အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm( myanmar shia muslim )
ကြာသပတေးနေ့

၁၅ ဩဂုတ် ၂၀၁၃

၁၉:၃၀:၀၀
452136

တမန်တော်မြတ်(ဆွ)၏ အပေါင်းအဖော်များအပေါ် ရှီအာတို့၏ အတွေးအမြင်။ အပိုင်း(၁)

ခေါင်းစဉ်က တမန်တော်မြတ်(ဆွ)ရဲ့ အပေါင်းအဖော်များအပေါ် ရှီအာတို့ရဲ့အမြင်အကြောင်း ဖြစ်ပါ တယ်။ ခေါင်းစဉ်နဲ့ပတ် သက်ပြီး ကုရ်အာန်ကျမ်းမြတ်ပါ အလ္လာဟ်အရှင်မြတ်နဲ့ တမန်တော်မြတ်(ဆွ) တို့ရဲ့ အပေါင်းအဖော်များအပေါ်ထားတဲ့  အတွေးအမြင်ကို လေ့လာမှာဖြစ်ပါတယ်။ဒီလိုလေ့လာရာမှာ စွန္နီ ညီနောင် များရဲ့ယုံကြည်စိတ်ချအားထားရ တဲ့ ရှေးအယူ အဆ အရေးအသားများကိုလည်း ကိုးကားမှာ ဖြစ်ပါတယ်။

နိဒါန်း ရှီအာဘာသာဝင်များအနေနဲ့ တမန်တော်မြတ်(ဆွ)ရဲ့ အပေါင်းအဖော်များအပေါ် ထူးခြားတဲ့ ထင် မြင်ချက်မ ရှိပါဘူး။ ယုံကြည်စိတ်ချအားထားရတဲ့ ရိုးရာပြောင်းလဲမှုအပေါ် အခြေခံပြီး ပြန်ဆိုထားတဲ့ ပြန်ဆို ချက်များအရ အချို့မှာ တ မန်တော်မြတ်(ဆွ)ရဲ့ ကွဲပြားတဲ့အပေါင်းအဖော်များနဲ့ ပတ်သက်ပြီး အခန်းသတ် တင်ပြချက်များမှာ ကွဲလွဲမှုအ ချို့တွေ့ရပါ တယ်။စဉ်းစားရမှာက ဘယ်အယူအဆတွေက ယုံကြည်စိတ်ချ ရပြီး ဘယ်အယူအဆတွေက အငြင်းပွားစရာရှိ လဲဆို တာတွေဖြစ်ပါတယ်။ဒီယူဆချက်တွေကို ဖော်ပြမှာ ဖြစ် ပါတယ်။ တမန်တော်မြတ်(ဆွ)ရဲ့ အပေါင်းအဖော်နဲ့ပတ်သက်ပြီး ရှီအာဘာသာဝင်အမြင်အရ သုံးပိုင်း ခွဲခြား ပြီး စဉ်းစားပါတယ်။ ပထမအုပ်စုက အလ္လာဟ်၊ တမန်တော်မြတ်(ဆွ)တို့အပေါ်ယုံကြည်ပြီး အစ္စလာမ် အတွက် ပေးနိုင် သမျှကို ပေးဆပ် သူ တို့ဖြစ်ပါတယ်။ဒီအုပ်စုကအမြင့်ဆုံးဖြစ်တဲ့အပြင် တမန်တော် (ဆွ)လို အပ်တဲ့ အကူအညီမှန်သမျှပေးနေပြီး တ မန်တော်(ဆွ)ရဲ့ ထာဝရအတူရှိနေသူတွေ ဖြစ်ပါတယ်။ သူ တို့တွေဟာ တမန်တော်မြတ်(ဆွ)ကို အစဉ်ရိုသေလေးစားပြီး တမန်တော်မြတ်(ဆွ)ဟာ တစ်ခါတစ်ရံ အဓိ ပ္ပာယ်မဲ့ စကားတွေပြောတတ်တယ်လို့ ယူဆတတ်တဲ့ အုပ်စုအတွင်းကလည်း မဟုတ်ပါဘူး။ဒီပုဂ္ဂိုလ်မျိုး တွေ အလွန်ရှားပါးပါတယ်။အထင်ကရရှိတဲ့ ဒီပုဂ္ဂိုလ်တွေကတော့၊ အလီအိဘ်နေအ ဘီတာ လစ်(ဘ်) (အ.စ)၊ အဘူဇရ်ဂဖ်ဖာရီ၊ ဆလ်မာန်ဖာရ်စီ၊ မစ်(က်)ဒါးတ်၊ အမ္မာရ်အိဘ်နေယာစိရ်၊ ဂျာဘိရ်အိဘ်နေ အန်စာရီ စသည်တို့ဖြစ်ပါတယ်။ ဒုတိယအုပ်စုက၊ မွစ်လင်မ်များဖြစ်ပေမယ့် လုပ်ရပ်တွေက စစ်မှန်ရိုးဖြောင့်မှုမရှိတဲ့သူတွေ ဖြစ်ပါ တယ်။ တတိယအုပ်စုက တမန်တော်မြတ်(ဆွ)ကွယ်လွန်ပြီးနောက် အစ္စလာမ်အယူဝါဒကို စွန့်လွှတ်သူ သို့ မဟုတ် အလ္လာဟ် အရှင်မြတ်နဲ့ တမန်တော်မြတ်(ဆွ)တို့ကို မယုံတော့သူတို့ဖြစ်ပါတယ်။ ဒီအချက်အလက် တွေကို အလ်ဘူခါရီရဲ့ မှတ်တမ်း တင်ချက်တွေမှာ တွေ့ရမှာဖြစ်ပါတယ်။ ဒီအုပ်စုဝင်တွေက  အစပထမ မှာတော့ အစ္စလာမ်ဘာသာဝင်လာကြပြီး၊ မွစ် လင်မ်များအဖြစ် ရောထွေးနေလာခဲ့ကြပါတယ်။ အကယ် စင်စစ်သူတို့ဟာ လိမ်ညာဟန်ဆောင်သူတွေ သာဖြစ်ပါ တယ်။ ပမာအားဖြင့် အဘူဆွဖ်ယာန်နဲ့ သူ့သား မုအာ ၀ီယာ၊ မြေးဖြစ်တဲ့ ယဇီးဒ်ဖြစ်ပါတယ်။ ဘုရင်ခံဖြစ်ပြီးတဲ့နောက် ယဇီးဒ်ပြောတာက “ဟာရှင်မ္မီတွေဟာ အုပ်ချုပ်မှုနဲ့ ပတ်သက်ပြီး လှည့်စားအသုံးချခဲ့တယ်။ ဘာဟောကြားချက်မှလည်း မ တင် ပြခဲ့ ဘူး၊ တကယ်တော့ မှန်ကန်တဲ့ ဘာပို့ချချက်မှလည်း လက်ခံရရှိတာမဟုတ်ဘူး” ဆိုတဲ့စကား ဖြစ်ပါ တယ်။ စွန္နီကိုးကားချက်အရ။ History of -Tabari, Arabic ,13 ,page 2174 Tadhkirat Chawas, Fibt  Ibnal- Jawgi of Hanafi, P.261

ဟာရှင်မ္မီဆိုတာ တမန်တော်မြတ်(ဆွ)ရဲ့ လူမျိုးစုတစ်စုဖြစ်ပါတယ်။ တမန်တော်မြတ်(ဆွ)ဟာ လိမ်ညာသူတစ်ဦးဖြစ်ပြီး တမန်တော်အစစ်အမှန်လည်းမဟုတ်ဘူးဆိုတဲ့ ပြက်ရယ်ပြုတဲ့စကားကို ရည်ရွယ် ချက်ရှိရှိနဲ့ လုပ်ခဲ့ကြပါတယ်။ အချုပ် အခြာအာဏာဆိုတာ မက္ကာမြို့အပါအ၀င် ဒေသအားလုံးကို ထိန်းသိမ်း ဖို့ (စစ်မှန်မွန်မြတ်တဲ့ အစ္စလာမ့်ပို့ချချက်နဲ့)ဖြစ်ပြီး တမန်တော်မိုဟမ္မဒ်(ဆွ)ဟာ ရွေးချယ်စေလွှတ်ခြင်းခံရတဲ့ တမန်တော်ဖြစ်ပါတယ်။ သို့သော် ယဇီးဒ်က ဘာပို့ချချက်မှ မရှိသလို ဘာသတင်းစကားမှလည်း မရှိဘူးလို့ ထင်မြင်ယူဆနေပါတယ်။ ဒါက အလ္လာဟ်အရှင်မြတ်၊ အစ္စလာမ်သာသနာနဲ့ တမန်တော်မြတ်(ဆွ)အပေါ် ထားတဲ့ သူ့သဘောထားဖြစ်ပါတယ်။ သူ့အဖေ မုအာဝီယာနဲ့ အဖိုးဖြစ်သူ အဘူဆွဖ်ယာန် တို့ကလည်း ထူး မခြားနား ဖြစ်ပါတယ်။ (အွန်မေယဒ်)တို့ သိမ်းပိုက်ပြီး အွစ်မာန်အုပ်ချုပ်တဲ့ ကာလအစပိုင်းမှာ အဘူ ဆွဖ် ယာန်ပြောခဲ့တဲ့ စကားက (အို-အွမ်မေယဒ်)၊ ပြည်သူပြည်သားအပေါင်းတို့၊ ဒီပိုင်နက်ကြီး သင်တို့လက်ဝယ်ရောက်လာပါပြီ။ ကလေး ငယ်တွေ ဘော် လုံးနဲ့ဆော့ကစားသလို သင်တို့လည်း ဒီပိုင်နက်ကို ကစားနိုင်ကြပါပြီ။ ထို့ပြင် မိမိ မျိုးနွယ်စုအ တွင်း လက်ဆင့် ကမ်းပြောင်း လွဲနိုင်ပြီလည်း ဖြစ်ပါတယ်။ ဂျန္နတ်ရှိလား ဂျဟန္နမ်ရှိလား ကျွန်ုပ်တို့မသိပေမဲ့ င်္ဒပိုင်နက်ကြီး လက်ဝယ်ရှိနေတာကတော့ အမှန်ပါပဲ လို့ပြောခဲ့ပါတယ်။ စွန္နီကိုးကားချက် - Al-Istiab by Ibn Abd al-Barr V4. P-1679 - Sharh Ibn Abil Hadith V9 p-53 ရဲ့နောက်ဆုံးစာကြောင်းမှာဖော်ပြထားတာက သူ့ကိုယ်သူ အမည် တပ်ပြီး ကျိန်တွယ် ကာ အဘူဆွဖ်ယာန်ပြောတာက ဆ၀ါးဘ်မရှိသလို ဂိုနာလည်းမရှိ၊ ဂျန္နတ်မရှိသလို ဂျဟန္နမ်လည်း မရှိ၊ ပြန်လည် ရှင်ပြန် ထရမယ့်နေ့မရှိသလို ကေယာမတ်လည်းမရှိဘူးလို့ ပြောခဲ့ကြောင်း ဖော် ပြထားပါတယ်။ အဘူဆွဖ်ယာန်က အိုဟွဒ်ကိုသွားခဲ့ပြီး အိုဟွဒ်စစ်ပွဲမှာ ရှဟီးဒ်ဖြစ်ခဲ့တဲ့ တမန်တော်မြတ်(ဆွ)ရဲ့ ဘကြီးတော်ဟမ်ဇာရဲ့ အုတ် ဂူကို ခြေထောက်နဲ့ကန်ခဲ့ပါတယ်။ ပြီးတော့ပါးစပ်ကလည်း“ ယာ အဘူ-သင် ကျွန်ုပ်တို့နဲ့ ဆန့်ကျင်တိုက်ခိုက်ခဲ့ တဲ့နိုင်ငံ ဟာ နောက်ဆုံး ကျွန်ုပ်တို့လက်ထဲကို ရောက်ခဲ့ရပြီ မဟုတ် လား”လို ပြောခဲ့ပါသေးတယ်။