အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
ဗုဒ္ဓဟူးနေ့

၁၁ စက်တင်ဘာ ၂၀၁၃

၁၉:၃၀:၀၀
462290

လူမျိုးကြီးဝါဒ အမြစ်တွယ်စေတဲ့ သမိုင်း တရားခံများ

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ 

စက်တင်ဘာ ၃ ရက်၊ ၂၀၁၃ မူရင်းဆောင်းပါးရှင်- ဒေါက်တာဇာနည် ဘာသာပြန်- သာကီထက်ကောင်း

လွန်ခဲ့တဲ့နှစ်အလွန်ကတည်းက မြန်မာနိုင်ငံမှာ နာဇီလက်သစ် ဗုဒ္ဓဘာသာဝင်တွေတိုးပွားလာပြီး၊ သီးခြားလူနည်းစုဖြစ်နေတဲ့ မွတ်စ်လင်မ်တွေ၊ မွတ်စ်လင်မ်တွေရဲ့ သမိုင်းနောက်ခံတွေကို ပစ်မှတ်ထားလို့ လူရမ်းကားတွေက အကြမ်းဖက်မှုတွေ ပြုလုပ်လာကြတယ်။

အစ္စလာမ်အပေါ် တစ်ဖက်သတ် အမြင်စောင်းမုန်းတီးတဲ့ လှုပ်ရှားမှုဗဟိုချက်ကိုကြည့်လိုက်ယင် အာဏာပိုင်အစိုးရ နဲ့ တစ်ချိန်ကခေါင်းဆောင်ဟောင်းများက အစပျိုးလာတာကို တွေ့ကြရပါလိမ့်မယ်။ သူတို့ဟာ မိမိတို့ ပုဂ္ဂလအစီအမံတွေ၊ အပါးတော်မြဲ အုပ်စုတွေရဲ့အကျိုးတွေကို ကာကွယ်ထားနိုင်ဖို့အတွက် ကလိမ်ကကျစ်နိုင်ငံရေးစံနစ်နဲ့ ရှေ့ဆက်လာကြပြီး နိုင်ငံရေးဘောဂဗေဒဖြစ်စဉ်ထဲ ဆက်လက် သွတ်သွင်းလည်ပတ်နေစေတာဖြစ်တယ်။

ဒီအကြမ်းဖက်မှုတွေနဲ့စပ်လျဉ်းပြီး မြောက်များစွာသော မြန်မာ့အရေးကျွမ်းကျင်သူတွေ၊ စောင့်ကြည့်လေ့လာသူတွေ၊ ဂျာနယ်လစ်တွေအပြင် နိုင်ငံတကာက ဗုဒ္ဒဘာသာဝင်များ အကြားမှာ အမြင် အမျိုးမျိုးရှိနေကြတယ်။ တစ်ချို့က သမ္မတ ဦးသိန်းစိန်ရဲ့ စစ်တပ်တစ်ပိုင်း အရပ်သားတစ်ပိုင်း အစိုးရကနေ ပေးအပ်လိုက်တဲ့ လွတ်လပ်မှုပုံဟန်သစ်ကြောင့်လို့ ပြစ်တင်ကြတယ်။ တစ်ချို့ကတော့ လူမျိုးဘာသာခွဲခြားမှုဆိုင်ရာ ပဋိပက္ခအဖြစ် ရှုမြင်ကြတယ်။

တစ်ချို့ကလည်း မျှတမှုမဲ့ဖွံ့ဖြိုးရေး နဲ့ လူတန်းစားတွေအကြား ၀င်ငွေကွာဟချက်ကြီးမားခြင်းက အရင်းခံအကြောင်းဖြစ်တယ်လို့ သုံးသပ်ပြန်တယ်။ ဗုဒ္ဓကျမ်းဂန် သုတေသီများ နဲ့ ယဉ်ကျေးမှုတန်ဖိုးထားသူများက အဆုံးသတ်ဆွေးနွေးတင်ပြလိုက်တာကတော့ မြန်မာနိုင်ငံမှာ Islamophobia လို့ခေါ်တဲ့ “အစ္စလာမ်အပေါ် တစ်ဖက်သတ်အမြင်စောင်းမုန်းတီးမှုရောဂါ” ဖြစ်ပေါ်နေလို့ပါတဲ့။

အသေချာဆုံးကတော့ အထက်ပါဖော်ပြချက်အပေါင်းက မြန်မာမွတ်စ်လင်မ်ထုကို တအုံတကျင်း ဆန့်ကျင်အကြမ်းဖက်မှုတွေနဲ့အတူ မြေလှန်လိုခြင်းဟာ နက်နက်ရှိုင်းရှိုင်း ပွင့်ထွက်လာတယ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းထဲ ပိုပြီးနားလည်သိမြင်သွားစေတာပါဘဲ။ ဒါပေမယ့် စစ်တပ်ထိန်းချုပ်ထားတဲ့နိုင်ငံတစ်ခုဟာ အာဏာရှင်ဒဿန လမ်းကြောင်းအတိုင်း လူမျိုးကြီးဝါဒကို ကာလကြာရှည် သွတ်သွင်းထားလေ့ရှိကြောင်း သူတို့အားလုံး မြင်အောင်မကြည့်တတ်ကြပေဘူး။ အိမ်ခန်းထဲ ဆင်တစ်ကောင်လုံးရောက်နေတာတောင် မမြင်နိုင်အောင် ဖြစ်နေကြတယ်လို့ဆိုရမှာပါ။

ကမ္ဘာ့သုံးသပ်ချက်နဲ့ဆန့်ကျင်စွာ တိုင်းမ်မဂ္ဂဇင်းက အစွန်းရောက်ဗုဒ္ဓ၀ါဒီ (Buddhist Terror) ဆိုပြီး မျက်နှာဖုံးဆောင်းပါးအဖြစ် ဖော်ပြလိုက်တယ်။ ဒီဖော်ပြချက်မှာ ဗုဒ္ဓဘာသာကို ပြဿနာရှာတာမဟုတ်သလို ဗုဒ္ဓဘာသာဝင်ဗမာလူမျိုးမှန်သမျှကို သိမ်းကျုံးဆိုလိုထားတာလည်း မပါပါဘူး။ ယေဘူယျသုံးသပ်ချက်ထက် ပိုပြီး လက်တွေ့ကျတဲ့အချက်အလက်ကို တင်ပြထားခြင်း၊ လမ်းလွဲလမ်းမှားကို တည့်မတ်ပေးလိုခြင်းသာ ဖြစ်ပါတယ်။

မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတွေကို ဖယ်ထုတ်ရေး၊ အဲ့ဒီနောက် လက်ရဲဇက်ရဲသတ်ဖြတ်မှု၊ ဖျက်ဆီးသောင်းကျန်းမှု၊ ခိုးဆိုးလုယက်မှု၊ မွတ်စ်လင်မ်အိမ်ခြေနဲ့ဗလီ ၀တ်ကျောင်းတွေကို မီးလောင်တိုက်သွင်းမှု စသဖြင့် တကယ့်လူရမ်းကားတွေသုံးပြီးတိုက်ခိုက်တဲ့နေရာမှာ — စစ်ဗိုလ်ချုပ်များ၊ ဗိုလ်ချုပ်ဟောင်းများရဲ့ နောက်တော်ပါးအသီးသီးတွေရယ်၊ သူတို့ရဲ့အာဏာယန္တရားလို့ဆိုရမယ့် အာဏာပိုင်တွေ နဲ့ နိုင်ငံတော်လုံခြုံရေးဆိုပြီး ၀ါဒဖြန့်ချက်တွေရယ်က တိုက်ရိုက်သော်လည်းကောင်း တစ်ဖက်လှည့်နဲ့သော်လည်းကောင်း လုံးဝ ပါဝင်ပတ်သက်နေကြောင်း ဖော်ပြလို့နေပါတယ်။

13

မြန်မာပြည်အလယ်ပိုင်း မိတ္ထီလာမြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေက ဗုဒ္ဓဘာသာဝင်လူရမ်းကားတွေနဲ့ ရင်းရင်းနှီးနှီး ဖက်လှဲတကင်းရှိနေပြီး လုံလောက်တဲ့အချိန်တစ်ခုကို သဘောတူခဲ့တယ်၊ နှစ်ပေါင်း ၂၀၀ သက်တမ်းရှိတဲ့ မြို့ကျက်သရေဆောင် ဗလီကြီးကို ပိုင်ပိုင်နိုင်နိုင်ဖျက်ဆီးဖို့ မိနစ်သုံးဆယ် ခွင့်ပေးခဲ့တယ်ဆိုပြီး ခိုင်မာတဲ့ မှတ်တမ်းတစ်စောင်က ဆိုထားပါတယ်။  YouTube ဗီဒီယိုဖိုင်တစ်ခုထဲမှာ ပရမ်းပတာလုပ်ရပ်ကြီးထွားနေစဉ်မှာတောင်  လုံခြုံရေးအာဏာပိုင်တစ်စုက မွတ်စ်လင်မ်ဆန့်ကျင်ရေးလူရမ်းကားတစ်ချို့နဲ့ အတူတစ်ကွ ဆေးလိပ်မီးညှိသောက်ယင်း စကားဖောင်ဖွဲ့နေကြတဲ့ မြင်ကွင်းကို တွေ့ကြရပါလိမ့်မယ်။

စာရေးသူဟာ များမကြာမီက ကွာလာလမ်ပူကို ရောက်ခဲ့တယ်။ အဲ့ဒီခရီးစဉ်အတွင်း မိထ္ထီလာနဲ့မန္တလေးမှာရှိတဲ့ မြန်မာအသိုင်းအ၀ိုင်းများနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ သူတို့အဆိုအရ မန္တလေးကအာဏာပိုင်တွေရော မိတ္ထီလာခရိုင် တရားစီရင်ရေးဖက်ကရော မဒ်ရစာ(အစ္စလာမ်ဘာသာရေးကျောင်း)ကျေုာင်းသား ၂၀ နဲ့အထက်ကို နေ့ခင်းကြောင်တောင် ရည်ရွယ်ချက်ရှိရှိ လိုက်လံသုတ်သင် သတ်ဖြတ်မှုမှာ ၀င်ရောက် ကယ်တင်ခြင်းမပြုဘဲ လက်ရှောင်နေခဲ့ကြတယ်လို့ သိရတယ်။ လက်နက်ကိုင်ေ သွးဆူနေတဲ့ ဗုဒ္ဓဘာသာဝင် လူရမ်းကားလက်ကလွတ်စေဖို့ ကျောင်းသားလေးတွေကို နေရာအနှံ့လိုက်ဖွက်နေချိန် တစ်လျှောက်လုံး တုန်လှုပ်ချောက်ခြားနေတဲ့ မွတ်စ်လင်မ်ခေါင်းဆောင်များက ဒေသဆိုင်ရာနဲ့နိုင်ငံတော်အဆင့်အာဏာပိုင်တွေအထိ အကြောင်းကြားခဲ့ကြပါတယ်။

အာဏာပိုင်နဲ့စစ်ခေါင်းဆောင်တွေက စိတ်မသိုးမသန့်ပင်လျှင် မဖြစ်ဘဲ လျစ်လျူရှုခဲ့ကြတာ မျက်မြင်ထင်ရှားပါ။ ဒါပေမယ့် မြန်မာမွတ်စ်လင်မ်တွေအပေါ် လူမျိုးကြီးဝါဒီ ဗုဒ္ဓဘာသာဝင်တွေရဲ့ပေါက်ကွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ပြည်တွင်းနဲ့နိုင်ငံတကာသုံးသပ်သူများက “တစ်ဖက်သတ်အကြမ်းဖက်မှု” ကို “အပြန်အလှန်ပဋိပက္ခ” ဆိုပြီး တလွဲတချော် ဖော်ပြနေကြတယ်။ ဒီလိုပုံဖော်ချက်တွေက လူ့အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍကို အလွန်အကျွံ ပုံကြီးချဲ့ရာရောက်သွားစေပါတယ်။ ဗုဒ္ဓဘာသာဝင် လူရမ်းကားတို့ရဲ့ အုပ်စုဖွဲ့အကြမ်းဖက်မှုနဲ့လူမျိုးကြီးဝါဒအတွက် ယဉ်ကျေးမှု အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အားပေး အားမြှောက်ပြုရာရောက်သွားစေပါတယ်။

သေချာတဲ့အချက်ကတော့ မြန်မာနိုင်ငံလူ့အဖွဲ့အစည်းအသီးသီးအကြားမှာ တစ်ယူသန် အစွဲကြီးခြင်းက နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေတာပါဘဲ။ လူမျိုးရေးအခြေတည် အမျိုးသားစီးပွားရေး စံနစ်မျိုးဟာ ရှေးအစဉ်အဆက်အရရော လွတ်လပ်ရေးရပြီး ကာလများမှာပါ မြန်မာအမျိုးသားရေးဝါဒရဲ့မဏ္ဍိုင်တစ်ရပ်လို တည်ရှိနေခဲ့တာ ကြာပါပြီ။ Race – “လူမျိုး” နဲ့ Ethnicity – “လူ့အုပ်စု” ဆိုတာ အပြောင်းအလဲမရှိဘူး၊ သွေးပေါ်အခြေခံခွဲထုတ်ရမယ် ဆိုတဲ့ အသိတရားက နိမ့်ကျဆွေးမြေ့နေပြီ ဖြစ်ပေမယ့် ရေပန်းစား လို့နေတယ