အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : မြန်မာမွတ်စ်လင်မ်မီဒီယာ
ကြာသပတေးနေ့

၁၂ စက်တင်ဘာ ၂၀၁၃

၁၉:၃၀:၀၀
462595

မာဒေးကားပွဲတွင် မြန်မာအားကစားသမား စိုးကျော်ကျော်မှ အနိုင် သေချာစေသော ဂိုးသွင်းပြီး ဝတ်ပြုခဲ့

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန

စက်တင်ဘာလ ၁၁ ရက် ဗုဒ္ဓဟူးနေ့ ညနေပိုင်း မလေးရှား နိုင်ငံ မာဒေးကားကွင်းတွင် ကန်ခဲ့သော အသက် ၂၃ နှစ်အောက် ပွဲတွင် မြန်မာအသင်းက စင်္ကာပူ လူငယ် အသင်းအား ၂ ဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။

ပထမဂိုးအား အသင်းခေါင်းဆောင် ကျော်ကိုကို မှ သွင်းပေးခဲ့ပြီး ဒုတိယ ပွဲပြတ်ဂိုးအား မြန်မာအားကစားသမား ရှေ့တန်း တိုက်စစ်မှုး စိုးကျော်ကျော်မှ သွင်းပေးခဲ့ပါသည်

မန္တလေး ရတနာပုံ FC မှာ ကစားခဲ့ပြီး လက်ရှိ ဧရာဝတီ ယူနိုက်တက် အသင်းမှာ ကစားနေသော စိုးကျော်ကျော်သည် စင်္ကာပူနှင့် ကန်သောပွဲတွင် မြန်မာအသင်းအတွက် အနိုင်သေချာစေမည့် ဂိုးကို သွင်းယူ ပေးခဲ့ပြီးနောက် အစ္စလာမ် ဘာသာဝင်များ၏ ထုံးစံအတိုင်း အရှင်မြတ်အား ဦးချရိုးကျိုးမှု ပြုခဲ့ကြောင်း တွေ့ရပါသည်။

မြန်မာ့ အားကစားတွင် ဒီမိုကရေစီခေတ် အတွင်းက မြန်မာနိုင်ငံ အတွက် အိုလံပစ် ပွဲအထိ ရွှေတံဆိပ် စွပ်ခူးပေးသူများ တွင် လူမျိုးဘာသာ ပေါင်းစုံပါ ဝင်ခဲ့ကြပါသည်။

ယင်းအချိန်က မြန်မာ့အားကစား လက်ရွေးစင်များကြောင့် မြန်မာကို ကမ္ဘာက သိခဲ့ရသော်လည်း စစ်အစိုးရများ အဆက်ဆက် လက်ထက်တွင် အမျိုးသားရေး မှိုင်းတိုက်မှုများ နှင့် စစ်တပ်၏ မလျော် သြဇာသုံးမှု များကြောင့် မြန်မာအားကစားမှာ အနိမ့်ဆုံး အဆင့် ကျဆင်းခဲ့ ရပါသည်။

ယခု ခေတ်ပြောင်းတွင်း ယခုကဲ့သို့ ဘာသာခြားများ ဝင်ရောက် ယှဉ်ပြိုင်ရန် အခွင့် အလန်းများ ပြန်လည်ပေါ်ပေါက် လာခြင်းမှာ ကောင်းမွန်သော အလားအလာ တစ်ရပ်ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာအသင်းအနေဖြင့် ယခုပွဲ အနိုင်ရရှိခဲ့ခြင်းကြောင့် ဗိုလ်လုပွဲသို့ တက်ရန် အခွင့်အလမ်းရရှိခဲ့ကြောင်းသိရှိရပါသည်။

သတင်း – အောင်နိုင် (MMM)