ နိုင်ငံရေး သမားတွေ့ဖိုဆို ထိပ်ဆုံးကဘဲ ဗျား…. ဒါပေမဲ့ အမှန်တကယ် အာဏာရှင် ၊ဖန်ဆင်းရှင် ၊ထာဝရ သခင် မြတ်အလ္လာဟ် နှင့် တွေ့ဖို့ (နမာဇ်) ဆို … ဝန်လေးကြတယ်လေ….

ဒါ မှန်ကန်သည့် လုပ်ရပ် ဖြစ်ပါ သလား ….???

ဘာကြောင့်လဲ ဗျား …??? ဘာကြောင့်လဲ ဗျား …??? ဘာကြောင့်လဲ ဗျား …???

မှတ်ချက် ။ ။ တောင်ကြီးမြို့ ရှိ နှစ်ပေါင်း ၁၁၂ကျော် အသက်ရှိနေပြီး၊ဖြစ်သည့် တောင်ကြီးရှီအာ အေမာမ်ဘာရာ တွင် ယခု နှစ် ရမ်ဇန်လမြတ်၏ ဒုတိယ အပတ် ကျွန်တော်၏ သောကြာခွသ်ဗာမှ ကောက်နှုတ် ချက်များ ဖြစ်ပါသည်။

ရှိက်ခ်ဂျမားလ် (ကွမ်း)