အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm
ဗုဒ္ဓဟူးနေ့

၁၆ အောက်တိုဘာ ၂၀၁၃

၂၀:၃၀:၀၀
473064

အပြစ်များမှ ဝေးကွာစွာနေလိုပါသလား။

 

အေမာမ်ဟိုစိန်(အ.စ) ထံသို့ လူတယောက်သည် “ အို အလ္လာဟ်အရှင်မြတ်၏သတင်းပေးပို့သူ၏ သားတော် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အား အကြိမ်ကြိမ်နာခံခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ကျွန်ုပ်သည် ကျွန်ုပြုခဲ့သော အပြစ်များ မှ ကိုယ်တိုင် ကာကွယ်နိုင်စွမ်းမရှိချေ။သို့ဖြစ်ပါ၍ ကျွန်ုပ်အား ကျေးဇူးပြု၍အပြစ်များ မှ ဝေးကွာစွာနေနိုင်မည့် အကြံဥာဏ်ပေးသနားတော်မူပါ”ဟုပြောခဲ့ပါသည်။

 

အေမာမ်ဟိုစိန်(အ.စ) သည် အသင်အပြစ်များမှဝေးကွာစွာနေလို ပါသလား?

 

အချက်(၅)ချက်ကိုလုပ်ဆောင်ပါ။

 

အပြစ်သား။      ။ “ကျေးဇူးပြု၍ ထိုအချက်ငါးချက်အားပြောပြတော်မူပါ။”   

 

အေမာမ်(အ.စ):          “(၁) အလ္လာဟ်အရှင်မြတ်ဘက်ကလာသော အထောက်အပံ့များနှင့်အစာမစားပဲ နေနိုင်လျှင်

 

                             သင်ကြိုက်နှစ်သက်ရာကို လုပ်ပါ။”

 

အပြစ်သား။      ။ “စကြာဝဋ္ဌာတခုလုံးကိုပိုင်ဆိုင်သော အရှင်မြတ်၏အထောက်အပံ့နှင့်ကင်းကာ  

 

                                 မည်ကဲ့သို့စားသောက်နိုင်မည်နည်း။”

 

အေမာမ်(အ.စ):          “(၂) အလ္လာဟ်အရှင်မြတ်ဖန်ဆင်းတော်မူသောကမ္ဘာလောကကြီးမှ ထွက်ခွာနိုင်လျှင် ၊

 

                           သင်နှစ်သက်ရာကိုလုပ်ပါ။”

 

အပြစ်သား ။     ။“အို ယာအေမာမ်(အ.စ) ထိုအရာသည်ပိုမိုခက်ခဲသောအရာဖြစ်ပေသည်။ ကျွန်ုပ်  

 

                                ကမ္ဘာကြီးကထွက်ခွာရမည်ဆိုလျှင် မည်သည့်နေရာတွင် နေထိုင်နိုင်ပါမည်နည်း။

 

                                 အရာအားလုံးသည် အလ္လာဟ်အရှင်မြတ်ပိုင်ဆိုင်တော်မူသည်သာဖြစ်သည်။”

 

အေမာမ်(အ.စ):          “(၃) အလ္လာဟ်အရှင်မြတ် မမြင်နိုင်သောနေရာကိုရှာတွေ့နိုင်လျှင် အသင်နှစ်သက်ရာကို

 

                       ကိုလုပ်ဆောင်ပါ။”

 

အပြစ်သား။      ။ “ အို ယာအေမာမ်(အ.စ) အလ္လာဟ်အရှင်မြတ်ကို ပုန်းကွယ်၍ ရသော အရာ

 

                             မည်သည့်အရာမျှမရှိချေ။”

 

အေမာမ်(အ.စ): “ (၄) သေခြင်းတရား (မော့သ်) သင့်ဆီလာသောအခါ မော့သ်အား သင်ကိုယ်တိုင်မောင်းထုတ်နိုင်လျှင် သင်နှစ်သက်ရာကိုလုပ်ဆောင်ပါ။

 

                    (၅) အလ္လာဟ်အရှင်မြတ်အသင့်အားဂျဟန္နမ်(ငရဲဘုံ) သို့ပို့ဆောင်ခြင်းမှ သွေဖီနိုင်လျှင်

 

                       သင်ဆန္ဒရှိသည်များကိုကျူးလွန်နိုင်ပါသည်။” ဟူ၍ပြောကြားခဲ့ပါသည်။

 

ထိုအခါအပြစ်ကျူးလွန်သည်သည် “ အို အေမာမ်ဟိုစိန်(အ.စ) ! အရှင်မြတ် မနှစ်မြို့သော အနေအထားနှင့် ကျွန်ုပ် အား မည် ကဲ့သို့ရှာဖွေမည်နည်း”ဟုဆိုကာအပြစ်များမှ ဝေးကွာလိုလျှင် အလ္လာဟ်အရှင်မြတ်အမိန့်များအား လိုက်နာရ မည် ကိုကောင်းစွာနားလည်သဘောပေါက်သွားလေတော့သည်.။

 

 

 

အမှားပါလျှင်ဖြစ် ပြင်ဆင်ပေးပါရန်နှင့် အမှားအယွင်းအားသည်းခံပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။