အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm
ဗုဒ္ဓဟူးနေ့

၁၁ စက်တင်ဘာ ၂၀၁၃

၁၉:၃၀:၀၀
462260

ဗဟုသုတ အတိုအထြာမ်ား

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

၁။  အသိလွယ် - အကျင့်ခက်

အကောင်းဆုံးနေ့သည်

ယနေ့

အသိဆုံးပုဂ္ဂိုလ်သည်

အလ္လာဟ်အရှင်မြတ်

အကောင်းဆုံးအချိန်သည်

လက်ရှိအချိန်

အကောင်းဆုံးလက်ဆောင်သည်

ခွင့်လွတ်ခြင်း

အကြီးဆုံးအရာသည်

မေတ္တာ

အကြီးဆုံးအဟန့်အတားသည်

အကြောက်တရား

အကြီးကျယ်ဆုံးသောအချိန်သည်

သေခြင်း

အလွယ်ဆုံးသောအလုပ်သည်

တဖက်သားကိုအပြစ်ရှာခြင်း

အသုံးမကျဆုံးသောပိုင်ဆိုင်မှုသည်

မာန

အကြီးဆုံးသောပိတ်ဆို့မှုသည်

အတ္တ

အကြီးဆုံးအမှားသည်

လက်လျှော့အရှုံးပေးခြင်း

အငြင်းပွားရဆုံသောလူသည်

အမြဲတမ်းညဉ်းထွားနေတဲ့သူ

အဆိုးဆုံးဆင်းရဲမှုသည်

စိတ်မပါ၊လက်မပါဖြစ်ခြင်း

အညံ့ဖျင်းဆုံးသောစိတ်ထားသည်

သူတပါးကောင်းစားတာကိုမနာလိုခြင်း

အလိုအပ်ဆုံးသည်

အများတွေးသလို၊မြင်သလို

စိတ်ချမ်းသာစရာအကောင်းဆုံးသည်

အလုပ်တစ်ခုကိုကောင်းကောင်းလုပ်ပြီးတဲ့အချိန်

 

( မပျင်းနဲ့၊ မခိုနဲ့၊ မကပ်နဲ့၊ စောစောထ၊ ပြီးးအောင်လုပ်၊ စိတ်ကောင်းမွေး၊ မည်သည့်ကိစ္စကိုမဆိုဝိရိယ စိုက်ထုတ်ကြိုးစားရာ၏။  အတိတ်ဘ၀က ညံ့ခဲ့ပေမဲ့  ၀ိရိယအကျိုးကိုပစ္စုပ္ပန်မှာခံစားနိုင်ကြမှာပါ။ )

 

၂။  ဘ၀မှာ-

 

အစားထိုးမရတဲ့ဆုံးရှုံးမှုနှစ်ခုရှိတယ်

အဲ့ဒါမိဘနဲ့အချိန်ပဲ

လူတစ်ယောက်ရဲ့ကျော်ဇောမှုဆိုတာ

အလုပ်လုပ်ခြင်းပဲ

မလုပ်တတ်ကြောင်းများများပြောလေ

မလုပ်တတ်လေ

လိုသလောက်မရနိုင်ပေမဲ့

လုပ်သလောက်တော့ရနိုင်မှာပါ

ဆင်ခြေပေးတဲ့ပါးစပ်

ထမင်းငတ်တတ်တယ်

နှေးတာအရေးမကြီး

ရပ်မနေဖို့ပဲအရေးကြီးတယ်

မနာလိုမဖြစ်ပါနဲ့

အလုပ်လုပ်တဲ့သူသာနေရာရမှာပါ

စာရိတ္တကောင်းရင်

နောက်ကြောင်းရှင်းတယ်

မေ့တယ်ဆိုတာ

မလေးစားလို့

ကြောက်တယ်ဆိုတာ

မခိုင်လုံလို့

အကျင့်စာရိတ္တသည်

ထိုသူ၏ကံကြမ္မာပင်ဖြစ်သည်။

( ၂ )

၃။  လူအကဲခတ်နည်း

 

ကျွန် (အခိုင်းအစေ) တို့၏အကဲကို

ခိုင်းစေကြည့်သောအခါ၌   သိရ၏။

ဆွေမျိုးသားချင်း အကဲကို

ဘေးဒုက္ခရောက်သောအခါ၌   သိရ၏။

မိတ်ဆွေစစ်၊ မိတ်ဆွေမှန်၏အကဲကို

ဥစ္စာမရှိသောအခါ၌   သိရ၏။

ဇနီးမယား၏အကဲကို

စည်းစိမ်ကုန်မှ   သိရ၏။

 

  (၄) နာယကဂုဏ် (၆)ပါး

 

ထကြွလုံးလရှိခြင်း

ဥဋ္ဌာန    ဂုဏ်

နိုးကြားခြင်း

ဇာဂရိယ  ဂုဏ်

သနားခြင်း

ဒယာ   ဂုဏ်

သည်းခံခြင်း

ခမာ   ဂုဏ်

ဝေဖန်ခွဲခြားတတ်ခြင်း

သံဝိဘာဂ  ဂုဏ်

အမြော်အမြင်ကြီးခြင်း

ဣက္ခဏာ  ဂုဏ်

 

(၅)  နာယကမတင်ထိုက်သောသူ ပုဂ္ဂိုလ် (၆)  ပါး

 

ဂဏန်းကဲ့သို့

အမြဲလက်မထောင်လေ့ရှိသူ

ပုတ်သင်ကဲ့သို့

သူတပါးလုပ်သမျှ ခေါင်း ညိမ့်တတ်သူ

လေလာရာ

ယိမ်းပါတတ်သူ 

ကိုင်းပင်ကဲ့သို့ 

ဟိုဖက်ဒီဖက်  ယိမ်းပါတတ်သူ

နွားသိုးကဲ့သို့ 

ရှူးရှူးဒိုင်းဒိုင်း  ပြုမူ